Skip to main content

ရတနာများခိုးယူ သွားသူ ပါကစ္စတန်နိုင်ငံသား(၂)ဦးကို စစ်ဆေးရာမှ အခြားခိုးမှုများ ထပ်မံပေါ်





ရန်ကုန်၊ ဧပြီ ၁၂

၉.၄.၂၀၁၄ရက်နေ့ ၁၀၃၀အချိန် ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်၊ ပြည်လမ်း နှင့် ကျွန်းတောလမ်းကြား Junction Square စင်တာရှိ Rose Mary စိန်ရွှေရတနာဆိုင်သို့ နိုင်ငံခြားသားဟု ယူဆရသော ကုလားအမျိုးသား(၂)ဦး ရောက်ရှိလာပြီး စိန်ထည်ပစ္စည်းများ ကြည့်ရှုကာ မ၀ယ်ဘဲ ပြန်ထွက်သွား ခဲ့ပြီးနောက် အသဲပုံစိန်လော့ကတ်(၁)ခု၊ ကာလတန်ဘိုးငွေကျပ် (၁၁၈၀၀၀၀၀)နှင့် မိုးစက်ပုံစိန်လော့ကတ် (၁)ခု၊ ကာလတန်ဘိုးငွေကျပ် (၉၆၃၀၀၀၀)ခန့်တို့ ခိုးယူခံခဲ့ရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ရာ ၁၀.၄.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ

လေဆိပ်ပူးပေါင်းအဖွဲ့တို့ သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ အမှုမှတရားခံများဖြစ်သည့် ပါကစ္စတန်နိုင်ငံသား Mr.Ali Asifi နှင့် Mr. Hussain Baqir တို့(၂)ဦးအားတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ အမှုမှပါဆုံးပစ္စည်းများ ဖြစ်သော အသဲပုံစိန်လော့ကတ်(၁)ခုနှင့် မိုးစက်ပုံစိန်လော့ကတ် (၁)ခုတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အမှုဖြင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ပါကစ္စတန်နိုင်ငံသား (၂)ဦးအား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းတို့သည် ၄.၄.၂၀၁၄ရက်နေ့ ၀၈၃၀ အချိန်တွင် ပါကစ္စတန်နိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ပုဇွန်တောင်မြို့နယ်ရှိ YOMAဟိုတယ်တွင် တည်းခိုနေထိုင် ခဲ့ကြကြောင်း၊ ရန်ကုန်မြို့ရှိ မိတ်ဆွေဖြစ်သူ ဦးလှဦး(ခ)မာမက်ရှဖစ်နှင့် ဆက်သွယ်၍ အငှားယာဉ်တစ်စီးအား တစ်ရက်လျှင်(၁)သိန်းကျပ်ဖြင့် ငှားရမ်းကာယင်းနေ့ညပိုင်းအချိန်တွင် ဦးလှဦး (ခ)မာမက်ရှဖစ်၊ ယာဉ်မောင်း ရဲမြင့်ဝင်း(ခ)ရဖစ်တို့နှင့်အတူ မန္တလေးမြို့သို့ထွက်ခွာခဲ့ကြောင်း၊ ၅.၄.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် ပျဉ်းမနားမြို့သို့ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့မ ဈေးရှေ့တွင် ကားအားရပ်ခိုင်းထားခဲ့ကာ ၎င်းတို့(၂)ဦးမှ ဈေးအတွင်းရှိ ရွှေဆိုင်(၁)ဆိုင်သို့ဝင်ရောက်၍ ရွှေဝယ် ဟန်ဆောင်ပြီး ရွှေဆွဲကြိုး(၆)ကုံး၊ စုစုပေါင်းအလေးချိန်(၄)ကျပ်(၁၀)ပဲသားခန့်ကိုခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပျဉ်မနားမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။


၅.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် မန္တလေးမြို့သို့ရောက်ရှိခဲ့ပြီး စံပယ်ဖြူ ဟိုတယ်တွင်ညအိပ် တည်းခိုးခဲ့ကြောင်း၊ ၆.၄.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်တွင်၎င်းတို့(၄)ဦးအတူ ဟိုတယ်မှထွက်ခွါခဲ့ပြီး မန္တလေးမြို့၊ ကျောက်သပိတ် ဈေးရှေ့တွင်ကားရပ်ခိုင်းခဲ့ကာ အဆိုပါပါကစ္စတန်နိုင်ငံသား(၂)ဦးမှ ဈေးအတွင်းရှိ ရွှေဆိုင်(၁)ဆိုင်သို့သွားရောက်၍ ရွှေဝယ်ဟန်ဆောင်ပြီး ရွှေထည်လက်ဝတ်ရတနာမျိုးစုံ (၅၈)မျိုး၊ စုစုပေါင်းအလေးချိန် (၈)ကျပ်(၂)ပဲ၊ (၄)ရွေးသားခန့်အားခိုးယူခဲ့ကြောင်း၊ ဆက်လက်၍ ရတနာပုံဈေးသို့ သွားရောက်ခဲ့ပြီးဈေးရှေ့တွင်ကားရပ်ခိုင်းခဲ့ကာ ပါကစ္စတန်နိုင်ငံသား(၂)ဦးမှ ဈေးအတွင်းရှိ ရွှေဆိုင်သို့ဝင်ရောက်၍ ရွှေဝယ်ဟန်ဆောင်ကာ ရွှေလက် ကောက်(၄)ကွင်း၊ စုစုပေါင်း အလေးချိန်(၁)ကျပ်၊ (၁၀)ပဲ၊ (၃)ရွေးသားခန့်ကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


ထိုသို့ စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့ထံမှ သက်သေခံရွှေထည် ရတနာပစ္စည်းများအား သိမ်းဆည်းကာ အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police












from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qqVuXz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...