Skip to main content

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်သည်အထိ ကွင်းတည်ဆောက်မှုများ ပြီးဆုံးရန်မရှိ အောင်ငြိမ...



ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်သည်အထိ ကွင်းတည်ဆောက်မှုများ ပြီးဆုံးရန်မရှိ



အောင်ငြိမ်းသွေး



ဘရာဇီး၊ ဧပြီ ၂၃



၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပရန် ရက်ပေါင်း ၅၀ သာကျန်ရှိတော့သော်လည်း အားကစားပြိုင်ကွင်းများတည်ဆောက်မှု အခြေအနေမှာ ယခုအချိန်အထိ အပြီးမသတ်နိုင်ခြင်းမရှိသေးပဲ အချိန်မလပ်ဆက်လက် လုပ်ကိုင်နေရဆဲဖြစ်သည်။



ဖီဖာ၏ အထွေထွေအမှုဆောင်အရာရှိချုပ် ဂျာရိုမီဗယ်ကီသည် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကစားမည့် ဆာအိုပေါ်လိုမြို့ရှိ Itaquerao ကွင်းကိုသွားရောက်စစ်ဆေးခဲ့ရာတွင် လုပ်ငန်းများစွာ ဆက်လက်လုပ်ကိုင်ရန်ကျန်ရှိနေသေးကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘရာဇီးနဲ့ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားမည့် အဖွင့်ပွဲစဉ်အမီ ကွင်းတည်ဆောက်မှုပြီးဆုံးရန်အတွက် အချိန်တစ်မိနစ်မျှကိုပင် အချိန်ဖြုန်း၍မရကြောင်း ဗယ်ကီက ပြောဆိုသွားခဲ့သည်။



ဗယ်ကီက “အချိန်တစ်မိနစ်ကိုတောင်မှ ကျွန်တော်တို့အချိန်ဖြုန်းလို့မရတော့ပါဘူး။ အလုပ်တွေအများကြီးလုပ်ကိုင်ဖို့ ကျန်ရှိနေပါသေးတယ်။ အချိန်ပြည့်အလုပ်လုပ်ဖို့လိုအပ်နေပါပြီ။ ဒီလောက်အခက်အခဲဖြစ်နေလို့ အဖွင့်ပွဲစဉ်ကျင်းပနိုင်ပါ့ မလားလို့မေးလာရင်တော့။ yes လို့ဖြေမှာပါ။ အခြားကွင်းတွေမှာကျင်းပမယ့် ပြိုင်ပွဲတွေကော အဆင်ပြေပါ့မလားဆိုရင်လည်း yes လို့ဖြေမှာပါ”ဟု ဆိုခဲ့သည်။



ထို့အပြင်ဗယ်ကီက ဖွင့်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေစေရန်နှင့် ကွင်းများအားလုံး စမ်းသပ်အသုံးပြုသည့်အချိန်တွင် အဆင်သင့်ဖြစ်နေစေရန် လာမည့်အပတ်၌ တင်းကြပ်သည့် အချိန်ဇယားများချမှတ်ပေးသွားမည်ဟုလည်း ဆိုခဲ့သည်။



ဖီဖာသည် Itaquerao ကွင်းကို တရားဝင်ပြိုင်ပွဲမကျင်းပမီ အစမ်းလေ့ကျင့်ပြင်ဆင်မှုအဖြစ် လာမည့်မေလအလယ်တွင် ဘရာဇီးပြည်တွင်းလိဂ်ပွဲစဉ်တစ်ပွဲကို ကစားစေမည်ဖြစ်သည်။ ထိုကဲ့သို့စီစဉ်ထားသော်လည်း Itaquerao ကွင်း၏ ထိုင်ခုံ ၇၀၀၀၀ မှာ ယခုအချိန်အထိ တပ်ဆင်ခြင်းမပြုရသေးပေ။



အခြားကွင်းနှစ်ကွင်းဖြစ်သည့် Arena da Baixada ကွင်းနှင့် Arena Pantanal ကွင်းတို့အတွက်လည်း စိုးရိမ်ပူပန်မိကြောင်း ဗယ်ကီကပြောဆိုခဲ့သေးသည်။ စပိန်နှင့်သြစတြေးလျတို့ပွဲစဉ်အပါအ၀င် အုပ်စုပွဲစဉ်လေးပွဲကျင်းပမည့် Arena da Baixada ကွင်းမှာလည်း ယခုအချိန်အထိ ထိုင်ခုံ နှစ်သောင်းခုနှစ်ထောင်သာ တပ်ဆင်ရသေးပြီး ထိုင်ခုံ ငါးထောင်တပ်ဆင်ရန်ကျန်ရှိနေသေးသည်။



ဖီဖာသည် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် အားကစားကွင်း ၁၂ ကွင်းကို ပြီးခဲ့သည့်နှစ်အကုန်က အပြီးတည်ဆောက်ရန် ညွှန်ကြားထားခဲ့သော်လည်း ကွန်ဖက်ဒရေးရှင်းဖလားကျင်းပခဲ့သည့် ကွင်း ၆ ကွင်းသာ အပြီးတည်ဆောက်နိုင်ခဲ့သည်။



ရည်ညွှန်း - စကိုင်းစပေါ့





from Mizzima - News in Burmese's Facebook Wall http://ift.tt/1hhOWYJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...