Skip to main content

ယောက်ဖအသတ်ခံရမှု သွားကြည့်သူ လူငယ်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်ဟုဆို





ရန်ကုန်၊ ဧပြီ ၎

မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအမှတ် (၄) ရပ်ကွက် ဘုရားကြီးလမ်းတွင် ဧပြီလ ၃ ရက် ည ၇ နာရီခန့်က ယောက်ဖဖြစ်သူ ဓားထိုး အသတ်ခံရသည်ဟု ကြားသိရသောကြောင့် အသတ်ခံရသော နေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့သော အသက် ၂၈ နှစ်အရွယ် အမျိုးသားကို နယ်မြေခံ ရဲတပ်ရင်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့သည်ဟု ယင်းကျေးရွာ နေသူများထံမှ သိရှိရသည်။


ရိုက်နှက်ခံရသည်ဟု ဆိုသူ ကိုထွန်းဝင်းအောင်သည် အဆိုပါ ကျေးရွာအပိုင်း (၂) တွင် နေထိုင်သည့် ၎င်း၏ ယောက်ဖ တော်စပ်သူ အသက် ၃၅ နှစ်အရွယ် ကိုထိန်လင်းသည် ယင်းနေ့က ဘုရားကြီးလမ်းရှိ အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ညွန့် (ခ) ဦးမောင်ညွန့်၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့စဉ် စကားများ ရန်ဖြစ်ရာမှ ရင်အုံနှင့် ဝမ်းဗိုက် အတွင်းသို့ ဓားမြှောင်ဖြင့် ငါးချက်ဆင့် ထိုးခံရသဖြင့် သေဆုံးခဲ့သည်ကို သွားရောက် ကြည့်ရှုခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။


“သမက်ဖြစ်သူ ဓားထိုး အသတ်ခံရတယ်ကြားလို့ သားကို သွားကြည့်ခိုင်းတာ ဟိုရောက်တော့ သူ့ယောက်ဖက အိမ်ပေါ်မှာ ပက်လက်ကြီး သွေးအိုင်ထဲ သေနေတာတွေ့လို့ ရဲကို အကြောင်း ကြားထားတာ။ ဘာလို့ မလာသေးတာ လဲလို့ အနားက လူတွေကို မေးနေတုန်း အရပ်ဝတ်နဲ့ ရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်သားသုံးဦး ရောက်လာပြီး မင်းက ဘာစကားပြောတာလဲ မေးပြီး မျက်နှာကို ဓာတ်မီးနဲ့ထိုး နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်တာ။ ရပ်ကွက်က ဝင်ဆွဲခဲ့လို့ ကံကောင်းလို့ မသေတာ” ဟု ဓားထိုး အသတ်ခံရသူ၏ ယောက္ခမ ဦးခင်လှိုင်က ရှင်းပြသည်။


ဓားထိုးအသတ်ခံရသူ ယာဉ်မောင်း ကိုထိန်လင်းကို ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု တိုင်ကြားခံရသူမှာ ယာဉ်နောက်လိုက် ကိုခင်မောင်ညွန့် (ခ) မောင်ညွန့် ဖြစ်ပြီး လွန်ခဲ့သော သုံးရက်ခန့်က အလုပ်ပေါ့ လျော့မှုဖြင့် ကိုထိန်လင်းက နှစ်ရက်တာ ယာဉ်နောက်လိုက် လုပ်ခွင့်မပြုသည်ကို မကျေနပ်၍ ၎င်း၏ နေအိမ်သို့ ကိုထိန်လင်းကို ထမင်းဖိတ်ကျွေးပြီး ဓားမြှောင်ဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု ယင်းကျေးရွာ နေသူများထံမှ စုံစမ်းသိရှိရသည်။


“အသတ်ခံရလို့ ရဲတွေ မရောက်သေးဘူးလား မေးတာကို စိတ်ဆိုးပြီး ရဲတပ်ဖွဲ့က ဝိုင်းရိုက်တာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ရော ရွာသူရွာသားတွေပါ မျက်မြင်သက်သေ ရှိတယ်။ ဘာအပြစ်မှ မရှိတဲ့ ပြည်သူကို ပြည်သူ့ရဲက အသားလွတ် အနိုင်ကျင့်ရိုက်နှက်တာ” ဟု အရိုက်ခံရသူ၏ဖခင် ဦးခင်လှိုင်က ဆက်လက်ပြောကြားသည်။


အဆိုပါ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့များ နံပါတ်တုတ်ဖြင့် ရိုက်နှက် ခံခဲ့ရသောကြောင့် အသက် ၂၈ နှစ်အရွယ် ကိုထွန်းဝင်းအောင်၏ ဦးခေါင်း၊ ကျောကုန်းနှင့် ရင်ဘတ်တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ၎င်းမိသားစုထံမှ သိရှိရသည်။


“ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့လို့ ဒဏ်ရာ ရရှိခဲ့ကြောင်း စခန်းမှာ လာတိုင်ကြားခဲ့ပြီး တောင်းပန်ပေးရင် ကျေအေးပေးမယ်လို့ သူတို့ဘက်က ပြောခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင် ဖြစ်ပြီး တာဝန် ထမ်းဆောင်နေချိန်မှာ ဥပဒေ ဖောက်ဖျက် ကျူးလွန်ခဲ့တာ မှန်ကန်တယ်လို့ စုံစမ်းသိခဲ့ရင် ရဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ။ မျက်မြင် သက်သေဖြစ်တဲ့ ဒေသခံတွေနဲ့ အတိုင်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ယူ စစ်ဆေးနေတယ်” ဟု မှော်ဘီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အဆိုပါ နေအိမ်သို့ ထမင်းစား ဖိတ်ခေါ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု တိုင်ကြားခံရသော ကိုခင်မောင်ညွန့် (ခ) မောင်ညွန့်ကို မှော်ဘီမြို့မရဲစခန်းမှ (ပ)၁၈၅/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။


The Voice Weekly






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ky9taD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...