Skip to main content

Knight Pie'sold က လေ့လာထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာတွင် စီမံကိန်းဆော...



Knight Pie'sold က လေ့လာထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ ထုတ်လုပ်မှုကာလနှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံရနိုင်ကြောင်း ဖော်ပြထား



လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ ESIA အစီရင်ခံစာအား မြန်မာဘာသာသို့ ပြန်ဆို၍ မကြာမီကာလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ပြီး အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ထုတ်လုပ်မှုကာလ နှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ESIA အစီရင်ခံစာအား သြစတြေးလျနိုင်ငံအခြေစိုက် အင်ဂျင်နီယာပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အကြံပေးအတိုင်ပင်ခံ နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုက်တ်ပီးလ်ဆိုးဒ် (Knight Pie'sold) မှ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းကြောင့် သက်ရောက်သော ၃၃ ရွာမှ ဒေသခံများနှင့် တွေ့ဆုံပွဲများကို ၂၀၁၄ ခု မတ် ၇ရက်မှစတင်၍ ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်သည်အထိ လုပ်ဆောင်နေကြောင်း သိရှိရသည်။



လက်ပံတောင်းတောင် စီမံကိန်းဆိုင်ရာ ဆိုးကျိုးများအဖြစ် ဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ ထုတ်လုပ်မှုကာလ နှင့် သတ္တုထုတ်လုပ်ငန်းများ ပြီးစီး၍ မိုင်းပိတ်သိမ်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများဟူ၍ လေးမျိုးခွဲခြား ဖော်ပြထားသည်။



ဆောက်လုပ်ခြင်း၊ တည်ဆောက်ဆဲနှင့် ထုတ်လုပ်မှုကာလများတွင် တွေ့ကြုံနိုင်သော ဖြစ်ရပ်များအဖြစ် မြစ်များ၊ ချောင်းများ၌ ညစ်ညမ်းမှုဖြစ်ခြင်း၊ မြေမျက်နှာပြင်တိုက်စားမှုကြောင့် နုန်းများထူထဲလာခြင်း၊ ကျောက် သဲမှုန်များသည် ကျန်းမာရေးထိခိုက်နိုင်မှု အဆင့်ထက် ကျော်လွန်၍ မြင့်တက်မှုဖြစ်ပေါ်လာခြင်း၊ ကားများနှင့် စက်ယန္တရားများ ရွေ့လျားသွားလာခြင်း၊ မိုင်းခွဲခြင်းမှ နေ့အချိန် ဆူညံသံများ ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်နိုင်မှု၊ တောင်ကြားစေတီကို နေရာရွှေ့ပြောင်းတည်ဆောက်ခြင်းလုပ်ငန်းအတွက် ရှင်းလင်းခြင်း နှင့် တူးဆွခြင်းကြောင့်၊ သဘာဝလှပမှုပျက်စီးခြင်း စသည့်ဖြစ်ရပ်များ ကြုံနိုင်ကြောင်း ဖော်ပြထားသည်။



ယင်းအပြင် ကြေးနီထုတ်လုပ်စက်ရုံ နှင့် အခြားလိုအပ်ချက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အပေါ်ယံမြေဆီလွှာများ စုဆောင်းပုံထားခြင်း၊ အခြေခံအဆောက်အအုံလမ်းများ တည်ဆောက်ခြင်း၊ ဒေသခံများကို ရွှေ့ပြောင်းနေရာချထားမှု မိုင်းဧရိယာနှင့် မိုင်းခွဲမှု ဆက်စပ်ဇုန်တွင်ကျရောက်သော ဒေသခံများကို ရွှေ့ပြောင်းခြင်း၊ ဒေသခံများနှင့် ယခင်မြေပိုင်သူများကို ဖယ်ရှားရခြင်း၊ ကူးစက်နိုင်သည့်ရောဂါများ အဖြစ်များလာနိုင်ခြင်း၊ မိုင်းလုပ်ငန်းကြောင့် လုပ်သားများနှင့် အလုပ်အကိုင်ရှာသူများ များပြားလာခြင်း၊ ဒေသ၌ လူဦးရေ ထူထပ်လာခြင်း၊ ရွှေ့ပြောင်းလုပ်သားများ ဦးရေမြင့်တက်လာခြင်း၊ ဒေသခံ ထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုစံများ ပျောက်ဆုံးနိုင်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများနှင့် နည်းပညာသစ်များ ၀င်လာခြင်း စသည့်ဖြစ်ရပ်များ ကြုံလာရနိုင်ကြောင်း စသည့် ဆိုးကျိုးများစွာအား ဖော်ပြထားသည်။



သတ္တုထုတ်လုပ်ငန်းများ ပြီးစီး၍ မိုင်းပိတ်သိမ်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများအဖြစ် မြေညစ်ညမ်းခြင်း၊ စွန့်ပစ်ကျောက်ပုံများကြောင့် ရေရှည်တွင် သတ္တုနှင့် ဓာတုပစ္စည်းများ စီးဝင်ခြင်း၊ ကြေးနီ (HLPs) ပုံများကြောင့် ရေရှည်တွင် သတ္တုနှင့် ဓာတုပစ္စည်းများ စီးဝင်ခြင်း၊ မြေအောက်ရေများညစ်ညမ်းခြင်း၊ ကြေးနီပုံများနှင့် စွန့်ပစ်ကျောက်ပုံများမှ သတ္တုနှင့် ဓာတုပစ္စည်းများ စိမ့်ဝင်နိုင်ခြင်း၊ မြစ်ရေနှင့် ရေထုလွှာများ ရေညစ်ညမ်းခြင်း၊ ကြေးနီသတ္တုရိုင်းပုံနှင့် စွန့်ပစ်ကျောက်ပုံများမှ ညစ်ညမ်းရေများ စီးဝင်နိုင်ခြင်း၊စားဝတ်နေရေးနှင့် အလုပ်အကိုင်များ စသည့် ဆုံးရှုံးမှုများစွာနှင့် သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးမြေများပျက်စီးမှုစသည့် ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။



(မကြာမီ ဖြိုဖျက်ရန်စီစဉ်ပြီးဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ်နှင့် ၀မ်ပေါင်ကုမ္ပဏီ၏ စက်ယန္တရားများကို တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဝေ))





from Eleven Media Group's Facebook Wall http://ift.tt/1cXnWhl

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...