Skip to main content

လွတ်လပ်ရေးကျောက်တိုင်ကြီးကိုကော ရွှေ့ပြောင်းပေးကြရဦးမှာလား ▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀...



လွတ်လပ်ရေးကျောက်တိုင်ကြီးကိုကော ရွှေ့ပြောင်းပေးကြရဦးမှာလား

▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀



ဆောင်းဝင်းလတ်



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ကွင်း လုပ်ကွက်သတ်မှတ်ချက်မြေ

နေရာနဲ့ မလွတ်ကင်းလို့ ဆိုပြီး ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး ဟို

ရှေး အခါတုန်းက သီတင်းသုံး၊ တရား ဘာဝနာပွားများ အားထုတ်တော် မူခဲ့ရာ

သာသနိကအဆောက်အအုံတွေကို လက်ရှိ စေတီတော်နဲ့ သိမ်တော်ကြီး တည်

ရှိနေဆဲနေရာ ကနေပြီး ပေပေါင်း ၁၅ဝဝလောက် အကွာအဝေးမှာရှိတဲ့ ”ကျော်

ရွာ” ရဲ့ တောင်ဘက် ပေ ၃ဝဝ ၊ ညောင်ပင်ကြီး ယင်းမာပင် ကားလမ်းဘေးကို

ပြောင်းရွှေ့မယ်တဲ့ဗျ။





သြော်… ဖြစ်မှ ဖြစ်ရလေခြင်း ဗျာ။ ဒါဟာ သမိုင်းဝင် နေရာဗျ။ တရုတ် ဝမ်ပေါင်

ကုမ္ပဏီရဲ့ အလိုကျ မဟာရွှေဥာဏ်တော်ရှင် မြန်မာ အာဏာပိုင်ကြီးများရဲ့ စဉ်း

စားတွေးခေါ် ဆုံးဖြတ် သုံးသပ် လုပ်ရပ်ဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ် ကြည့်လိုက်

တော့ ”ဆားမပါတဲ့ ဟင်းလျာတစ်ခွက်လို ပေါ့ပျက်ပျက်”နဲ့ ပြည်သူလူထုအတွက်

အိပ်မက်ဆိုးကြီးတစ်ခုလိုစိတ်ဂယက်ထအိပ်ပျက်ညတွေအသင်္ချေဖြစ်စေပါတယ်။





မြန်မာ နိုင်ငံမှာရှိတဲ့ နောင်လာနောက်သားမျိုး ဆက်သစ် ကလေးသူငယ်များအ

တွက် ရှေ့ဆောင်ရှေ့ရွက်နဲ့ ကောင်းတဲ့မြင်ချက်တွေ့ချက်တွေကိုနည်းပေးလမ်း

ပြသာ လုပ်ဆောင်သင့်ပါတယ် ဗျာ။ ကလေးတွေရဲ့အတွေးထဲမှာ တစ်နေ့ကျ ငါ

တို့ တစ်တွေဟာ နိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင် တရုတ် စီးပွားရေး သမား ၊

ကုမ္ပဏီတွေ အလိုကျ၊ ငါတို့နိုင်ငံက သမိုင်းဝင် နေရာတွေ၊ အဆောက်အအုံတွေ

ကို နေရာရွှေ့ပြောင်းပစ်လို့ ရတာပဲလေ ဆိုတဲ့တွေဝေ မှားယွင်းတဲ့အတွေးအခေါ်

အယူအဆတွေမတွေးခေါ်ကြ၊ မယူဆကြဖို့ ခုကတည်းကကောင်းသောနည်းပေး

လမ်းပြကိုသာလုပ်ဆောင်သင့်ကြပါတယ်။ဒါမျိုးတွေဟာဘယ်ရှုထောင့်ကပဲကြည့်

ကြည့် လုံးဝမလုပ်ကောင်းသလို မဖြစ်သင့်တဲ့ကိစ္စတွေပါ။ စဉ်းစားကြည့်ပါ။





ဥပမာအားဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဆိုပါတော့။ ရှေးနှစ်ပေါင်းများစွာက တည်းက

အထင်ကရတည်ရှိပြီးသား၊ကမ္ဘာလှည့်ခရီးသည်များကလည်းစိတ်ဝင်တစားကြည့်

ရှုလေ့လာသမှုပြုနေကြတဲ့ "အန်ကောဝပ် ဘုရားကျောင်း” ကြီးကိုတခြားနေရာကို

ရွှေ့ပြောင်းပြီး ပြန်လည်တည်ဆောက်တယ်ဆိုရင် အဲဒီ့သမိုင်းဝင်အဆောက်အအုံ

ကြီးရဲ့ ဘူမိနက်သန်နေရာမှန်ဆိုတာဘာအဓိပ္ပာယ်အနှစ်သာရရှိတော့မှာတဲ့လဲဗျာ။

ကမ္ဘာကျော် တပ်ဂ်ျ မဟာ အဆောက်အအုံကြီး ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ကမ္ဘာ

ကျော် ဘင်းဘစ်နာရီစင်ကြီး၊ အမေရိကမှာရှိတဲ့လေဘာတီရုပ်တုကြီး။ ဒါတွေ... ဒါ

တွေဟာ သူ့ဘူမိနက်သန်နေရာမှန်မှာပဲ တစ်သက်လုံးထာဝရတည်ရှိနေဦးမှာပါပဲ။

ထို့အတူပဲ။ ပြင်သစ်နိုင်ငံမှာရှိတဲ့ကမ္ဘာကျော်အီဖဲလ်မျှော်စင်ကြီးစသဖြင့်စသဖြင့်ပေါ့

လေ။ ဒီလိုပဲနိုင်ငံတကာမှာ ဘယ်လိုပဲနည်းပညာတွေ တိုးတက် ထွန်းကားနေတယ်

ဆိုပေမယ့်သူတို့ရဲ့နိုင်ငံတွေမှာရှိတဲ့ဘာသာရေးဆိုင်ရာရှေးဟောင်းအဆောက်အအုံ

ကြီးတွေကို မူလဘူမိနက်သန် နေရာမှန်မှာလည်းတရိုတသေအမှတ်တရထိန်းသိမ်း

ထား ရှိကြပေတယ်ဗျ။ တစ်နေရာကတစ်နေရာကိုရွှေ့ပြောင်းပစ်တယ်ဆိုတာ မရှိရိုး

အမှန်ပါဗျာ။ ကဲဗျာ၊ ကျွန်တော်တို့နိုင်ငံကို စီးပွားရေးအရ၊ စစ်ရေးအရ၊ လာပြီးဆရာ

ကြီးလုပ်နေတဲ့ တရုတ်နိုင်ငံက တကယ့်အထင်ကရ"တိန်အန်မင်ရင်ပြင်” ဆိုတာကြီး

ကို ကျွန်တော်တို့ကသွားပြီးခင်ဗျားတို့တစ်တွေဒါကြီးကိုဒီနေရာမှာမထားဘဲဟိုနေရာ

ကို ရွှေ့ပြောင်းပေးဗျာလို့သွားပြောလို့ ရမလားဗျ။ ဘယ်ရပါ့မလဲ။ ရုရှားမှာရှိတဲ့ကမ္ဘာ

ကျော်"ကရင်မလင်နန်းတော်ကြီး”ကိုသွားပြီးရွှေ့ပြောင်းခိုင်းကြည့်ပါလား။ မိုးတောင်

မှမီးလောင်ပြာကျသွားလိမ့်ဦးမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကပါးစပ်ကသာ "ရိုး

ရာယဉ်ကျေးမှု အမွေ အနှစ်များကို အစဉ်အလာမပျက်ထိန်းသိမ်းစောင့်ရှောက်ရေး”

ဆိုတဲ့စကားလုံးလှလှကိုသာ လူကြားကောင်းအောင်၊ စာလုံးတွေနဲ့ရေးပြနေတာ၊ ပါး

စပ်ကတတွတ်တွတ်ဆီမန်းမန်းသလို ရွတ်ဆိုပြနေတာပဲရှိတယ်။ ကျန်တာတော့ ပိုက်

ဆံနဲ့ ပတ်သက်လာရင် ထင်ရာမြင်ရာတွေ လုပ်ချင်တာ စွတ်ရွတ်ပြီး ဆင်ကန်း တော

တိုးသဘောမျိုးလုပ်နေကြတာ၊ စစ်အာဏာရှင်တွေရဲ့ ”သမိုင်းထင်ရှားအ မှားတကာ့

အမှားဆုံး” လုပ်ရပ်တွေသာ ဖြစ်ခဲ့ရပါတယ်။ ဖြစ်နေဆဲပါပဲ။





ဒါတွေ ကို မလုပ်ကြပါနဲ့ဆိုပြီး ငိုကြီးချက်မနဲ့ တားကြဆီးကြ၊ ဆန္ဒထုတ်ဖော်ကြတဲ့

ဒေသခံပြည်သူလူထုကိုကျတော့ရန်သူသဖွယ်သဘောထားပြီးမန္တလေးဆေးရုံကြီး၊

မုံရွာ ဆေးရုံကြီးတွေမှာ အတွင်း လူနာတွေ ဘဝ ရောက်ရလေအောင် မီးလောင်ဗုံး

တွေသုံးပြီး ဖြိုခွင်းလူစုခွဲပစ်ခဲ့ ကြတယ်။ မှားပြီးရင်းမှားရင်း တွင်းတူးပြီး မိုက်တွင်း

ကို နက်သထက်နက်ပြနေကြတဲ့"တစ်ဘဝစံ”အာဏာမာန်တက်၊ ပြည်ဖျက်မျိုးဖျက်၊

လက်တစ်ဆုပ်စာ လူတစ်စုရဲ့ "ကောင်းမှုကုသိုလ်ပြုပါတယ် ဆိုတဲ့” နိုင်ငံပိုင်မီဒီယာ

တွေပေါ်ကရုပ်ပုံလွှာတွေဟာရယ်ပွဲဖွဲ့စရာပါ။ ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာအသည်း

လိပ်ပြာရော သန့်မှသန့်ကြပါရဲ့လားဗျာ။





မကြာသေးခင်ကပဲ ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်းက ဖမ်း ဆီး၊ တရားစွဲဆိုပြီး ရဲအက်ဥပဒေပုဒ်မ ၄၂အရ ”ထောင်ဒဏ် ၈ ရက် ကျခံ သွားခဲ့ရတဲ့ ကိုအောင်ကိုဦးဆိုသူ

ဟာ လက်ပံတောင်းတောင်က လယ်တီဆရာ တော်ဘုရားကြီးရဲ့ ရှေးဟောင်းသာသနိ

ကအဆောက်အအုံတွေကို နေရာမရွှေ့ ပြောင်းဖို့အတွက် ရန်ကုန် ဆူးလေ ဘုရား လမ်း

နဲ့ ကုန်သည်ကြီးများဟိုတယ်နားမှာ မီးပန်းပစ်ဖောက် ဆန္ဒထုတ်ဖော်ခဲ့လို့ ဒီ ပြစ်ဒဏ်ကို

ကျခံသွားခဲ့ရတယ်ဆိုတာ သိလိုက်ရပါ တယ်။ မတ်လ ၃ဝ ရက်နေ့ ၂ဝ၁၄ မှာ ဒီကိစ္စဖြစ်

ပေါ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့ မှာ သူ့ကို အမိန့်ချခဲ့တယ်လို့ သိရတယ်။ ဆန္ဒထုတ်ဖော်တဲ့

နေရာမှာတော့ ဘယ်ပုံဘယ်နည်းဆန္ဒထုတ်ဖော်ရင် ပြဿနာမရှိနိုင်ဘူးဆိုတာကိုတော့ ဆန္ဒ

ထုတ်ဖော်မယ့်သူတွေဘက်က ကြို တင်ပြီး စဉ်းစားသင့်ပါတယ် ဆိုတာတော့ ကျွန်တော်

စေတနာနဲ့ အကြံပြုပါရစေ ဗျာ။ ပြဿ နာမဖြစ်နိုင်သော ဆန္ဒထုတ် ဖော်နည်းအရ ပုဒ်မ ၁၈ ဆိုတာကြီးကိုပါ ကြိုတင်စဉ်းစားပြီး တရားဝင်ဆန္ဒ ထုတ်ဖော်သင့်ကြပါတယ်။





ဘာပဲဖြစ်ဖြစ်၊ အ မှန်တရားအတွက် နှလုံးသားနဲ့ မိမိတို့ရဲ့ အမျိုးသားရေးကိုရှေးရှုပြီး၊ လူထုကြီး တစ်ရပ်လုံးကပဲဖြစ်စေ၊ လူတစ်စု၊ လူ တစ်ဖွဲ့၊ လူတစ်ဦးချင်းစီ ကပဲ ဖြစ် ပါ

စေ၊ မိမိတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ကြတဲ့ အခါမှာ ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှု တွေ မဖြစ်ကြဖို့အတွက် အဘက်ဘက်ကကြိုတင်စဉ်းစားပြီးမှစနစ်တကျ ဆန္ဒထုတ်ဖော်သင့်

ကြပါတယ်။





ဘာကြောင့်လဲ ဆိုတော့ ခေတ်ကြီးကိုက ပျက်နေတာ ကြာပြီဗျ။ ယုတ်စွ အဆုံး တရုတ်

တွေကရန်ကုန်မြို့လယ်မှာရှိတဲ့အထင်ကရ၊မြန်မာ့လွတ်လပ်ရေးအထိမ်းအမှတ်ကျောက် တိုင်ကြီးရှိတဲ့၊ မဟာဗန္ဓုလ ပန်းခြံမြေနေရာကြီးကိုပါ လိုချင်ပါတယ်ဆိုရင် ခင်ဗျားတို့ကျွန်

တော်တို့က ဒီကျောက်တိုင်ကြီးကိုတူးဖော်ပြီး ဖြစ်တဲ့နည်းနဲ့ရန်ကုန်မြို့ပြင်ကို ရွှေ့ပြောင်း

ချင် ရွှေ့ပြောင်းပေးကြရဦးမှာကိုး။ ခေတ်ကပျက်နေတာကြာပြီလေဗျာ။ ဘဝအာမခံချက်

ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူလူထုဘက်မှာမရှိခဲ့တာ ကာလတွေရှည်ကြာခဲ့ပါပြီ

ဗျာ။တစ်စိမ့်စိမ့်တွေးကြည့်လေလေ..ရင်ထဲမှာဝမ်းနည်းကြေကွဲရလေလေပါပဲဗျာ။သြော်..

ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ဝဋ်ကြွေး တွေက ကြီးမားလွန်းလှတာကိုး။ မင်းဆိုး၊ မင်းညစ်

တွေရဲ့ လက်ထဲမှာ ခင်ဗျား တို့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ခန္ဓာ ကြီးရှိပါလျက်နဲ့ "သေဆုံး” နေကြ တာကြာပြီပဲလေဗျာ။ သိပ်ဝမ်းနည်းကြေ ကွဲဖို့ကောင်းပါတယ်။

from Popular Myanmar News Journal's Facebook Wall http://ift.tt/1lcGICn

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3