Skip to main content

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား





ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်မှာ အစိုးရတပ် တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ KIA တပ်ဖွဲ့ တပ်မဟာ (၃) တပ်တွေ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ခုလိုတိုက်ပွဲဖြစ်ပွားရတာဟာ ဧပြီလ ၁၃ရက်နေ့က အစိုးရတပ် ခမရ ၂၇၆ ရဲ့ စစ်ကားတစ်စီးကို KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာလို့ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။


" မိုးမောက်မှာ သင်္ကြန်အကြိုနေ့က တပ်ကို ကားမိုင်းခွဲလိုက်တယ် အဲ့ဟာလိုက်ရှင်းနေတာ၊ ရှင်းနေတုံးပဲ အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲပဲ၊ လွယ်ဂျယ်- ဗန်မော်လမ်းကြီးပေါ်မှာ မိုင်းခွဲလိုက်တာလေ ကားတစ်စီး မီးလောင်သွားတယ်လေ၊ တပ်သွားချိန်တာလေ၊ မိုးမိတ်ရွာတက် ၂၇၆ အဲ့တက်ကနေပြီးတော့ စိန်လုံမှာ သွားချိန်းမှာ သွားချိန်းမယ့်ဟာကို ဗန်မော်- လွယ်ဂျယ်လမ်းပေါ်မှာတင် မိုးမောက်အထွက်ပဲရှိသေးတယ် အဲ့ဒါကို မိုင်းခွဲလိုက်တာ မိုင်းခွဲတော့ အဲ့ဒါနယ်မြေကို ဝင်ရှင်းနေတာ၊ လမ်းပေါ်မှာ ကားမိုင်းခွဲတာနဲ့ ပတ်သက်ပြီးတော့ ရှင်းတဲ့ သဘောပါပဲ၊ အခြေအနေက ရှင်းတော့မရှိတော့ဘူးဆို ပြန်ထွက်လာမှာပါပဲ"


အဲ့ဒီလိုတိုက်ခိုက်မှုမှာ အစိုးရတပ်မတော်သားတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။


မိုးမောက်မြို့ရဲ့အရှေ့ဘက် ၅ မိုင်ကျော်အကွာ KIA တပ်မဟာ ၃ လက်အောင်ခံတပ်ရင်း ၁ နဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေအကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် KIA ဘက်က နေရာယူထားတဲ့ နန်ဆိုင်းနဲ့ ကျရီကျေးရွာတွေကနေ တပ်ဖွဲ့တွေ ဆုတ်ခွာပေးထားရပါတယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ခုလိုပြောပါတယ်။


" မနေ့ကတော့ နေ့လည်ပိုင်းအထိ KIO တပ်မဟာ ၃ ဒေသ တပ်မ ၉၉ ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာမျိုး မနေ့က နေ့လည်ပိုင်းအထိ ပစ်ကျတယ်ခင်ဗျ၊ တစ်ပတ်ရှိသွားပြီပေါ့ဗျာ၊ အင်အားကတော့ တပ်ရင်း ၄ ရင်းရှိတယ်၊ နောက်တော့ လက်နက်ကြီးနဲ့ နေရာ ၃ နေရာကနေပြီးတော့ ၁၀၅ မမ ရယ် ၁၁၀ မမ ရယ်၊ နောက်ပြီးတော့ ၈၁ မမ တို့ အဲ့ဒီလို ပစ်ပေးတယ်ဆိုတော့၊ ကျွန်တော်တို့ဘက်က အချိန်ကြာကြာ ခုခံဖို့က မလွယ်ဘူးခင်ဗျ၊ အဲ့ဒါကြောင့်မို့ ဆုတ်ပေးတာ"


ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က နှစ်ဘက် တပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်း မကြားရပေမယ့် အပြန်အလှန်ပစ်ခတ်မှုတွေရှိတာကို သိထားကြောင်း ပြောပါတယ်။


RFA Burmese







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1lg4pME

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3