ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်နဲ့ တရုတ်နယ်စပ်ဘက်မှာ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်က ရာနဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နမ့်ခမ်း ကျားဖြူ ပါတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။
ကချင်ပြည်နယ် မံစီမြို့နယ် မန်ဇန့်ကျေးရွာအနီး လွယ်ဟိုဆေတောင်ဘက်မှာ ဧပြီလ ၁၀ ရက် မနက် ၈ နာရီကနေ ညနေ ၂ နာရီကျော်ထိ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ရွာသားတွေ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ရွာသားတွေနဲ့ စကားပြောခဲ့ရတဲ့ ဦးစိုင်းဆိုင်ဝမ်းက ဆက်ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ့်ခမ်းနှင့် တရုတ်နယ်စပ်သို့ ရွာသားများ..
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1n7tIgU
Comments
Post a Comment