ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးဘေး ကျေးရွာများအားလုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး အစီအစဉ်ကို မတ်လမှ စတင်ဆောင်ရွက်လျက် ရှိရာ ကုန်ကျငွေကို မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဌာနက ကျခံပြီး ကုမ္ပဏီက အခမဲ့ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ယင်းအစီအစဉ်ကို လုပ်ကိုင်ခွင့်ရရှိသူ Brothers Group Co., Ltd. အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေဝင်းက ပြောကြားသည်။
“ဝန်ကြီးဌာန အစီအစဉ်ရဲ့ ပထမအဆင့်အနေနဲ့ အမြန်လမ်းဘေး တစ်မိုင်အတွင်း ရှိတဲ့ ကျေးရွာတွေ မီးလင်းရေး ဆောင်ရွက်သွားမှာပါ။ လက်ရှိ အိမ်ခြေ ၃၀၀၀ လောက် ဆိုလာစနစ်နဲ့ မီးလင်းပြီး ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
သတင်းအပြည့်အစုံ -
http://ift.tt/1iFpigQ
from The Voice Weekly's Facebook Wall http://ift.tt/1hkBQoY
Comments
Post a Comment