Skip to main content

မဟာသင်္ကြန် အကြတ်နေ့ လည်ပတ်သူများနှင့် ရေကစားသူများ ယခင်ရက်များထက် များပြားပြီး နု...



မဟာသင်္ကြန် အကြတ်နေ့ လည်ပတ်သူများနှင့် ရေကစားသူများ ယခင်ရက်များထက် များပြားပြီး နိုင်ငံခြားသားများပါ ရေကစားမှု များပြားလာ



မဟာသင်္ကြန် အကြတ်နေ့တွင် ရန်ကုန်မြို့အတွင်းရှိ မဏ္ဍပ်များတွင် ရေကစားသူများနှင့် ကားဖြင့်ရေပတ်ခံ ထွက်လည်သူများ ယခင်ရက်များထက် ပိုမိုများပြားခဲ့သည်။



ယင်းသို့ ရေဆော့ကစားသူများနှင့် လည်ပတ်သူများပြားခဲ့မှုတွင် မြန်မာနိုင်ငံ ပြည်သူပြည်သား များပင်မကပဲ နိုင်ငံခြားသားများပါ ယခင်နှစ်များထက် ပိုမိုပါဝင်ခဲ့သည်။



နိုင်ငံခြားသားများ အနေဖြင့် ရေကစားမဏ္ဍပ်များတွင် ရေပက်ကစားခြင်းအပြင်၊ သင်္ကြန်ကားများငှား၍ မိသားစုလိုက် လည်ပတ်မှုများ၊ လမ်းလျှောက် လည်ပတ်၍ မဏ္ဍပ်များအောက် ကခုန်ခြင်းမှုများကို ပြုလုပ်၍ မဟာသင်္ကြန်ကာလကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။



"မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းပြီး တစ်နှစ်အကြာမှာ ဒီကိုရောက်တယ်။ အရင်ထိုင်းနိုင်ငံမှာ နေတယ်။ အခု မြန်မာနိုင်ငံမှာရှိတုန်း သင်္ကြန်ကာလကို မြန်မာနိုင်ငံက လူတွေနဲ့အတူ ပါဝင်ဖြတ်သန်း ကြည့်တာပါ။ အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဖို့ကောင်းတယ်။ သာယာတယ်။ ဒါပေမဲ့ သင်္ကြန်က လေးရက်တည်းလို့ သိရတယ်။ ဒါက အရမ်းကို တိုတောင်းလွန်းပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို နှစ်သက်ပါတယ်" ဟု အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သူ မစ္စတာ ဂျွန်စမစ်တာက သင်္ကြန်နှင့်ပတ်သတ်၍ ၎င်း၏စိတ်ဝင်စားမှုကို ပြောပြခဲ့သည်။



ပြည်လမ်းပေါ်တွင် ရေကစားမဏ္ဍပ်နှစ်ခုနှင့် ဖျော်ဖြေရေး မဏ္ဍပ်နှစ်ခုရှိကာ Air Bagan ရေကစားမဏ္ဍပ်တွင် Iron Cross တေးဂီတ အဖွဲ့ဝင်များ ဖြစ်ကြသော အငဲ၊ ၀ိုင်းဝိုင်းတို့နှင့် ခင်ဖုန်းတို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး လည်ပတ်သူများမှာ ယင်းရေကစားမဏ္ဍပ်ရှေ့တွင် အများအပြားစုဝေး ကခုန်ခဲ့ကြသည်။



အလားတူ ပြည်လမ်းပေါ်၌ပင်ရှိသည့် ဖျော်ဖြေရေး မဏ္ဍပ်တစ်ခုဖြစ်သော Myanmar Mobile မဏ္ဍပ်တွင် အနုပညာရှင်အချို့မှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြသည်။ အင်းလျှား ကန်ဘောင်တွင်လည်း အပန်းဖြေ နားခိုသူများဖြင့် စီကား ပြည့်ကြပ်လျက် ရှိခဲ့သည်။



"သင်္ကြန်အကျနေ့ကနေ နောက်ဆုံးနေ့အထိလည်ဖို့ စီစဉ်ထားပါတယ်။ အကြတ်နေ့က အရင်နေ့တွေထက်စာရင် လည်တဲ့သူတွေများတယ်။ မနက် ၈ နာရီခွဲကတည်းက ကမ္ဘာအေးဘုရား လမ်းပေါ်က မဏ္ဍပ်တွေဆီ ကားလာတန်းစီထားတာတောင် အခုမဏ္ဍပ်နှစ်ခုပဲ ရောက်သေးတယ်။ အရင်ရက်တွေက ဒီလောက်ထိ လည်တဲ့ကား မရှိပါဘူး" ဟု ကားရေပတ်ခံထွက်သူ တစ်ဦးဖြစ်သည့် မဥက္ကလာပမြို့နယ်နေ ကိုမျိုးသက်ထွန်းက ပြောကြားခဲ့သည်။



ထို့အပြင် ရေကစားမဏ္ဍပ် အများစုရှိသည့် ကမ္ဘာအေးဘုရားလမ်းမှာ အစည်ကားဆုံးဖြစ်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင်လည်း တေးသံရှင် ထက်ထက်၊ လွှမ်းပိုင်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း စသည့် တေးသံရှင်းများက ဖျော်ဖြေခဲ့ရာ ၎င်းမဏ္ဍပ်ရှေ့တွင် လာရောက် ကြည့်ရှုသူများ အထူးများပြား ခဲ့သည်ကို တွေ့ရသည်။



သို့သော် အနော်ရထားလမ်းမကြီးမှာမှု ယမန့်နေ့များနည်းတူ ရေပက်ခံကားများ စည်းကားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ရာနှင့်ချီသော ရေပက်ခံကားများမှာ နေ့လည် နေရှိန်ပူပြင်းသည့် အချိန်ထိ အနော်ရထာလမ်းမပေါ်တွင် သာရှိခဲ့ပြီး ယာဉ်ကြောရှင်းလင်းမှုများ အားနည်းခဲ့ကြောင်း သင်္ကြန်လည်ပတ်သူများက သုံးသပ်ကြသည်။



စားသောက်ကုန်ကုမ္ပဏီ၊ အလှကုန်ကုမ္ပဏီ အချို့ကလည်း ၎င်းတို့၏ ထုတ်ကုန်များကို သင်္ကြန်ရေပက် ကစားသူများကို အခမဲ့ဝေငှမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။



ထို့ပြင် ဝေဇယန္တာလမ်းမကြီး တစ်လျှောက်တွင် တစ်နိုင်တစ်ပိုင် မဏ္ဍပ်များဖြင့် စည်းကားခဲ့ပြီး မြောက်ဥက္ကလာပ၊ အင်းစိန်စသည့် မြို့နယ်များမှ ဆင်ခြေဖုံးရပ်ကွက် များတွင်လည်း ရေကစားသူ၊ ရေပက်ခံသူများဖြင့် စည်းကားခဲ့သည်။





from Eleven Media Group's Facebook Wall http://ift.tt/1hFEyua

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3