Skip to main content

အပူရှိန်နေ့ ဖက် ပြင်းသထက် ပြင်းလာပြီ





ပူပြင်းလာပြီ ဥတုရာသီ ကာကွယ်မနှေး လိုက်နာပေး………

ယနေ့ မြန်မာနိုင်ငံရှိ လူအများအပြားသည့် နေပူပြင်းလှသည့် နေရောင်အောက်တွင် မြို့ကြီးများ နှင့် ကျေးလက်ဒေသများတွင် ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေသူ များကလည်း အပူဒဏ်ကို မေ့လျော့နေကြသည်။ မိမိ၏ ဝမ်းရေးကြောင့် ယခုလို ပူပြင်းနေသည့်ကို မေ့လျော့နေခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် အပူနှင့်အတူ မလိုလားအပ်သော ဆိုးကျိုးပေါင်းများစွာ ဖြစ်ပေါ်ခံစားရလာနိုင်ပါသည် ။


လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ မြို့နယ်အချို့၌ ခရမ်းလွန်ရောင်ခြည် ပမာဏ ၈ ရည်ညွှန်းကိန်းမှ ၁၂ ရည်ညွှန်း ကိန်းထိ ရှိနေပြီဖြစ်ကြောင်းကို အင်တာနက် စာမျက်နှာ အသီးသီးနှင့် ဝက်ဆိုက်တွင်အကျယ်တဝန်းဖော်ပြထားကြပါသည် ။ယခုလို့ ဖော်ပြသောလည်း လူအများစုနှင့် ဒေသအများအပြားတွင် ခရမ်းလွန် ရောင်ခြည်နှင့်ပတ်သက်ပြီး လူအများအပြား အသိပညာပိုင်းသိရှိလာနိုင်ရန် မရှိသေးကြပါ ။ဒါကြောင့် နေရောင်ကို တိုက်ရိုက်ထိတွေမှု့ ကို အတက်နိုင်ဆုံး ရှောင်ရှားနိုင်စေရန် နည်းလမ်းပေါင်းစုံကိုအသုံးပြု့ ပြီး သွားလာလုပ်ကိုင်သင့်ကြောင့်ကို အထူးအလေးနက် ပြောကြားလို ပါသည် ။


နေရောင်ကို တိုက်ရိုက်ထိတွေ့ နေရသော သူများအနေဖြင့် ရေရှည်တွင် အရေပြားရောဂါများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သိရှိပြီး ကာကွယ်ရန်လည်း လိုအပ်ပါသည် ။


အခုလို ပူပြင်းသော ရာသီဥတုသို့ ရောက်ရှိလာနေပြီဖြစ်သောကြောင့် ကလေးငယ်များနှင့် လူကြီးတချို့ တွင် အပူကြောင့် မိတ်ပေါက်ခြင်း ၊ ယာဖုများ ဖြစ်ပေါ်လာခြင်း နှင့် အပူ အပိန်းအဖုများ ဖြစ်ပေါ်လာတက်ကြပါသည် ။


ပြင်းထန်သော နေရောင်ခြည်ကြောင့် အခုလက်တလော အခြေအနေတွင် ဘာမှ မဖြစ်သောလည်း ဒီအတိုင်း ခံစားထိတွေ့ နေလျှင် နှစ်ပေါင်းများစွာ ကြာမြင့်လာပါက အရေးပြားကင်ဆာ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သိရှိနားလည်းပြီး ကာကွယ်ရန် အလွန်ပင် အရေးကြီးပါသည် ။


သင့်သည် ပူပြင်းသည့်နေပိုင်းတွင် သွားလာမည်ဆိုပါက နေပူချိန်မြင့်မားသည့် အချိန်များကို ရှောင်၍ထွက်ရန် လိုအပ်သည်။


နေ့ အပူဒဏ် ကာကွယ်နိုင်ရန် အလွယ်တကူလုပ်နိုင်သည့် နည်းလမ်းတစ်ချို့ မှာ …….

(၁) သင့်အိပ်ယာထထခြင်း ရေကို အဝသောက်သည့် အကျင့်လုပ်ပါ

(၂) နေအပူရှိန်စရသည့် နံနက် ၁၀ နာရီမှ ညနေ ၅ အတွင်း ရေချိုးခြင်း မပြု့ လုပ်သင့်ပါ

(၃) နေပူသည့်နေ့ ခင်းတွင် အပြင်ထွက်လျှင် နေအပူဒဏ်ခံနိုင်သော ခရင်မ် လိမ်းခြင်း (သို့ ) သနပ်ခါး ထူထူလိပ်ခြင်း နှင့် ချည်သားအကျီ င်္အပွဖြစ်သော အဝတ်ထည်ကိုဝတ်ဆင် သွားလာခြင်း

(၄) နေ့ ခင်းဖက်တွင် အနက်ရောင်သည်အပူကိုစုပ်ယူနိုင်သည့် ဂုဏ်သတ္တိရှိသဖြင့် အနက်ရောင် အကျီ င်္းဝတ်ဆင်ပြီး သွားလာခြင်းကို လုံးဝ ရှောင်ကြဉ်ပါ

(၅) နေ့ ခင်းပိုင်းသွားလာခြင်းများသည့်အခါ ရေဆာလောင်ခြင်းဖြစ်လာပါက ရုတ်တရက် ရေခဲရေများ သောက်ခြင်းကို ရှောင်ကြဉ်ပေးပါ

(၆) တနေ့ တာအတွက် ချွေးထွက်များခြင်းကြောင့် နေ့ စဉ် (သို့ ) ရက်ခြား သီးစုံဖျော်ရည် တစ်ခွက်ကို သောက်သုံးပေးပါ

(၇) နေ့ ခင်းဖက်များတွင် အရည်သေစာ သောက်စားခြင်းရှိပါက လုံးဝ ရှောင်ကြဉ်ပေးပါ

(၈) အအေးခန်းများမှအပြင်ကို ထွက်မည်ဆိုပါကရုတ်တရပ် နေအပူထဲသို့ သွားလာခြင်းကို ရှောင်ကြဉ်သင့်သလို့  အပူဒဏ်ခံစားနေရာမှ အအေးခန်းသို့ ချက်ခြင်း ဝင်ရောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်

(၉) သနပ်ခါးလိပ်ခြင်း ၊ ထီးများဆောင်းခြင်း ၊ ဦးထုပ်ဆောင်ခြင်း နှင့် နေကာမျက်မှန်များ တပ်ဆင်ခြင်းဖြင့် အပြင်သို့ သွားလာပေးခြင်း

(၁၀) ခြေကျင်လျှောက်သူများ ၊ စက်ဘီးစီးသူများ ၊ ဆိုက်ကယ်စီးသူများ နှင့် အကာကွယ်မဲ့  အလုပ်လုပ်ဆောင်နေသူများ တွင် ရုတ်တရပ်မူးဝေခြင်း ဖြစ်လာပါက ချက်ခြင်း အရိပ်ရှိရာနေရာတွင် ခေတ္တခဏနားရင်း အသက်ပြင်းပြင်းရှူရှူ ပေးပါ ပိုဆိုးလာပါက ဘေးပတ်ဝန်းကျင်ကို ချက်ခြင်းအကူအညီ တောင်းခံရယူပါ

(၁၁) ပူပြင်းသော ရာသီဥတုကြောင့် အသက်ကြီးရင့်သော လူကြီးများ ၊ နာတာရှည်ရောဂါရှိသူများ နှင့် ကလေးသူငယ်များ နေမကောင်းဖြစ်ပြီး ကိုယ့်အပူချိန်မြင့်မားလာပါက သတိမေ့ တက်ခြင်း ၊ အတွင်းတက်ခြင်းများ ဖြစ်ပေါ်လာတက်သည် ။ အထူးသတိရှိစွာဖြင့် ကြည့်ရှူ့ ပြီး နီးစပ်ရာ ဆေးရုံး ဆေးခန်းများကို ချက်ခြင်း သွားရောက် ကုသပေးခြင်း လုပ်ဆောင်ပါ ။


ဆောင်ရန်ရှောင်ရန် များစွာရှိသည့်အနက် တင်ပြပါတို့ သည် အလွယ်တကူ လုပ်ဆောင်နိုင်သည် အချက်များပင်ဖြစ်ပါသည် ။


မကြာခင်ရက်ပိုင်းများအတွင်းတွင် ရာသီဥတုမှာ ပူပြင်းလာနေသည့် အတွက် အပူဒဏ် ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပေးမှု့ ကို နေ့ စဉ် သတင်းစာများ ၊ ဂျာနယ်များ နှင့် ရုပ်သံများတွင် အကျယ်တဝန်း အသိပေးတင်ပြလာပါတော့မည် ။


“ပူပြင်းလာပြီ ဥတုရာသီ ကာကွယ်မနှေး လိုက်နာပေး” တင်ပြချက်များကို သိရှိလိုက်နာပြီး လူသားအားလုံး အသက်ရာကျော် ရှည်ပါစေ …..


Mg Mandalay





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/RIiAgx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...