Skip to main content

အမေရိကန် ရေထွက်ကုန်ဈေးကွက် အတွေ့အကြုံများ ပြည်တွင်းလုပ်ငန်းရှင်များသို့ ဝေငှမည်...



အမေရိကန် ရေထွက်ကုန်ဈေးကွက် အတွေ့အကြုံများ ပြည်တွင်းလုပ်ငန်းရှင်များသို့ ဝေငှမည်



ရန်ကုန်၊ ဧပြီ ၃



မြန်မာ့ရေထွက်ကုန်များကို အနောက်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် အမေရိကန်နိုင်ငံ ရေထွက်ကုန် ဈေးကွက်ကို သွားရောက် လေ့လာခဲ့ကြသည့် အဖွဲ့က ၎င်းတို့၏ အတွေ့အကြုံများကို ပြည်တွင်းရေထွက်ပို့ကုန် လုပ်ငန်းရှင်များသို့ ပြန်လည် ဝေငှမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။



မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ လာမည့် ဧပြီလ ၅ ရက်နေ့တွင် အမေရိကန် ရေထွက်ကုန်ဈေးကွက် အတွေ့အကြုံများကို ပြန်လည် ဝေငှမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။



ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်း မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Boston Sea Food Show 2014 ပွဲသို့ သွားရောက်၍ အမေရိကန် ရေထွက်ကုန် ဈေးကွက် အခြေအနေကို လေ့လာခဲ့ကြောင်း အဆိုပါ လေ့လာမှုတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။



“ကျွန်တော်တို့ တွေ့ခဲ့၊ ကြုံခဲ့၊ လေ့လာခဲ့သမျှကို ဒီက ရေထွက်ပို့ကုန် လုပ်ငန်းရှင်တွေကို ပြန်ပြောပြမှာပါ။ အဓိကကတော့ အမေရိကန် ရေထွက်ကုန် ဈေးကွက် အခြေအနေပေါ့” ဟု ၎င်းကဆိုသည်။



အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်ပြီးနောက်ပိုင်း မြန်မာ့ရေထွက်ကုန် များကို ပထမဆုံးအကြိမ် Boston Sea Food Show 2014 ပွဲသို့ ဝင်ရောက်ပြသခဲ့ပြီး မြန်မာနိုင်ငံမှ ငါးမွေးမြူရေး လုပ်ငန်းရှင်များ၊ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် ရေထွက်ပို့ကုန် လုပ်ငန်းရှင်များအပြင် ကဏန်းပျော့ မွေးမြူရေး လုပ်ငန်းရှင်များလည်း သွားရောက် လေ့လာခဲ့ကြောင်း ရေထွက်ပို့ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။





from The Voice Weekly's Facebook Wall http://ift.tt/1mGNI9S

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...