တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ရန်ပုံငွေပွဲအဖြစ် သုဝဏ္ဏ အမျိုးသားအားကစားရုံ (၁) မှာ ကျင်းပမယ့် နာမည်ကျော် တောင်ကိုရီးယား K-Pop တေးဂီတအဖွဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေကို ရန်ကုန်မြို့တွင်း 1876 Call Center ၊မန်းသီရိတေးသံသွင်း၊ City Mart ဆိုင်တွေနဲ့ Fortune International ကုမ္ပဏီတို့ဆီမှာ ဝယ်ယူနိုင်ပြီး လက်မှတ်တစ်စောင်ကို ကျပ်တစ်သိန်း၊ ကျပ်ခုနစ်သောင်း၊ ကျပ်ငါးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်သုံးသောင်း၊ ကျပ်နှစ်သောင်း၊ တစ်သောင်းငါးထောင် အသီးသီး သတ်မှတ်ထားတယ်လို့ Fortune International ကုမ္ပဏီ မန်နေဂျာ ဦးအောင်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ဖျော်ဖြေမယ့် K-Pop အဖွဲ့မှာ Tint၊ Dal Shabet၊ Girl Day တို့အပြင် ဆောင်းဦး ရွက်ကြွေ ချစ်သက်သေ ရုပ်သံဇာတ်လမ်းတွဲ နောက်ခံသီချင်းဆိုသူ Jung I Young တို့လည်းပါမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား တိုက်ကွမ်ဒို ပြိုင်ပွဲကို ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီကနေ ၁၀ နာရီအထိ ကျင်းပမှာ ဖြစ်ပြီး K-Pop အဖွဲ့တွေက ညနေ ၆ နာရီကနေ ၈ နာရီအထိ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံ -
http://ift.tt/1iFkzf7
from The Voice Weekly's Facebook Wall http://ift.tt/1mugriL
Comments
Post a Comment