မန္တလေး တိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ်၏ မြောက်ဘက် ဆီမီးခုံ ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် (၁၀.၄.၂၀၁၄) ရက်နေ့ ည (၇) နာရီအချိန်က လေပြင်း မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဆီမီးခုံ ကျေးရွာရှိ ရွှေစည်းခုံ စေတီတော်၏ ထီးတော်ယိုင်ခြင်း၊ ဘုန်းတော်ကြီးကျောင်း ဇရပ်တစ်လုံး ပြိုကျခြင်း၊ ကုလား ကျေးရွာရှိ ကျောက်ဘုရား စေတီတော် ခါးပိုင်းကျိုးကျ ပျက်စီးခြင်း၊ အာရုဏ်ခံ တန်ဆောင်း ပြိုကျခြင်း၊ ဆီမီးခုံကျေးရွာ၊ ကုလားကျေးရွာ၊ လှိုင်းတက် ကျေးရွာ၊ ငါ့နန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ မြစ်သာ ကျေးရွာများ၏ ပျက်စီးမှုများမှာ အိမ်ပေါင်း (၂၆)လုံး ပြိုကျခြင်းနှင့် အိမ်ပေါင်း (၁၇၅) လုံး အမိုးများ လန်ထွက်ခြင်း ဖြစ်ပွားခဲ့သည်။ ၎င်းအပြင် ဆီမီးခုံ မြစ်ရေတင် အပိုင်း(၁)နှင့် အပိုင်း(၂) ကို သွယ်တန်း ထားသော ဓါတ်တိုင် (၃၄) တိုင် ကျိုးကျ ပျက်စီးခဲ့သည်။
လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုရားစေတီများနှင့် အိမ်များ ပြိုကျပျက်စီး - သစ်ထ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1gmQXSO
Comments
Post a Comment