Skip to main content

တန်ခူးမိုး (ဆောင်းပါးရှင် - မြေလတ်ညိုလင်း) တန်ခူးလသည် မြန်မာ့ဆယ့်နှစ်လတွင် အဦ...



တန်ခူးမိုး



(ဆောင်းပါးရှင် - မြေလတ်ညိုလင်း)



တန်ခူးလသည် မြန်မာ့ဆယ့်နှစ်လတွင် အဦးအစ ပထမဆုံးလဖြစ်၍ နွေဥတု၌ပါဝင်သည်။ ဤလ၏အမည်ကို ပုဂံခေတ်ထိုးကျောက်စာတို့တွင် မျက်မှောက်ခေတ်ရေးထုံးနှင့်အညီ "တန်ခူး" ဟု ရေးထိုးခဲ့ကြပြီး တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်တို့တွင်လည်း အလားတူ "တန်ခူး" ဟုပင် ရေးသားသုံးနှုန်းခဲ့ကြသည်။ အင်းဝခေတ်တွင်မူ "တန်ခူး" ဟုလည်းကောင်း အသီးသီးရေးသား သုံးနှုန်းလာခဲ့ကြသည်ဟုဆိုသည်။



တန်ခူးလ၏အဓိပ္ပာယ်ကို ဝေါဟာရ လီနတ္ထဒီပနီတွင် "အထူးထူးသော အပွင့်အသီးတို့ဖြင့် ဆန်းကြယ်သည်၏အဖြစ်ကြောင့် လူတို့စိတ်နှလုံး၏ မွေ့လျော်ခြင်းကို ပြုတတ်၏။ ထို့ကြောင့် တန်ခူးလမည်၏" ဟု ဖွင့်ဆိုထားသည်။



မြန်မာ့ဆယ့်နှစ်လမိုးများအနက် တန်ခူးလတွင်ရွာသွန်းလေ့ရှိသော မိုးကို "တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး" ဟူသောဆိုရိုးစကားဖြင့် ရှေးသူဟောင်းတို့ အမှတ်အသားပြုခဲ့ကြပြီး ယင်း၏အဓိပ္ပာယ်ကို "တန်ခူးလတွင် ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး ရွာသွန်းစမြဲဖြစ်သည်" ဟု မြန်မာဆိုရိုးစကားတွင် ဖွင့်ဆိုထားသည်။



မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းတွင်မူ ယင်းဆိုရိုးစကားကိုပင် "တန်ခူးလတွင် ဖက်ဆွတ်ရေခေါ်သောရေသည် ဧရာဝတီမြစ်မှာ တိုးမြဲ၊ သင်္ကြန်ခေါ်သောမိုးသည် ရွာမြဲဆိုလိုသည်" ဟုဖွင့်ဆိုထားသည်။



ဖက်ဆွတ်မိုးကို မြန်မာအဘိဓာန်တွင် "တပေါင်းလအကုန် တန်ခူးလဆန်းတွင် သစ်ရွက်ရော်များကိုကြွေစေသောမိုး။ ဖက်ခြွေမိုး" ဟုဖွင့်ဆိုထားသည်။



ဖက်ဆွတ်မိုးနှင့်စပ်လျဉ်း၍ ဆရာမင်းသုဝဏ်က "တန်ခူးလတွင်ရွာသောမိုး တောအနှံ့တောင်အနှံ့ နွေဦးရာသီက ကြွေထားသော သစ်ရွက်ခြောက်တို့ကို တွန်းတိုက်စီးဆင်းရသဖြင့် နီသောအဆင်းရှိသည်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စသည်တို့တွင် စီးဆင်းသည်။ ဤရေကိုသောက်လျှင် ငှက်ဖျားဖြစ်တတ်သည်။ မသောက်ကောင်းဟု အယူရှိသည်" ဟုဖော်ပြခဲ့သည်။ ဖက်ဆွတ်ရေနှင့်စပ်လျဉ်း၍လည်း "ဖက်ဆွတ်ရေကိုပင် လောင်သင်းရေဟု ခေါ်ပြန်သေးသည်။ တပေါင်းလ၊ တန်ခူးလတွင် တောင်ယာအတွက် တောမီးများရှို့သောအခါ သစ်ပင်ကြီး သစ်ပင်ငယ် ချုံနွယ်ပိတ်ပေါင်းတို့ကို မီးလောင်ရသည်။ မြေဆီမြေလွှာလည်း မီးကျက်ရသည်။ ဤမီးလောင်ပြင်တွင် ရွာချ၍ စီးဆင်းရသော မိုးရေဖြစ်သဖြင့် လောင်သင်းရေဟု ခေါ်ခဲ့ကြပုံရသည်" ဟုဆက်လက်ဖော်ပြခဲ့သည်။



လောင်သင်းရေကို မြန်မာအဘိဓာန်တွင် "တောမီးလောင်ထားသောမြေကို မိုးဦးကာလ၌ တိုက်စားစီးဆင်းလာသည့် ပြာနံ့၊ မီးသွေးနံ့ပါရှိသောရေ" ဟုဖွင့်ဆိုထားသည်။



ဖက်ဆွတ်မိုး၊ ဖက်ခြွေမိုးတို့သည် တန်ခူးလတွင် ရွာသွန်းမြဲဖြစ်ကြောင်း မြန်မာဆိုရိုးစကားတွင် ဖော်ပြထားသော်လည်း ယင်းမိုးများသည် တပေါင်းလတွင်လည်း အခါအားလျော်စွာ ရွာသွန်းတတ်ကြောင်း ရာသီဘွဲ့အထောက်အထားများအရ သိရှိရသည်။ ဖက်ဆွတ်မိုး၊ ဖက်ခြွေမိုးတို့နှင့်စပ်လျဉ်း၍ စာဆိုတော် ရှင်ဥတ္တမကျော်ဆို ၀သန်ဟေမချီ တောလားရတု တတိယပိုဒ်တွင် "သောင်သိမ်ငွေဥ၊ သဲဗွေနုနှင့်၊ ၀တ်စုညွန့်ချီ၊ သရဖီမူ၊ ကြိုင်ဆီလှိုင်သတ်၊ ရေဖက်ဆွတ်တည့်၊ ခြွေလွတ်ဆောစွာ၊ သည်ချိန်ခါကို၊ သောတာပန်မည်၊ မဟာထေရ်တို့၊ မကြည်နိုင်အောင်၊ ခိုးမြူမှောင်ခဲ့" စသည်ဖြင့်လည်းကောင်း၊ မြတ်သယမ္ဘူချီတောလားရတု ဆဋ္ဌမပိုဒ်တွင် "မြိုင်ခြေအပြင်၊ စုံတစ်ခွင်က၊ ရွက်ကျင်ခွေကျိုး၊ ဖက်ခြွေမိုးမူ၊ ရေရိုးယူဆောင်၊ မိန်တန်ဆောင်မှ၊ ပလောင်တောင်သ၊ ချိန်တမျှကို" စသည်ဖြင့်လည်းကောင်း အသီးသီးဖွဲ့ဆိုထားသည်။



ထို့ပြင် ဖက်ဆွတ်ရေ၊ လောင်သင်းရေတို့နှင့် စပ်လျဉ်း၍ စာဆိုတော်ဖိုးသူတော် ဦးမင်းဆိုမိန်အပိုင်းပေမို့ချီ တပေါင်းလဘွဲ့ လေးချိုးတတိယအပိုဒ်တွင် "ကြည်ရေသွန်းငယ်၊ တံခွန်ဒီးဒီး၊ ဖက်ဆွတ်ကယ်စီးလို့၊ တောင်ကြီးသုတ်သင်၊ ရေတစ်ပြင်လည်း" စသည်ဖြင့်လည်းကောင်း၊ စာဆိုတော် လူဦးမင်းဆို မိန်ရတုပေမို့ တပေါင်းလဘွဲ့လေးချိုး တတိယအပိုဒ်တွင် "ရွက်ကျင်ငယ်ကြွေသည်၊ ရေလယ်ဖက်ကူး၊ ဂင်္ဂါရူးလည်း၊ အထူးတောင်သ၊ မီးရောင်ပြနှင့်၊ လှသန္တာငုံ၊ စုံရဂုံမှာ၊ အထုံအသင်း၊ မံဝတ်ရည်သွင်းချိန်မှ" စသည်ဖြင့်လည်းကောင်း၊ စုံတစ်ဖွဲ့မှာလချီ တန်ခူးလဘွဲ့ လေးချိုးစတုတ္ထပိုဒ်တွင် "ယဉ်ပေါင်းချီစွ၊ နဒီကလည်း၊ သဲစသောင်ခြေ၊ လောင်သင်းရေနှင့်၊ ငှက်ဆွေစုံလှယ်၊ မောင်ချင်းမယ်တို့၊ သွယ်သွယ်မူနည်၊ ပူပွဲစည်အောင်" စသည်ဖြင့်လည်းကောင်း အသီးသီးဖွဲ့ဆိုထားကြသည်။



ထိုမှတစ်ပါး တန်ခူးမိုးနှင့်စပ်လျဉ်း၍ စာဆိုတော်မယ်ခွေဆို နေနတ်ကယ်မှ ရာဇာလေချီ တန်ခူးလဘွဲ့ အဲချင်းတတိယပိုဒ်တွင် "ရဂုံမြိုင်ပြား၊ တောတစ်လွှားလည်း၊ ငှက်ခါးတောင်လို၊ ပူအောင်မယ့်ကိုယ်၊ မိုးကြီးတစ်ဖွဲ့၊ လေတစ်လှည့်နှင့်၊ တစ်ဆယ့်ခြောက်တိုင်း၊ မပြတ်ကယ်ဆိုင်းလို့၊ မှိုင်းမှိုင်းငယ်ညိုသည်" စသည်ဖြင့် ဖွဲ့ဆိုထားသည်။

from Eleven Media Group's Facebook Wall http://ift.tt/1klNk3q

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...