Skip to main content

ကချင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်ဘက်မ...



ကချင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ရှစ်ဦး ကျဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကာ KIA ဘက်မှ ၁၄ ဦး ကျဆုံးခဲ့



ကချင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ရှစ်ဦးကျဆုံးပြီး ၁၇ ဦး ဒဏ်ရရှိကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်မှ ၁၄ဦး ကျဆုံးခဲ့ကြောင်း ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော အချက်အလက်များအရ သိရှိရသည်။



ထို့အပြင် တပ်မတော်စစ်ကြောင်းများက ကချင်ပြည်နယ် မန်စီမြို့နယ်၊ ပန်ခမ်းဒေသနှင့် မိုးမောက်မြို့နယ် ဗန်းမော်- စိန်လုံ- လွယ်ဂျယ် ဆက်သွယ်ရေးလမ်းကြောင်းများအား ရှင်းလင်းထိန်းချုပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များအရ ဧပြီ ၄ ရက်တွင် မန်ဝိန်းကြီး နှင့် ကောင်းမှုယန် ဆက်သွယ်ရေးလမ်းကြောင်းတွင် ပုံမှန်တပ် လဲလှယ်ရေးတာဝန်ဖြင့် သွားလာစဉ် KIA ဘက်မှ ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ ပြီး အဆိုပါနယ်မြေကို စိုးမိုးနိုင်ရန်အတွက် နယ်မြေရှင်းလင်းရန် လိုအပ်လာကြောင်း ဖော်ပြခဲ့သည်။ နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပြီး ပန်ခမ်းနယ်မြေအား တပ်မတော်ဘက်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းစဉ်ကာလ၌ တပ်မတော်ဘက်မှ အရာရှိတစ်ဦး၊ စစ်သည်နှစ်ဦး ကျဆုံးပြီး အရာရှိတစ်ဦးနှင့် စစ်သည်လေးဦး ဒဏ်ရာရရှိကာ KIA ဘက်မှ အလောင်းခြောက်လောင်းနှင့် လက်နက်ငါးလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။



ထို့အပြင် ဧပြီ ၁၃ ရက်တွင် မိုးမောက်မြို့နယ် ကျောက်စခန်းအနီး မိုင်တိုင်(၁၂/၄) ၌ ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်သော တပ်မတော်စစ်ကြောင်းမှ မော်တော်ယာဉ် ခုနစ်စင်း ဗန်းမော်မှ စိန်လုံသို့ သွားရောက်စဉ် ယာဉ်တန်းအလယ်ရှိ မော်တော်ယာဉ်ကို KIA က မိုင်းဆွဲတိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ကျဆုံးပြီး ကိုဦးဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။



မိုင်းဆွဲတိုက်ခိုက်ခံရသော ယာဉ်နှင့် ယာဉ်ပေါ်တွင်ပါရှိသည့် လက်နက်မျိုးစုံ ၁၃ လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။



ထို့ကြောင့် ဗန်းမော်-စိန်လုံလမ်းကြောင်းပေါ်တွင် တိုက်ခိုက်ခဲ့သော KIA တပ်ဖွဲ့ဝင်များ အခြေပြုရာ ပွိုင့် ၇၉၂ စခန်း (မိုင်ဆက်ကောင်း)နှင့် ပွိုင့် ၄၀၆ (ဒဂေါ်မကာဘွမ်)တို့အား စစ်ကြောင်းများက ရှင်းလင်းခဲ့ပြီး ထိုစခန်းများကို ရှင်းလင်းရာတွင် တပ်မတော်ဘက်မှ စစ်သည်သုံးဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ KIA ဘက်မှ အလောင်းရှစ်လောင်း နှင့် လက်နက်မျိုးစုံ ငါးလက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။



ပန်ခမ်းနယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် နယ်စပ်မျဉ်းမှ မီတာ ၄၀၀၀ အထက် ကွာဝေးသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နှစ်နိုင်ငံ၊ သံတမန်ရေးရာကိစ္စရပ်များ ထိခိုက်မှုမရှိကြောင်းနှင့် တပ်မတော်ဘက်မှ တပ်များသည် ပန်ခမ်းနယ်မြေအတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများသို့ ၀င်ရောက်ခြင်းမရှိသဖြင့် ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြခဲ့ပါသည်။



ဧပြီ ၁၀ ရက်မှစတင်ကာ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၈ ရက်အထိ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။



အစိုးရတပ်များက KIA တပ်မဟာ ၃၊ တပ်ရင်း၂၇ နယ်မြေကို ထိန်းချုပ်ရာ၌ ဧပြီ ၁၂ ရက်တွင် မန်ဝိန်းကြီးနှင့် နမ့်တောင်းအကြားရှိ KIA အထိုင်ချထားသော ဘန်ခမ်နယ်စပ်ဂိတ် စခန်းကိုသိမ်းယူခဲ့ပြီး တပ်ရင်း ၂၇ ယာယီဌာနချုပ်ကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။



ထို့နောက် မိုးမောက်မြို့နယ်အထက် ပိုင်းရှိ KIA ပိုင်တပ်မဟာ ၃၊ တပ်ရင်း ၁ နယ်မြေများ၌ ဖြစ်ပွားသော တိုက်ပွဲများမှာ မိုးမောက်-လွယ်ဂျယ်လမ်းအတိုင်း မောင်းနှင်လာသည့် အစိုးရတပ် စစ်ယာဉ်တန်းကို KIA တပ်ရင်း ၁ တပ်ဖွဲ့ဝင်များက ဧပြီ ၁၃ ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



ယခုဖြစ်ပွားသော တိုက်ပွဲများ၌ တပ်လဲလှယ်ရေးလုပ်ရန် သွားလာနေသော အစိုးရတပ်များကို KIA က တိုက်ခိုက်သဖြင့် နယ်မြေရှင်းလင်းရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပြီး အစိုးရတပ်များ၏ တပ်လဲလှယ်မှုသည် အတက်အဆင်းမမျှတဘဲ စစ်အင်အားတိုးချဲ့သည့် ပုံစံများဖြင့် တပ်လှုပ်ရှားမှု ပြုလုပ်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု KIA က ပြောကြားသည်။



“သူတို့က တပ်အပြောင်းအရွှေ့ လုပ်တယ်ဆိုပြီး အများအမြင်မှာ ပြောတယ်။ အရွှေ့အပြောင်းလုပ်တဲ့အခါ ဆင်းသွားတာက ၁၀၀ ဆိုရင် ပြန်တက်လာတာက ၂၀၀ လောက်ရှိတယ်။ စစ်အင်အား တိုးချဲ့တာပေါ့”ဟု KIO ၏ ပြန်ကြားရေးအရာရှိ ဦးလနန်က ဧပြီ ၁၈ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။



ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဧပြီ ၁၉ ရက် ညပိုင်းက KIA သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။



ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်နှင့် ရှမ်းတိုင်းရင်းသားကျေးရွာများတွင် နေထိုင်သူများ အိုးအိမ်စွန့်ခွာပြေးခဲ့ရပြီး စစ်ပြေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ပြေးဒုက္ခသည်များနှင့် မန်ဝိန်းကြီးဒုက္ခသည် စခန်း၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင် ရှိနေကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1lmM508

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...