Skip to main content

အစိုးရနှင့် ပူးတွဲရေးဆွဲမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် NCCT...



အစိုးရနှင့် ပူးတွဲရေးဆွဲမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် NCCT မှ ကိုယ်စားလှယ် ခြောက်ဦး စတင်ရွေးချယ်



ရန်ကုန်၊ မတ် ၂၁



အစိုးရနှင့် ပူးတွဲရေးဆွဲမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း အတွက် NCCT ဘက်မှ ပါဝင် ရေးဆွဲမည့် ကိုယ်စားလှယ် ကိုးဦးအနက် ခြောက်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးတွင် ရွေးချယ်လိုက်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။



မတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးမှ NCCT ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်အဖြစ် ဖဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်များအဖြစ် ဦးနိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၊ ဦးရွှေမျိုးသန့်၊ ဦးထွန်းဇော် တို့ကို ရွေးချယ်ထားသော်လည်း ဦးနိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့မှာမူ တစ်လှည့်စီ ပါဝင်ကြမည်ဟု ၎င်းကဆိုသည်။



ကျန်ကိုယ်စားလှယ် သုံးဦးကို လာမည့် ဧပြီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပမည့် NCCT အစည်းအဝေးတွင် ဆက်လက် ရွေးချယ်သွားမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။



“စွမ်းဆောင်ရည် ရှိဖို့၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာ အခြေခံ ရှိရမယ်။ ကိုယ်စားပြုမှု အားကောင်းရမယ်။ အဲဒီအပေါ် အခြေခံပြီး အများသဘောနဲ့ ရွေးချယ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။



မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပခဲ့သော အစိုးရနှင့် NCCT တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်ဖက်ကိုယ်စားလှယ် ကိုးဦးစီဖြင့် မူကြမ်းရေးဆွဲရန် သဘောတူညီမှု ရရှိခဲ့ပြီး အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦးတွင် တပ်မတော်မှ သုံးဦး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ သုံးဦး၊ လွှတ်တော်မှ သုံးဦးစီ ပါဝင်မည် ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများက ဆိုသည်။



အစိုးရဘက်မှမူ ကိုယ်စားလှယ် ကိုးဦးကို လောလောဆယ် မရွေးချယ်ရသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ Peace Dialogue Program တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောဆိုသည်။



သြဂုတ်လ ၁ ရက် နောက်ဆုံးထားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ NCCT ကို အဆိုပြုထားသည်။



ဧပြီလ ၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း စတင် ရေးဆွဲရန်အတွက် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် NCCT ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

from The Voice Weekly's Facebook Wall http://ift.tt/1f1wXB7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...