တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၃၀ ရက်က နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာအန်နာတိုလီအန်ကာနော့ဗ်အား လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သတင်းထုတ်လွှင့်မှုအရ သိရသည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အားကစား၊ ယဉ်ကျေးမှုနှင့် နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာတော်သင်များ အပြန်အလှန် စေလွှတ်ရေးနှင့် နှစ်နိုင်ငံတပ်မတော် အဆင့်မြင့်အရာရှိကြီးများ၏ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်ရေးများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
from Eleven Daily News http://ift.tt/1hXgxu1
Comments
Post a Comment