နေပြည်တော် ဧပြီ ၁၆
နေပြည်တော်၊ တိုင်းဒေသကြီး။ပြည်နယ်အားလုံးတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ မဟာသင်္ကြန် အကြတ်နေ့၌ သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်းဖြစ်ပွားမှုများမှာ လူသတ်မှု(၃)မှု (သေဆုံး ၃ ဦး ၊ ဒဏ်ရာရ ၅ ဦး)၊ မုဒိမ်းမှု(၂)မှု၊ ယာဉ်မတော်တဆမှု(၇)မှု (သေဆုံး ၂ ဦး၊ ဒဏ်ရာရ ၁၂ ဦး)၊ ခိုက်ရန်ဖြစ်ပွားမှု(၃၀)မှု ( ဒဏ်ရာရ ၅၁ ဦး)၊ ၀တ္တရားနှောင့်ယှက်မှု(၁)မှု (ဒဏ်ရာရ ၂ ဦး)၊ ခါးပိုက်နှိုက်မှု(၆)မှု၊ လက်နက်ကိုင်ဆောင်မှု(၂)မှု၊ သေမှု သေခင်း(၂)မှု (သေဆုံး ၂ ဦး)၊ ကာအိနြေ္ဒဖျက်ဆီးမှု(၃)မှု၊ အခြားအမှု(၄)မှု၊ စုစုပေါင်း(၆၀)မှုဖြစ်ပွားခဲ့ပြီး သေဆုံး(၇)ဦး၊ ဒဏ်ရာရ (၇၀)ဦး ရှိခဲ့ပါသည်။ ဧပြီလ ၁၃ ရက် နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ မဟာသင်္ကြန် ကာလတွင် လူသတ်မှု(၄)မှု၊ ( သေဆုံး၎ ဦး ၊ ဒဏ်ရာရ ၅ ဦး)၊ မုဒိမ်းမှု(၂)မှု၊ ယာဉ်မတော်တဆမှု(၁၆)မှု ( သေဆုံး ၄ ဦး၊ ဒဏ်ရာရ ၃၈ ဦး)၊ ခိုက်ရန်ဖြစ်ပွားမှု(၃၃)မှု (ဒဏ်ရာရ ၅၇ ဦး)၊ တာဝန်ဝတ္တရားနှောက်ယှက်မှု(၂)မှု (ဒဏ်ရာရ (၂)ဦး)၊ မိန်းကလေး ကာအိနြေ္ဒဖျက်ဆီးမှု(၄)မှု၊ လက်နက်ကိုင်ဆောင်မှု(၈)မှု၊ ခိုးမှု။ ခါးပိုက်နှိုက်မှု(၂၆)မှု၊ မူးယစ်ရမ်းကားမှု(၁၃)မှု၊ အခြားအမှု(၄)မှု၊ သေမှုသေခင်း(၄)မှု (သေဆုံး ၅ ဦး)၊ စုစုပေါင်း(၁၁၆)မှု ဖြစ်ပွားပြီး သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရ ၁၀၂ ဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
MOI Webportal Myanmar
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p9XxC5
Comments
Post a Comment