Skip to main content

မန္တလေး ဗဟိုအကျဉ်းထောင်တွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်ရာမှ မောင်ကိန်းရွှေဆိုင်...



မန္တလေး ဗဟိုအကျဉ်းထောင်တွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်ရာမှ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် အကျဉ်းသား သုံးဦးသေ



မန္တလေး၊ ဧပြီ ၂၀



မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။



ယင်းနေ့ နံနက် ၁၀ နာရီက သေဆုံးနေသော အကျဉ်းသား နှစ်ဦးနှင့် မူးဝေအော့အန်သူ လေးဦးသည် အကျဉ်းထောင် ဆေးရုံသို့ ရောက်ရှိလာပြီး နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့တွင် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။



“ထောင်ထဲမှာ အနာတရဖြစ်ရင် သုံးဖို့အတွက် အရက်ပျံ ဆောင်ထားတာ နေမှာ။ ထောင်ထဲမှာ မသုံးရဘူးလေ။ အဲ့ဒီတော့ ဘေးကို လွှင့်ပစ်ရင်လည်း အနံ့ထွက်မှာ စိုးလို့ဆိုပြီး အရက်ပျံနဲ့ လျက်ဆား ရောသောက်တယ်၊ ရင်ထဲမှာ ပူလာလို့ အချိုရည်သောက်တာ မူးဝေအော့အန်ပြီး ဆေးရုံရောက်လာတာ၊ အချိုရည်ကိုလည်း ဓာတ်ခွဲ စစ်ဆေးနေတယ်။ ကျန်တဲ့သူတွေကတော့ သက်သာတယ်။ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေဆဲပဲ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။



ယင်းကဲ့သို့ အကျဉ်းထောင်ထဲတွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်မှုကြောင့် မောင်ကိန်းရွှေဆိုင် လက်နက်ကိုင် ဓားပြတိုက်မှုဖြင့် အမှုရင်ဆိုင်နေသည့် ဦးအားရှန်၊ မူးယစ်ဆေးဝါး အမှုဖြင့် ထောင် ၁၀ နှစ် ကျခံနေရသည့် ကျော်ဝင်းလှိုင်တို့သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံနေသည့် ဦးစိုးနိုင်သည် ဧပြီလ ၁၄ ရက်နေ့တွင် အစာအိမ် အဆိပ်သင့် ရောဂါဖြင့် ထပ်မံ သေဆုံးသွားခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။



“အရက်ပြန်က သောက်လို့ မရဘူး၊ နည်းနည်းလေး သောက်ရင်တော့ ဘာမှမဖြစ်ဘူး၊ များသွားရင် သေတယ်၊ သောက်တဲ့ ပမာဏပေါ်မှာ မူတည်တယ်၊ တချို့လည်း လျက်ဆားနဲ့ ရောသောက်တာတွေ ရှိတယ်” ဟု မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။



အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေအမှတ် ၂ ရဲတပ်ဖွဲ့စခန်းနှင့် ချမ်းအေးသာစံမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတို့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1h2zAqQ

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3