MNLဖေဖော်ဝါရီလ အကောင်းဆုံး နည်းပြဆု နှင့်
အကောင်းဆုံး ကစားသမားဆု
ရန်ကုန်နှင့် ချင်းယူနိုက်တက် ပွဲစဉ်မှသာ ဆုပေးပွဲပြုလုပ်မည်
ရန်ကုန်-မတ်၂၂
MNL MYANMAR 2014 ပြိုင်ပွဲ ဖေဖော်ဝါရီလ အကောင်းဆုံး နည်းပြဆု နှင့် အကောင်းဆုံး ကစားသမားဆု များပေးအပ်ရန် အတွက် ရန်ကုန် ယူနိုက်တက် အသင်းနည်းပြ အဲရစ်ဝီလျံနှင့် ကွင်းလယ်လူ အီမာဆင်တို့ကို ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။
ဆုချီးမြှင့်ပေးအပ်ပွဲကို ယခု အပတ် MNL Week 8 ပွဲစဉ်ဖြစ်သည့် ရန်ကုန်နှင့်ဆောက်သမ်းမြန်မာ ပွဲစဉ်တွင် ပေးအပ်ရန် စီစဉ်ထားခဲ့သော်လည်း အခက်အခဲအချို့ကြောင့် လာမည့်အပတ် Week 9 ပွဲစဉ်ဖြစ်သည့် မတ်လ ၂၉ ရက်နေ့ ရန်ကုန်နှင့် ချင်းယူနိုက်တက် ပွဲစဉ်မှသာ ဆုပေးပွဲပြုလုပ် ပေးအပ်သွားမည်ဖြစ်ကြောင်း Myanmar National Leagueမှသတင်းထုတ်ပြန် ထားသည်။
photo-Yangon United Football Club
from Popular Myanmar News Journal's Facebook Wall http://ift.tt/1nMdDkO
Comments
Post a Comment