Skip to main content

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေသြ...



ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ခိုအောင်းနေသည့် ခိုး၊ ဆိုး၊ နှိုက်များကို တိုင်းဒေသကြီးနှစ်ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးမည်



မန္တလေး၊ ဧပြီ ၎



မန္တလေးမြို့တော် အနီးရှိ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ဆိုက်ကပ်သော သင်္ဘောနှင့် စက်လှေများပေါ်ရှိ ကုန်ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက် ယူခြင်းများ ဖြစ်ပေါ်နေပြီး ယင်းကျူးလွန်သူများသည် အဆိုပါ မြစ်ကြောင်း တစ်လျှောက်ရှိ သဲသောင်ပြင်များတွင် ခိုအောင်းနေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဧပြီလ ၄ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။



မန္တလေးမြို့အနီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်များဖြင့်ပါ ခြိမ်းခြောက်ယူခြင်းများ ဖြစ်ပေါ်မှု များပြားလာသည့်အတွက် မန္တလေးမြို့တော်ရှိ နယ်မြေရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူများ၏ ခေါင်းဆောင်များသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဲသောင်၊ ကျွန်းများတွင် ကျန်ရှိနေသည့်အတွက် ယင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။



“ကျူးလွန်တဲ့ သူတွေကို မန္တလေးတိုင်း ရှမ်းကလေးကျွန်း အနီးမှာ ဖမ်းဆီးရမိခဲ့တယ်။ သူတို့ရဲ့ခေါင်းဆောင်တွေက စစ်ကိုင်းတိုင်းထဲက သဲသောင်တွေ၊ ကျွန်းတွေမှာ ခိုအောင်း နေတဲ့အတွက် နေရာအတိအကျ သိတာနဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဖမ်းဆီးသွားမှာပါ” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။



ယင်းသို့ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်းများကို အုပ်စုလိုက် ခိုးယူခြင်း၊ လက်နက်ဖြင့်ပါ ခြိမ်းခြောက်ယူခြင်းများ ဖြစ်ပေါ်မှု များပြားလာသည့်အတွက် ရေကြောင်း လုံခြုံရေးအတွက် အင်အား ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ထပ်မံပြောကြားသည်။



“အခုတော့ ပစ္စည်းယူတာတွေ၊ ခြောက်လှန့်တာတွေ မလုပ်တော့ဘူး၊ မော်တော်တွေပေါ်မှာ တစ်ညကို ငါးယောက်လောက် ရဲတွေ ကင်းစောင့်တယ်။ စက်လှေတွေနဲ့လည်း မြစ်ကြောင်းကို လှည့်ကင်း ပတ်တယ်” ဟု ဧရာဝတီ မြစ်ကြောင်း ဂေါဝိန်ဆိပ်ရှိ စွမ်းကေကေ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



ရှမ်းကလေးကျွန်း အနီးရှိ သဲသောင်ပြင်တွင် တံငါသည်၊ တောင်ယာ လုပ်ကိုင်သူများအဖြစ် ဟန်ဆောင် နေထိုင်ပြီး ညပိုင်းအချိန်တွင် ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကုန်တင်စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်ခုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီက ဖမ်းဆီးမိပြီး အခြားအမှုများ ကျူးလွန်ခြင်းရှိ မရှိ စုံစမ်း စစ်ဆေးလျက်ရှိကာ မသင်္ကာမှုဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြာင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ထပ်မံပြောကြားသည်။





from The Voice Weekly's Facebook Wall http://ift.tt/1i9Yql5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...