Skip to main content

ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်အတွင်း မီး...



ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား



ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နေအိမ်အတွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက် ၆၅ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းအကြားရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ နေအိမ်အတွင်း၌ ဧပြီ ၁၉ ရက် ည ၈ နာရီခွဲခန့် က မီးစတင်လောင်ကျွမ်းခဲ့ကာ ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း စုံစမ်းသိရသည်။



“မီးလောင်တာက ည ၈ နာရီ ခွဲလောက်မှာပါ။ နေရာက ၀န်ကြီးချုပ် ဦးရဲမြင့်အိမ်လို့ သိပါတယ်။ နေအိမ်အတွင်းထဲမှာ လောင်နေတာကို မြင်ရပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေကလွဲပြီးတော့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတာကိုလည်း တွေ့ရပါတယ်”ဟု မဟာဇေယျာဘုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။



အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ် နေအိမ်မီးလောင်ကျွမ်းရာသို့ မီးသတ်တပ်ဖွဲ့များမှ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်ကျွမ်းရာသို့ သတင်းလာရောက်ရယူကြသည့် မြို့ခံ သတင်းမီဒီယာသမားများအား ရဲတပ်ဖွဲ့ဝင်များက နေအိမ်အတွင်းသို့ သတင်းရယူခွင့် မပြုခဲ့သည့်အပြင် နေအိမ်အပြင်ဘက်မှ သတင်းရယူနေကြသည့် သတင်းသမားများအား ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းရာသို့ သတင်းရယူရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးဟန့်တားမှုများကြောင့် မြို့ခံသတင်းမီဒီယာများမှ ဝေဖန်မှုများလည်း ရှိနေကြသည်။



“မီးလောင်တဲ့နေရာက အစိုးရဌာနဆိုင်ရာ ရုံးဖြစ်နေတဲ့အတွက် မီးလောင်မှုနဲ့ပက်သက်ပြီး အရေးယူမှုအပိုင်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကိုတော့ သက်ဆိုင်ရာအစိုးရဌာနက တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းစေလိုပါတယ်။ မီးသတ်ဌာနက သတင်းထုတ်ပြန်ချက်နဲ့ အစိုးရဌာနက သတင်းထုတ်ပြန်ချက်နှစ်ခုက ကွဲလွဲမှုတွေ ရှိနေမှာစိုးတဲ့အတွက် လောလောဆယ်တော့ သတင်းထုတ်ပြန်ပေးလို့ မရသေးပါဘူး”ဟု မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။



မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခဲ့သော်လည်း ယခုတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် မီးလောင်ကျွမ်းရသည့်အကြောင်းရင်း ဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား သတင်းထုတ်ပြန်ပေးရန်အတွက် စစ်ဆေးလျက်ရှိကြောင်းသာ ပြောဆိုခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်သွားမည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက သတင်ထုတ်ပြန်လာမည့် အခြေအနေများကို မန္တလေးမြို့ခံများမှ စိတ်ဝင်စားနေမှုများ ရှိနေကြကြောင်း သိရသည်။



“အခု မီးလောင်သွားတဲ့ အဆောက်အအုံကတော့ ၀န်ကြီးချုပ်အတွက် နေရာချထားပေးထားတဲ့ အိမ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ကတော့ မနေတာက များပါတယ်။ အိမ်ကတော့ လုံခြုံရေးအစောင့်တွေတော့ အမြဲတမ်းတွေ့နေရတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။



“အရင်မီးလောင်မှုတွေဆိုရင် မီးလောင်ပြီး နာရီအနည်းငယ်အကြာမှာ သတင်းအချက်အလက်က တိုင်းမီးသတ်မှာ တက်နေပြီ။ အခု မီးလောင်မှုဖြစ်စဉ်ကိုကျတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းကို ပြန်လွှဲတယ်။ နောက်ပြီး မီးလောင်ရာ နေရာတစ်ဝိုက်ကိုလည်း အမှောင်ချထားတယ်”ဟု သွားရောက် သတင်းရယူခဲ့သည့် မြို့ခံသတင်းထောက်တစ်ဦးက ဆိုသည်။



ယခု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မိုးကုတ်မြို့ခရီးစဉ်မှ အပြန်လမ်းတွင် နောင်ချိုမြို့နယ်အတွင်းရှိ ဟိုပင်နှင့်ဟိုခိုကျေးရွာအကြား၌ ၎င်းတို့ စီးနင်းလာသည့် ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက် ခံခဲ့ရရာ အစိုးရသတင်းစာမှ သတင်းထောက် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။



(ဧပြီ ၁၉ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အား တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1lmM503

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...