တနင်္လာနေ့ မနက် ၆နာရီခွဲက ကွယ်လွန်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ရုပ်အလောင်း ကို လာမယ့် ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီမှာ ရေဝေး သုဿန်မှာ ဂူသွင်း သဂြိုလ်မှာ ဖြစ်ပါတယ်။
ဆရာကြီး ဦးဝင်းတင်ရဲ့ ရုပ်အလောင်းကို ရန်ကုန် ဆေးရုံကြီး အအေးတိုက် ကနေ မြောက်ဥက္ကလာပ ရေဝေး အအေးတိုက် ကို တနင်္လာနေ့ မနက်က သယ်ဆောင်သွားခဲ့ပြီး ဆရာကြီး ဦးဝင်းတင်ကို အောက်မေ့တသ ရှိသူတွေ အမှတ်တရ လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းနဲ့ ရန်ကုန် တက္ကသိုလ် အနီး ယုဒဿန် ခန်းမမှာ ဖွင့်လှစ် ထားရှိပါတယ်။
ဦးဝင်းတင်ရဲ့ ဈာပန အစီအစဉ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1lvSjeb
Comments
Post a Comment