Skip to main content

လွှတ်တော်သို့တင်ပြသည့် မေးခွန်းအချို့ လွှတ်တော်ဥက္ကဋ္ဌ ထိမ်ချန်ထားဟု တိုင်းအမတ်စွပ်စွဲ





အရေးကြီးသည့် မေးခွန်းနှင့် အဆိုပြု ချက်အချို့ကို ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌက အစည်းအဝေး အစီ အစဉ်တွင် ထည့်သွင်း မပေးဘဲ ထိမ်ချန်ထားသဖြင့် လွှတ်တော်တွင် ပြောဆိုခွင့်မရခဲ့ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာ ညိုညို သင်းက ပြောဆိုလိုက်သည်။

လွှတ်တော် သက်တမ်း သုံးနှစ်အတွင်း ထိမ်ချန်ခံခဲ့ရသည့် မေးခွန်းနှင့် အဆိုပြု ချက်ပေါင်း အရေအတွက်ကို ပြုစုမထားသော်လည်း တရာစီရင်ရေးကဏ္ဍနှင့် ရဲတပ်ဖွဲ့အားနည်းချက်အပေါ် ထောက်ပြမည့် မေးခွန်း အများစုကို လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းမပေးခြင်းဖြစ်သည်ဟု ဒေါက်တာညိုညို သင်းက ပြောသည်။


“လွှတ်တော်ဥက္ကဋ္ဌတွေက ရည်ရွယ်ချက်ရှိလို့ဖြစ်စေ၊ မရှိလို့ဖြစ်စေ၊ အစီအစဉ်တွေထဲမှာမပါဘဲ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ပြောခွင့်လိုက်ကာချခံရတယ်” ဟု ၎င်းက ဆိုသည်။


လွှတ်တော်တွင် မေးမြန်းဆွေးနွေးလိုသည့် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများအား လွှတ်တော် အစည်းအဝေး စမည့်ရက်မတိုင်မီ လွှတ်တော်ရုံးသို့ အမတ်တို့က ကြိုပြီးတင်ပြရသည်။ ဥပမာအားဖြင့် ဥပဒေကြမ်းတစ်ခု လွှတ်တော်သို့ တင်ပြမည်ဆိုပါက လွှတ်တော်အစည်းအဝေး စမည့်ရက်မတိုင်မီ တစ်လ ကြိုပြီးအကြောင်း ကြားထားရသည်။


ယခုကဲ့သို့ အမတ်တို့၏ မေးခွန်းများနှင့် အဆိုပြုချက်များ ထိန်ချန်ထားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက “ကြယ်ပွင့်ပြတိုင်းလည်း လွှတ်တော်အစည်းအဝေးမှာ ထည့်လို့မရ ဘူး။ ဘယ်မေးခွန်းတွေကို ထည့်၊ မထည့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခွင့်ရှိတယ်”ဟု မဇ္ဈိမ ကိုပြောသည်။


လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း လွှတ်တော်အမတ်တို့ မေးမြန်းထားသည့် မေးခွန်းပေါင်း ၁,၄၅၅ ခုကိုပင် သက်ဆိုင်ရာက ဖြေဆိုခဲ့ပြီးဖြစ်သည်ဟု ဦးစိန်တင်ဝင်းက ပြောသည်။


“တချို့ကိုယ်စားလှယ်တွေဆို လွှတ်တော်ထဲမှာဖြေပြီးသားကိုတောင် စာနဲ့ပြန်ပို့ပေးရတာရှိတယ်”ဟု ၎င်းက ဆိုသည်။


ယခုကဲ့သို့ မေးခွန်းများထိန်ချန်ခြင်းကို ကိုယ်တိုင်ကြုံ့ခဲ့သူ ဆိပ်ကမ်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးနေ မျိုးအောင်က ထိုသို့ဖြစ်ရသည်မှာ လွှတ်တော်အမတ်တို့ တင်ပြထားသည့်မေးခွန်းနှင့် အစည်းအဝေး ကျင်းပ သည့်ရက် မမျှတခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။


ထိုကဲ့သို့ မေးမြန်းပြောဆိုခွင့် ထိန်ချန်ခံထားရသလို အမတ်တို့၏မေးမြန်း၊ တင်ပြချက်များကို တိုင်းအစိုးရ ဖြေရှင်းပေးမှုမှာလည်း ဆယ်တန်းကျောင်းသားများ၏ အောင်မှတ်(၄၀မှတ်)အဆင့်သာရှိသည်ဟုလည်း ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့သေးသည်။


“စာမေးပွဲတော့ အောင်ပါတယ်။ အောင်မှတ်လောက်နဲ့တော့ နောက်ရွေးကောက်ပွဲမှာ ဘယ်လိုလုပ် စာမေးပွဲအောင်မှာလဲ”ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။


ဒေါက်တာညိုညိုသင်းမှာ တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များကို အများဆုံး ထောက်ပြဝေဖန်ခဲ့သည့် တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်သည်။


မင်းမင်း


Mizzima - News in Burmese






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ho3veD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...