Skip to main content

ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို ရန်ကုန်၊ ဧပြီ...



ဖုန်းခေါ်ဆိုမှု အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟု တယ်လီနောမြန်မာဆို



ရန်ကုန်၊ ဧပြီ ၂၆



ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းများ ပြည်တွင်းတွင် စတင် လုပ်ကိုင်နေပြီ ဖြစ်သည့် တယ်လီနောမြန်မာက ၎င်းတို့ အသုံးပြုမည့် မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမှု အချက်အလက်စင်တာ (Core Network Data Center) များသည် ဖုန်းအဝင်အထွက် ခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်ကြောင်း တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“Data Center တစ်ခုက Users ၁၀ သန်းကျော် သုံးလို့ရတယ်။ နှစ်ခု တည်ဆောက်ထားပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။



တယ်လီနောမြန်မာက ယင်းကုမ္ပဏီ၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ကို ထိန်းချုပ်စီမံခန့်ခွဲမည့် Core Network Data Center ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် တည်ဆောက်ထားပြီး ရန်ကုန်ရှိ Data Center ကို ဧပြီလ လဆန်းပိုင်းက လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကာ မန္တလေးရှိ Data Center ကို မေလဆန်းတွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။



လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ခြောက်သန်းကျော်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသော်လည်း မိုဘိုင်းလ် ဆက်သွယ်ရေး စနစ်များမှာ အသုံးပြုရ ခက်ခဲနေပြီး တယ်လီဖုန်း ခေါ်ဆိုမှုများမှာ အဆင်ပြေချောမွေ့မှု မရှိကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက ဆိုသည်။



“ဒီအတိုင်းဆို အခုချိန် တယ်လီနောကို Data Center ကို ပြည်တွင်းက တာဝါတိုင်တွေကို ချိတ်ဆက်ခိုင်းပြီး လူတွေကို သုံးခွင့်ပေးရင်တောင် လူက ခြောက်သန်းကျော်ပဲ ရှိတာ။ အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးနိုင်မယ်ဆိုတဲ့ သဘောပဲ။ MPT က စက်တွေကိုက စုတ်နေတာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေဦးက ဆိုသည်။



ရန်ကုန်ရှိ Data Center ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ၏ မိုဘိုင်းလ် ခေါ်ဆိုမှုများနှင့် မိုဘိုင်းလ် အင်တာနက် အသုံးပြုမှုများကို ထိန်းချုပ် စီမံခန့်ခွဲရန်အတွက် ရည်ရွယ် တည်ဆောက်ထားပြီး Huawei ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကာ မြန်မာနိုင်ငံ အထက်ပိုင်းအတွက် ရည်ရွယ်ထားသည့် မန္တလေးရှိ Data Center ကိုမူ Ericson ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။



တယ်လီနောမြန်မာ အနေနှင့် အဆိုပါ Data Center နှစ်ခုကို မြန်မာတစ်နိုင်ငံလုံးရှိ တယ်လီနော၏ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက်၍ တယ်လီနောမြန်မာ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် 2G၊ 3G နှင့် 4G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1lUZa0X

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...