Skip to main content

အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်မရပ်သေး၊ သင်္ကြန်အပြီးတွင် ဈေးပြန်မကျဘဲ ၂၅ ရာ...



အခြေခံစားသောက်ကုန်ဈေးနှုန်းများ အတက်မရပ်သေး၊ သင်္ကြန်အပြီးတွင် ဈေးပြန်မကျဘဲ ၂၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိ ဆက်တက်



မီတာခတိုးမြှင့်မှု၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မှုဟူသော အရှိန်နှစ်ခုကြောင့် စတင်မြင့်တက်လာသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများသည် သင်္ကြန်နှစ်ကူးကာလ ရောက်ရှိမှု အရှိန်ကြောင့် ဆက်လက်မြင့်တက်ခဲ့ပြန်သည်။



နှစ်စဉ် နှစ်ကူးကာလနီးကပ်ခြင်းနှင့် နှစ်ကူးကာလအတွင်း၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လေ့ရှိပြီး နှစ်ကူးအလွန်တွင် ပြန်ကျမြဲဖြစ်သည်။



ယခုနှစ်တွင်မူ နှစ်ကူးကာလ လွန်မြောက်သော်လည်း ပြန်လည်ကျဆင်းခြင်း မရှိဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်းအချို့မှာ ပို၍ပင် မြင့်တက်လာနေသည်။



ဈေးနှုန်းပြန်လည်ကျဆင်းရမည့်အစား သားငါးဈေးနှုန်းများသည် အနည်းဆုံး သင်္ကြန်မတိုင်ခင်ဈေးများထက် ၂၅ ရာခိုင်နှုန်းမှ အချို့ရာခိုင်နှုန်း ၁၀၀ အထိ ခုန်တက်လာခဲ့ခြင်းဖြစ်ရာ နှစ်ကူးကာလကြောင့် တက်ခြင်းမဟုတ်တော့ဘဲ မီတာခနှင့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမှုကို အခြေပြု၍ မြင့်တက်ခြင်းမျိုး ဖြစ်နေသည်။



သင်္ကြန်ကာလနီးချိန်မှ စတင်ကာ အခြေခံစားသော ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အာလူးဈေးနှုန်းများ စတင်မြင့်တက်ခဲ့ပြီး ယခုသင်္ကြန်ကာလ ပြီးဆုံးချိန်တွင်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။



ကြက်သွန်နီ တစ်ပိဿာယခင် ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ယခင် ကျပ် ၁၈၀၀မှ ယခု ၂၅၀၀၊ အာလူး တစ်ပိဿာ ယခင်ကျပ် ၆၀၀ မှ ယခု ၈၀၀၊ ချင်း တစ်ပိ ဿာ လျှင် ယခင်ကျပ် ၂၀၀ မှ ယခု ကျပ် ၄၀၀၀၊ ကြက်ဥ၊ ဘဲဥတစ်လုံးလျှင် ယခင် ကျပ် ၁၀၀၊ ၁၁၀မှ ယခုကျပ် ၁၃၀၊ ၁၅၀ အထိ အသီးသီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။



“ချင်းဈေးဆိုရင် ခုထိမကျသေးဘူး။ ၂၀၀၀ ကနေ တက်သွားတာ။ ဒါပေမဲ့ ကြက်သွန်နီကတော့ တစ်ပိဿာကို ၅၀ လောက်ပဲ ကျသွားတယ်။ သိသိသာသာ ကျသွားတာတော့ မရှိဘူး။ ကျွန်တော်တို့ ကုန်စည်ဒိုင်မှာတောင် ဈေးအကျ သိပ်မရှိတော့ လက်လီဈေးကွက်ဆိုရင်တော့ ကျဖို့ မရှိသေးဘူး။ အခုရက်ပိုင်းတော့ ကြက်သွန်ဖြူတွေက အနီတော့ ဈေးနည်းနည်း ပိုကျတယ်။ ဒါပေမဲ့ သယ်ယူစရိတ်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် လက်လီရောင်းသမားတွေက ဈေးကို အရမ်းချရောင်းမှာ မဟုတ်ဘူး”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။



ကြက်သား တစ်ပိဿာ ယခင် ကျပ် ၃၀၀၀ မှ ၈၀၀၀၊ ယခုအခါတွင် ၇၀၀၀မှ ၁၂၀၀၀၊ ၀က်သား တစ်ပိဿာ ကျပ် ယခင် ၅၀၀၀ မှ ၇၀၀၀၊ ယခု ကျပ် ၇၀၀၀မှ ၉၀၀၀၊အမဲသား တစ်ပိဿာ ယခင်ကျပ် ၆၀၀၀မှ ၈၀၀၀၊ ယခုကျပ် ၇၀၀၀မှ ၁၀၀၀၀၊ ငါးကြင်း ယခင် တစ်ပိဿာ ကျပ် ၄၀၀၀မှ ယခုကျပ် ၈၀၀၀၊ ငါးမြစ်ချင်း ယခင်တစ်ပိဿာကျပ် ၂၀၀၀ မှ ယခုကျပ် ၄၀၀၀ အသီးသီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ ငါးဈေးနှုန်းများမှာ ရာခိုင်နှုန်း ၁၀၀ (တစ်ဆ)မြင့်တက်နေပြီး အသားဈေးများမျာ ရာခိုင်နှုန်း ၄၀ ခန့် တက်လာသည်ကို တွေ့ရသည်။



“ဆန်၊ ဆီတွေကတော့ သိပ်မတက်ဘူး။ ဈေးသိသိသာသာ တက်တာက ကုန်ခြောက်တွေနဲ့ သားငါးတွေက တက်တယ်။ ငါးကြင်းတွေဆိုရင် တစ်ပိဿာ ၈၀၀၀ ရှိတယ်။ ဈေးနှုန်းကတော့ တက်ပြီးရင် ပြန်ကျရိုး ထုံးစံမှမရှိတာ။

သင်္ကြန်တက်ဈေးအတိုင်းပဲ ဖြစ်သွားတာ များတယ်”ဟု တာမွေမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။



ဈေးနှုန်းမြင့်တက်ရာတွင် အနိမ့်ဆုံးကျပ် ၂၀၀၀ မှ ၄၀၀၀ အထိလည်းကောင်း၊ ကုန်ခြောက်ဈေးနှုန်းများမှာ ကျပ် ၅၀ မှ ၁၀၀၀ အထိ ယခင်ဈေးနှုန်းထက် မြင့်တက်ခဲ့ကြောင်း သိရသည်။



ထို့ပြင် ဗဟိုစံပြငါးဈေးမှ ငါးဒိုင်တစ်ဦးက “ဒီသင်္ကြန် မတိုင်ခင်ကတည်းက ကုန်အ၀င်နည်းလို့ဈေးတက်တာ။ နောက်ပြီး ငါးသင်္ဘောတွေကလည်း အထွက်နည်းတယ်။ငါးအရလည်း နည်းတယ်။ ဒါကြောင့်ခါတိုင်း ဈေးထက် နှစ်ဆလောက် ငါးဈေးတွေ တက်သွားတယ်။ အဲဒါမှ ကျွန်တော်တို့အတွက် ကိုက်မှာ။ အရင် တီလားဗီးယား တစ်ပိဿာ ၁၀၀၀ ဈေးကနေ ၂၀၀၀ နီးနီးလောက်ဖြစ်တယ်”ဟု ဆိုသည်။



ကုန်ခြောက်နှင့် သားငါးဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်ကပင် တက်ရိပ်ပြခဲ့ပြီး သင်္ကြန်ကျော်လွန်သော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးဘဲ ဆန်၊ ဆီဈေးနှုန်းမှာမူ သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးတွင်လည်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်မှုရှိရာ၌ ဒိုင်မှဝယ်ယူရသည့် လက်ကားဈေးနှုန်း မှာသိသာစွာမြင့်တက်ခြင်းမရှိဘဲ လက်လီအရောင်းဈေးကွက်၌သာ ဈေးနှုန်းများဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။



ယခုဈေးကွက်မှာ နှစ်ကူးအလွန်ကာလ ဈေးနှုန်းများဖြစ်၍ မတည်ငြိမ်သေးဟု ဆိုနိုင်သော်လည်း အကယ်၍ ဧပြီလကုန်ပိုင်းအထိ ယခုဈေးနှုန်းများအတိုင်း အခြေခံစားသောက်ကုန်အပြင် လူသုံးကုန်များပါ မြင့်တက်လာသည်ဆိုလျှင် အစိုးရ၏ မီတာခတိုးမြှင့်လိုက်မှုကြောင့်ဟု ယတိပြတ်ကောက်ချက်ချနိုင်ပြီ ဖြစ်သည်။



လျှပ်စစ်မီတာခတိုးလိုက်ခြင်း၊ ၀န်ထမ်းလစာ တိုးလိုက်ခြင်း အရှိန်များဖြင့် ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာသော်လည်း အခြေခံလုပ်သားလစာများမှာမူ တိုးမြင့်လာခြင်း မရှိသည့်အတွက် ယခုဈေးနှုန်းများအတိုင်း ဆက်လက်သွားနေမည်ဆိုပါက ယခု ၂၀၁၄ ခုနှစ်အတွင်း အခြေခံလုပ်သားများ အနေဖြင့် စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်ရဦးမည့် အခြေအနေရောက်ရှိလာမည် ဖြစ်သည်။



(ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချရာဈေးအတွင်း ဈေးဝယ်နေကြသူများကို တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1tnhJQD

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3