Skip to main content

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်အား ဧပြီ ၂၃ ရက်တွင် စတင်ပြုလုပ်မည...



ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်အား ဧပြီ ၂၃ ရက်တွင် စတင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးမှသာ အတည်ပြုနိုင်မည်



ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်အား ဧပြီ ၂၃ ရက်တွင် စတင်ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။



၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်အား ဘဏ္ဍာနှစ် မစတင်မီအတည်ပြုရမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဧပြီ ၂၃ ရက်တွင် စတင်ပြုလုပ်မည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခြင်း ဖြစ်သည်။



“ပြဋ္ဌာန်းတဲ့ ဘတ်ဂျက်ဥပဒေက ဧပြီ ၁ ရက်ကစပြီး အကျိုးသက်ရောက်မယ်လို့ ဥပဒေကြမ်းရေးထားတာ။ ဒါပေမဲ့ လွှတ်တော်တောင် မလုပ်ရသေးဘူးဆိုတဲ့ အခါကျတော့ ဥပဒေက နောက်ကြောင်းပြန်ပြီး သက်ရောက်ရမလို ဖြစ်နေတယ်။

အဲဒီလို ဖြစ်လို့မရဘူး။ ဧပြီ ၂၃ ရက်မှာ တင်သွင်းမယ်ဆိုရင် ဥပမာ အဲဒါကို လကုန်လောက်မှ အတည်ပြုဖြစ်မှာပေါ့။ ဧပြီ တစ်လလုံးမှာက အစိုးရ သုံးထားတာတွေက ဥပဒေနဲ့မညီဘူး။ ဒါက ဥပဒေရေးရာ ပြဿနာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဧပြီ ၁ ရက်ကစပြီး အစိုးရက မသုံးဘဲမှ မနေတာ။ အခုထိ လွှတ်တော်ခေါ်ယူနိုင်ခြင်းမရှိဘူး။ ဧပြီ ၁ ရက်က စသုံးမယ်ဆိုရင် ဧပြီ ၁ ရက် မတိုင်မီကတည်းက အရေးပေါ်အစည်းအဝေး ခေါ်ပြီးတော့ အတည်ပြုရမှာ။ အဲဒီလို အတည်ပြုပြီးမှ ဧပြီ ၁ ရက်က စပြီး ဥပဒေအာဏာ သက်ရောက်ပြီး စသုံးနိုင်မှာ”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။



“ပွင့်ပွင့်လင်းလင်းပြောရရင် ဘတ်ဂျက် လျာထားချက်ကို လွှတ်တော်မှာ ကြို တင်ပြီး အတည်ပြုဖို့ လိုပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျာထားချက်ကို လွှတ်တော်ကို ကြိုမတင်ခဲ့ဘူး။ ဒါကိုမတင်ဘဲ ဘယ်လိုသုံးသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ အခုဧပြီ ၁ ရက် စသုံးတဲ့ ဘတ်ဂျက်ကို ဧပြီ ၂၃ ရက်မှာ လုပ်မယ့် လွှတ်တော်အစည်းအဝေးကျမှ တင်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ တွေ့တော့ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်ကို အတည်ပြုဖို့ ဖေဖော်ဝါရီလကုန်လောက်မှာ လွှတ်တော်ခေါ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မခေါ်နိုင်ဘူး။ မတ်လကုန်မှာလည်း မခေါ်ခဲ့ဘူး။ နောက်ဆုံးဗျာ မတ်လကုန်ခေါ်ရင်တောင် ဘတ်ဂျက်ကို ကျွန်တော်တို့အတည်ပြုပေးလိုက်လို့ ရတယ်”ဟု သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း ပြောကြားသည်။



ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများမှာ အခြားအကြောင်းအရာများထက် အစိုးရအဖွဲ့၏ ဘဏ္ဍာငွေ အတည်ပြုချင်မှသာ ခေါ်ယူနေပြီး အစိုးရအဖွဲ့က လွှတ်တော်ကို လွှမ်းမိုးနေသည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ကြသည်။



“နိုင်ငံတကာမှာလည်း ဘတ်ဂျက်ကိစ္စမှာ လွှတ်တော်ကို ကြိုတင်ရပါတယ်။ ဒါပေမဲ့ မလုပ်ခဲ့ဘူး။ အန်တီအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၃ ရက်လုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဥပဒေချုပ်ကို ကြယ်ပွင့်မပြ မေးခွန်းအနေနဲ့ သဘောထား မှတ်ချက် တောင်းဖို့ရှိပါတယ်။ ဒါဟာ သမိုင်းရဲ့ အမှားတစ်ခုဖြစ်ပါတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။



၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ စုစုပေါင်းဘဏ္ဍာ ငွေ အသုံးစရိတ်မှာ ကျပ် ၂၀၆ ဒသမ ၀၆၂ ဘီလျံ ရှိခဲ့သည်ဟု သိရသည်။



လာမည့် လွှတ်တော်အစည်းအဝေးတွင် တန်ဖိုးနည်းတန်ဖိုးမျှ အိမ်ရာစီမံကိန်းနှင့် ပတ်သက်သည့် အဆို၊ အများပြည်သူဆန္ဒဖြင့် ရွေးချယ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ကို ရားထူးမှ ဖြုတ်ချသည့်ကိစ္စအား ကန့်ကွက်သည့်အကြောင်း အဆိုစသည်တို့ကို တင်သွင်းမည်ဖြစ်ကြောင်း ဗဟန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။



လာမည့်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းကိုးခုကို တင်ပြမေးမြန်းထားပြီး သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ငမိုးချောင်း နံဘေးမှ ကျူးကျော်ကိစ္စများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်သောမေးခွန်း စသည်တို့ပါဝင်ကြောင်း သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အ မှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။



(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတစ်ရပ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်))





from Eleven Media Group's Facebook Wall http://ift.tt/1lmM6Bc

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3