Skip to main content

ထိုင်းနှင့် မြန်မာအစိုးရများအနေဖြင့် ထားဝယ်စီမံကိန်းတွင် မြှုပ်နှံရန် ပျက်ကွက်နေ...



ထိုင်းနှင့် မြန်မာအစိုးရများအနေဖြင့် ထားဝယ်စီမံကိန်းတွင် မြှုပ်နှံရန် ပျက်ကွက်နေမည်ဆိုပါက စီမံကိန်းအကောင်အထည်ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်း ထိုင်းအစိုးရစီမံကိန်းအဖွဲ့ သတိပေး



ထိုင်းနှင့် မြန်မာအစိုးရများအနေဖြင့် လမ်း၊ တံတားအခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် လျှပ်စစ်၊ ရေကဲ့သို့သော အခြေခံစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ပျက်ကွက်နေဦးမည်ဆိုပါက အောင်မြင်ရန် ရည်မှန်းထားသော ထားဝယ်အထူးစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ခက်ခဲမည်ဖြစ်ကြောင်း ထိုင်းအစိုးရစီမံကိန်းအဖွဲ့က သတိပေးပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။



“ပုံမှန်အားဖြင့်တော့ ကမ္ဘာနှင့်အ၀န်း အခုလိုမဟာစီမံကိန်းကြီးတွေ၊ စက်မှုဇုန်ကြီးတွေ ဖော်ဆောင်တဲ့နေရာမှာ အစိုးရတွေကသာ ကိုင်တွယ်ရပါတယ်။ အစိုးရဘက်က အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းတွေ၊ အခြေခံစွမ်းအင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘက်က ပါဝင်လာအောင် စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟုအမျိုးသားစီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ArkhomTermittayapaisith က ပြောကြားသည်။



“အခု ထားဝယ်စီမံကိန်းကတော့ အရင်က လုပ်ရိုးလုပ်စဉ်တွေနဲ့ ကွဲပြားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။



လွန်ခဲ့သည့် ဖေဖော်ဝါရီလ၌ ထားဝယ်စီမံကိန်းတွင် ပါဝင်သည့် ထိုင်း-မြန်မာ နှစ်လမ်းသွား အမြန်လမ်းမကြီး ဖောက်လုပ်ရန်၊ ဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်ရန် နှင့် ဧက ၁၁၀၀၀ ကျော် အကျယ်အ၀န်းရှိသော စက်မှုဇုန် တည်ထောင်ရေးများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ခေါ်ယူခဲ့သော်လည်း ၀င်ရောက်လုပ်ကိုင်သူမရှိ ဖြစ်နေခြင်းကြောင့် ထားဝယ်စီမံကိန်းမှာ ယခုအခါ အကျပ်အတည်းနှင့်ကြုံတွေ့နေရသည်။



ထိုင်းနှင့်မြန်မာနိုင်ငံတို့သည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို တွန်းအားပေးရေးအတွက် လွန်ခဲ့သည့် နိုဝင်ဘာတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်။ ပထမ နားလည်မှု စာချွန်လွှာအရ ထားဝယ်စီမံကိန်း လုပ်ပိုင်ခွင့်နှင့် မူလလုပ်ပိုင်ခွင့်ရ အီတာလျံ ထိုင်း ကုမ္ပဏီထံမှ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကုမ္ပဏီက လွှဲပြောင်းရယူခြင်းတို့ ပါဝင်သည်။



ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသည် ၂၀၁၃ ခုနှစ် ဇွန်အတွင်း၌ နှစ်နိုင်ငံအညီအမျှ ဖက်စပ်ဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် သဘောတူခဲ့ပြီး ပဏာမအနေဖြင့် ဘတ် ၁၂ သန်း မြှုပ်နှံရန် သဘောတူညီခဲ့ကြသည်။ မူလက သဘောတူညီချက်အရ ဘတ်သန်း ၁၀၀ မြှုပ်နှံရန်ဖြစ်သော်လည်း နောက်ပိုင်းသဘောတူညီချက်များအရ ဘတ် ၁၂ သန်းထိ လျှော့ချလိုက်ခြင်းဖြစ်ပြီး ကုမ္ပဏီကို ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်။



နှစ်နိုင်ငံ သဘောတူညီချက်အရ ဆိပ်ကမ်း၊ လမ်းတံတား၊ ဓာတ်အားပေးစက်ရုံ၊ ရေပေးဝေရေးစက်ရုံ၊ စက်မှုဇုန်ဖော်ဆောင်ရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် မြို့နယ်တစ်ခု ဖော်ဆောင်ရေးများအတွက် စီမံခန့်ခွဲမှုကုမ္ပဏီများ တည်ထောင်ရေးလည်း သဘောတူခဲ့ကြပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်မည်ဟု သဘောတူညီခဲ့ကြသည်ဟု သိရသည်။



ဒုတိယ သဘောတူညီချက်သည် အီတာလျံ ထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား သဘောတူညီမှု ပယ်ဖျက်ခြင်းဖြစ်ပြီး တတိယ သဘောတူညီချက်အရ အီတာလျံ ထိုင်းကုမ္ပဏီနေရာတွင် လုပ်ပိုင်ခွင့်ရမည့် ရင်းနှီးမြှုပ်နှံသူသည် နဂိုရင်းနှီးမြှုပ်နှံပြီး ဖြစ်သည့် အီတာလျံ ထိုင်းကုမ္ပဏီကို ဘတ်ငွေ ခြောက်ဘီလျံ ပေးအပ်ရမည်ဖြစ်သည်။



Mr. Arknom က ပြောဆိုရာ၌ ထားဝယ် အထူးစီးပွားရေးဇုန်ရှိ စီမံကိန်းများအတွက် ရည်ရွယ်ချက်များနှင့် သဘောတူညီချက် မက်လုံးများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခိုင်ခိုင်မာမာ ဆွဲဆောင်နိုင်ခြင်းမရှိကြောင်း ပြောကြားသည်။



ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံလုံးက ဂျပန်နိုင်ငံအား ပါဝင်ရန် ဖိတ်ခေါ်ထားခဲ့ပြီး ဂျပန်နိုင်ငံဘက်ကမူ ပါဝင်ရန်အတွက် နှောင့်နှေးလျက် ရှိနေသည်။ ဂျပန်နိုင်ငံဘက်က မေးခွန်းထုတ်လျက် ရှိနေသည်မှာ ထားဝယ်စီမံကိန်းကို အစီအစဉ်အတိုင်း ရှေ့ဆက်ချင်သည်ဆိုပါလျက် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ နှစ်ရပ်စလုံးက အဘယ့်ကြောင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများတွင် မြှုပ်နှံခြင်း မပြုကြသနည်းဟူ၍ ဖြစ်သည်။



(ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းခွင်တစ်နေရာ (ဓာတ်ပုံ- ဖြိုးဇင်))





from Eleven Media Group's Facebook Wall http://ift.tt/1lmM4Jy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...