ယနေ့ သင်္ကြန်အကြို့ နေ့ တွင် ရခိုင်မိသားစု ( ကျောက်မြောင်း ) သာရေး၊ နာရေးလူမှုကူညီအသင်း မှကြီးမှူး၍ ရခိုင်တိုင်းရင်းသားမိသားစုများမှ ဘုန်းကြီးကျောင်းများသို့ ပဒေသာသာပင်များပေးပို့ လှူဒါန်းခြင်း၊
ဘုရားရေသပ္ပါယ်ခြင်း၊ သီလဆောက်တည်ခြင်းစသော ကောင်းမှု
ကုသိုလ်များပြုလုပ်ခဲ့ကြသည်။
ရခိုင်တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး သင်္ကြန်ရေလောင်း၊
ရေပက်ခြင်းမပြုမီ ဗုဒ္ဓမြတ်စွာဘုရားအား ရေသပ္ပါယ်ပူဇော်လှူဒါန်းပြီးမှ
သာလျှင် သင်္ကြန်ရေသဘင်ပွဲကိုဆင်နွှဲလေ့ရှိကြောင်းအစီအစဉ်
ကျင်းပသူတစ်ဦးမှဆိုသည်။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1qt8N9Z
Comments
Post a Comment