Skip to main content

တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်တယ်လို့ တိုင်းရင်းသားတွေ ပြော





အစိုးရတပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်နေခြင်းကြောင့် လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား လုပ်ဆောင်နေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲ နိုင်ရေး ထိခိုက်နိုင်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေက သတိပေးပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ယုံကြည်မှု တည်ဆောက်ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးကြိုးပမ်းနေတဲ့အချိန်မှာ အစိုးရတပ်အနေနဲ့ ကချင်ပြည်နယ်ကို ထိုးစစ်ဆင်တာ ဟာ လက်ရှိ တည်ဆောက်နေတဲ့ ယုံကြည်မှုတွေကို ထိခိုက်စေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။


“အဲဒါကတော့ ယုံကြည်မှုတွေ လျော့ကျသွားတာပေါ့။ တဖက်က နားလည်မှု ရဖို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့ တဖက်က နိုင်ငံရေးဆွေးနွေးဖို့ နားလည်မှုတွေ တည်ဆောက်နေတဲ့ ကာလမှာ အခုလို တဖက်က ထိုးစစ်တွေ ဆင်နေတဲ့ အနေအထားကတော့ ဒါက ယုံကြည်မှုကို အများကြီး ထိခိုက်နိုင်တယ်လို့ မြင်တယ်လေ။ တဖက်ကတော့ တွေ့ဆုံ ဆွေးနွေးရေးကို ထိန်းနိုင်သလောက် ထိန်းသွားမှာပါ။”


တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုကွယ်ထူးဝင်းကလည်း တပြည်လုံး အပစ်ခတ် ရပ်နိုင်ရေး လုပ်ဆောင်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ ပြောပါတယ်။


“တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့ ကြိုးစားနေချိန်မှာ တိုက်ပွဲဖြစ်နေတာ မဖြစ်သင့်ဘူးပေါ့။ နိုင်ငံရေးအရ အဖြေရှာရမယ့်အချိန်မှာ ဒါက တိုင်းရင်းသားတွေအတွက် အနှောင့်အယှက်တော့ ဖြစ်တာပေါ့နော်။ တဖက်ကလည်း ကျနော်တို့ ကြိုးစားနေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်း ဒီတိုက်ပွဲတွေကို ပိုပြီးတော့ ဟန့်တားနိုင်မယ့် အနေအထား ရှိမလားလို့ ကျနော်တို့ဘက်က မြင်တာတော့ ရှိတာပေါ့။”


ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ တပ်မတော်ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၄ ရက်ကြာ တွေ့ဆုံပြီးတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး သဘောတူညီချက် ပထမမူကြမ်းကို ရရှိခဲ့ကြပါတယ်။


ဒီမူကြမ်းကို သဘောတူညီချက် ရရှိပြီးခဲ့တဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လာမယ့် မေလမှာ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြပါတယ်။


တိုင်းရင်းသားအဖွဲ့ပေါင်းဆုံ အပစ်ခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲအပြီးမှာ ကချင်ပြည်နယ်နဲ့ ရှမ်ပြည်နယ်အတွင်း ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ထောင်ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။


By နော်နိုရင်း (ဒီဗွီဘီ)











ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ဧပြီလ ၁၀ ရက်နေ့ ဒုက္ခသည်များ နေရပ်မှ ထွက်ခွာနေစဉ် (ဓာတ်ပုံ - Kachin Land)




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1l7sghz

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...