Skip to main content

ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းမှု ဟောပြောပွဲ ဘီးလင်းမြို့တွင် ကျင်းပမည...



ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းမှု ဟောပြောပွဲ ဘီးလင်းမြို့တွင် ကျင်းပမည်



မော်လမြိုင်၊ ဧပြီ ၃



ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တူးဖော်ထားသည့် ရှေးဟောင်းမြို့ရိုးများနှင့် ရှေးဟောင်း ဘာသာရေး အဆောက်အအုံ ကုန်းများတည်ရှိရာ ဝင်းကကျေးရွာ၌ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ ထိန်းသိမ်းရေး ဟောပြောပွဲကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။



ယင်းအခမ်းအနားတွင် သုဝဏ္ဏဘူမိနှင့် ပတ်သက်သည့် ပထဝီအမြင်များကို မော်လမြိုင်တက္ကသိုလ် ပထဝီဝင် ပါမောက္ခ ဒေါက်တာကြင်စွမ်က ရှင်းပြမည်ဖြစ်ပြီး၊ သုဝဏ္ဏဘူမိ၏ သမိုင်းကြောင်းများကို သမိုင်းသုတေသန လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက ဟောပြောမည် ဖြစ်ကြောင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ၎င်းတို့ တူးဖော်ထားသော မြို့ဟောင်းများမှ တွေ့ရှိချက်များကို ရှင်းပြ ဟောပြောမည်ဟု ၎င်းက ပြောဆိုသည်။



ဝင်းက ရှေးမြို့ဟောင်း တူးဖော်မှုများမှ ရရှိထားသည့် ရှေးဟောင်းပစ္စည်းများကို ဟောပြောပွဲ အခမ်းအနားတွင် ပြသထားမည့် အပြင် လွန်ခဲ့သည့် ကာလများက ဂဝံခြင်္သေ့ရုပ်နှင့် မြေမီးဖုတ် အုတ်ခွက်များကို ပြတိုက်သို့ အပ်နှံပေးသော ဝင်းကဒေသခံများနှင့် ရှေးမြို့ဟောင်းများကို တူးဖော်ခွင့် ပြုခဲ့သည့် မြို့ဟောင်းရှိရာ ခြံပိုင်ရှင် ကျေးရွာသားများကိုလည်း ဂုဏ်ပြုမှတ်တမ်းများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်မည် ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ရှင်းပြသည်။



“ကျွန်တော်တို့မှာ စဉ်းစားထားတာတော့ ရှိတာပေါ့ဗျာ၊ အချို့ပစ္စည်းတွေက တူးဖော်တဲ့ ဒေသမှာပဲ ထားဖို့ ကောင်းတာပေါ့လေ၊ ပြည်ထောင်စုအစိုးရနဲ့လည်း ဆိုင်တာပေါ့၊ ဒီတူးဖော်တွေ့ရှိမှု အားလုံးကို ပြတိုက်ကြီးအနေနဲ့ ပြထားသင့်တယ်၊ ဒါကတော့ အများကြီး လုပ်ရဦးမယ်။ နောက်တစ်ခုက ကျွန်တော်တို့ တူးလိုက်တဲ့ ကုန်းသုံးခုရဲ့ ခြံပိုင်ရှင်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးတယ်ဆိုတဲ့ သဘောက သူတို့ ပူးပေါင်း ပါဝင်မှု ရှိလို့ တူးလို့ရတာပေါ့၊ ဥပဒေအရ သိမ်းလို့ ရပေမယ့် သိမ်းလို့ ဘယ်ကောင်းမလဲ” ဟု မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ယင်းဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောဆိုသည်။



ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အထောက်အထားများနှင့် အမွေအနှစ်များသည် မွန်ပြည်နယ် ဆယ်မြို့နယ်လုံးတွင် ကျန်ရှိနေပြီး၊ အဆိုပါ ယဉ်ကျေးမှုဆိုင်ရာများကို ထိန်းသိမ်းနိုင်မှုများ မရှိသေးခြင်းအပေါ် ပြည်နယ်အစိုးရအနေနှင့် ယဉ်ကျေးမှုဆိုင်ရာ

ထိန်းသိမ်းမှု ဖောင်ဒေးရှင်း အဖွဲ့အစည်းများ ဖွဲ့စည်းပေးသင့်ကြောင်းနှင့် ယင်းဖောင်ဒေးရှင်း အဖွဲ့များရှိမှသာ ပြည်တွင်း၊ ပြည်ပ ပညာရှင်များကို ချိတ်ဆက်နိုင်မည် ဖြစ်ပြီး၊ ရှေးမြို့ဟောင်းများ တူးဖော်ရန် လိုအပ်သည့် ငွေကြေး အထောက်အပံ့အတွက် အလှူရှင်များကိုလည်း ရှာဖွေနိုင်မည် ဖြစ်ကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေးဟောင်းအမွေအနှစ်များ ရှာဖွေ၊ ဖော်ထုတ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဦးက ပြောကြားသည်။



ဘီးလင်းမြို့နယ် ဝင်းကကျေးရွာရှိ ရှေးမြို့ရိုးဟောင်းနှင့် အရပ်သမ ကျေးရွာရှိ ရှေးဟောင်း ဘာသာရေး အဆောက်အအုံ ကုန်းနေရာများကို တူးဖော်ရန် အတွက် ၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရက ငွေကျပ် သိန်း ၂၀၀ ထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းမှ တောင်ဘက် သံလွင်မြစ်ဝထိ သုဝဏ္ဏဘူမိ တည်နေရာ ဖြစ်ကြောင်းနှင့် ဇုတ်ကလိ၊ ဇုတ်သုတ်၊ မုသင်း၊ တိုက်ကုလား၊ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်ခြေ ပတ်ဝန်းကျင်များသည် ဒုတိယ သုဝဏ္ဏဘူမိ မြို့တော်နေရာဖြစ်ကြောင်းဟု မွန်တိုင်းရင်းသားများက ယုံကြည်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1haKa0e

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...