Skip to main content

တရုတ်ပြည်သို့ နွားမှောင်ခိုတင်ပို့ မှု မန္တလေးတွင် ရှိနေဆဲဖြစ် မန္တလေးတိုင်းဒေသကြီ...



တရုတ်ပြည်သို့ နွားမှောင်ခိုတင်ပို့ မှု မန္တလေးတွင် ရှိနေဆဲဖြစ်



မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နွားမှောင်ခိုလမ်းကြောင်းများ ကို အထိုင်အဖွဲ့များ ရွေ့လျားအဖွဲ့များ ဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိနေသော် လည်း တရုတ်ပြည်သို့ နွားမှောင်ခို တင်ပို့မှု ရှိနေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွေနန်းက ပြောသည်။



မန္တလေး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရွှေနန်းက ”နွားခိုးထုတ် သူများဟာ ရွှေဘိုကျောက် မြောင်းမှ မန္တလေး တိုင်းဒေသကြီး ကို ဖြတ်ကာ နောင်ချို မြို့သို့ လည်းကောင်း မြင်းခြံ၊ နွားထိုးကြီး မြို့နယ် များမှ နွားများကို မန္တလေးတိုင်းဒေသကြီးကို ဖြတ်ကာ နောင်ချိုမြို့ သို့လည်းကောင်း နွားများစုဆောင်း ပြီးတော့ နောင်ချို မှ တစ်ဆင့် တရုတ်ပြည် သို့တင်ပို့ကြပါတယ်”ဟု ပြောသည်။



မှောင်ခို တင်ပို့သော နွားများသည် မန္တလေး၊ မကွေး၊ စစ်ကိုင်း တို့မှ နွားများ ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး ကို ဖြတ် သန်းသွားကာ ရှမ်းပြည်နယ် ထိုမှ တစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ကြကြောင်းအထက်ပါ လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။



အမဲလိုင်စင်ရသူများဟာ ဒေသစားသုံးရန် အကြောင်းပြပြီး မြို့နယ် ကျော် သယ်ယူခွင့် ပါမစ်များကို နည်း အမျိုးမျိုးဖြင့် ရယူနေကြောင်း ၄င်း ပါမစ်ဖြင့် ၄ ခေါက် ၅ ခေါက် သယ်ယူမှုများလည်း ရှိကြောင်း နွားခိုးလမ်း တစ် လျှောက် မြို့နယ်များမှ တာဝန်ရှိသူများ က စစ်ဆေးရာတွင် အထက် လူကြီးများ ရဲ့ နယ်မြေ ကျော်သယ်ယူခွင့် ပါမစ်များပါနေသည့် အတွက် လက်ပိုက် ကြည့်နေရသည်များလည်း ရှိကြောင်းတိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှေ နန်းက ပြောသည်။



အထက်ပါကိစ္စများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး အောင် ကျော်မိုးက မန္တလေးတိုင်း ဒေသကြီးနယ် မြေအတွင်း ကျွဲနွားများတရားမဝင် တင်သွင်းခွင့် မရှိစေရေးအတွက် တိုင်း ဒေသကြီး မြို့နယ် တစ်ခုမှ အခြားမြို့နယ် တစ်ခုသို့ တောင်သူများ သယ်ယူ ပို့ ဆောင်ခြင်း အား တောင်ယာ လုပ်ငန်း ခွင်တွင် အသုံးပြုကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်များ၏ စိစစ် ထောက်ခံချက်ဖြင့် ၄င်းခရိုင် ကျော် တိုင်းကျော် သယ်ဆောင်ခြင်း အား တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ စိစစ်ခွင့်ပြု ချက်ဖြင့် ၄င်းက ခွင့်ပြုပေးနေကြောင်း ပြောကြားသည်။



တရားမဝင် ကျွဲ၊ နွား၊ သိုး ဆိတ် များ တရားမဝင် သယ်ဆောင်မှု မရှိစေ ရေး အတွက် စီမံချက် ချပြီး ဖမ်းဆီးအ ရေးယူ လျက်ရှိကြောင်း တရားမဝင် သယ်ဆောင်မှုများ၌ တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုရှိပါက ထိရောက်စွာ အ ရေးယူသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြော သည်။



မန္တလေးတိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ်တွင် ကျွဲ၊ နွား ဖမ်းဆီးရမိမှု ၆၆မှု တရားခံ ကျား ၃၃၂ ဦး၊ ကျွဲ ၂၅ ကောင်၊ နွား ၉၄၂ ကောင်၊ ဆိတ် ၄၃ဝ ကောင်၊ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ လ အထိ ကျွဲ၊ နွားဖမ်းဆီးရမိမှု ၇ မှု တရား ခံ ကျား ၁၄ ဦး၊ ကျွဲ ၁ဝ ကောင်၊ နွား ၁၃ဝ ကောင် ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။



ခက်ဆစ်

from Popular Myanmar News Journal's Facebook Wall http://ift.tt/1lKIyML

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...