Skip to main content

အလုံလမ်း၌ နှစ်ထပ်တိုက်ဟောင်း ပြိုကျရာမှ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ရန်ကုန်၊ ဧပြီ ၂...



အလုံလမ်း၌ နှစ်ထပ်တိုက်ဟောင်း ပြိုကျရာမှ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ



ရန်ကုန်၊ ဧပြီ ၂၆



အလုံမြို့နယ် ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ ဖြိုဖျက်နေသော နှစ်ထပ်တိုက်တစ်လုံးမှာ ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခန့်က ပြိုကျရာမှ အမျိုးသားနှစ်ဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။



အဆိုပါ ပြိုကျခဲ့သော နှစ်ထပ်တိုက် အဆောက်အအုံအဟောင်းကို ကန်ထရိုက် ငှားရမ်းပြီး အလုပ်သမား ငါးဦးဖြင့် ဖြိုဖျက်ရာမှ တိုက်အိမ် အရှေ့ဘက်ခြမ်းရှိ ပထမထပ်မှ ၁၅ လက်မခန့် ထုထည်ရှိသော အုတ်နံရံအချပ်လိုက် ပြိုကျစဉ် ယင်းအထပ်၌ တိုက်ဖြိုနေသော အလုပ်သမား သုံးဦးမှာ အုတ်နံရံများနှင့်အတူ ပြုတ်ကျခဲ့ပြီး နှစ်ဦးမှာ အုတ်နံရံများ ပိကာ သေဆုံးခဲ့ကြောင်း၊ အသက် ၂၀ အရွယ်ရှိ ကိုကျော်ဇင်ထွေး (ခ) အောင်လေးမှာ ဖြိုဖျက်နေသော တိုက်အိမ်အတွင်းသို့ လွင့်စင်ကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ယင်းလမ်းသွယ်အတွင်း နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။



“ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်တော့ ကောင်လေးတစ်ယောက်က ပြိုထားတဲ့ တိုက်အထဲမှာ ဒဏ်ရာတွေနဲ့ ပက်လက်လန်နေတာ။ အလုပ်သမားခေါင်းဆောင် အမျိုးသမီးက သူ့ကို တက္ကစီနဲ့ ဆေးရုံခေါ်သွားတယ်။ မီးသတ်တွေ ရောက်လာပြီး ပြိုကျတဲ့ အုတ်နံရံတွေကို လှန်ရှာတော့ အလုပ်သမားနှစ်ယောက် အုတ်ခဲပုံတွေကြားမှာ သေနေပြီ” ဟု ၎င်းက ရှင်းပြသည်။



ပြိုကျခဲ့သော နှစ်ထပ်တိုက် အဆောက်အအုံ မြေနေရာတွင် ရှစ်ထပ်တိုက် ဆောက်လုပ်ရန် တစ်ကောင်ဘွား ဆောက်လုပ်ရေးကုမ္ပဏီကို အပ်နှံထားပြီး ဇန်နဝါရီမှ စတင်ကာ ဖြိုဖျက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပထမထပ်ရှိ ရှေ့ဘက်မျက်နှာစာနှင့် မြေညီထပ်သာ ကျန်ရှိချိန်တွင် ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။



“တိုက်ဖျက်တာ နည်းစနစ် မမှန်တာရယ်၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေအတွက် အသက်အန္တရာယ် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းမျိုးတွေ အသုံးမပြုတာကြောင့် ယခုလို အသက်ဆုံးရှုံးမှုတွေ ဖြစ်ရတာ” ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောဆိုသည်။



ယင်းနှစ်ထပ်တိုက် အဆောက်အအုံ ပြိုကျမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးခဲ့သော အသက် ၂၆ နှစ် အရွယ် ကိုချစ်စန်းမောင်နှင့် အသက် ၁၇ နှစ်အရွယ်ရှိ ကိုအောင်နိုင်ဖြိုးတို့၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း၊ တိုက်ပြိုကျကာ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ဖွင့်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အလုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။





from The Voice Weekly's Facebook Wall http://ift.tt/1rubLJR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...