Skip to main content

#emg_opinions အတုံ့အလှည့်၊ အကြောင်းအကျိုး (Written by: ညီအောင်ညီ) “၀ဋ်မှာအမြ...



#emg_opinions



အတုံ့အလှည့်၊ အကြောင်းအကျိုး



(Written by: ညီအောင်ညီ)



“၀ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ “၀ဋ်လည်မယ် သတိထား” ဆိုတဲ့ စကားတွေလည်း လူမှုလောကကြီးထဲမှာ သုံးနှုန်းနေကြတာပါပဲ။ တကယ်တော့ ၀ဋ်ကြွေးဆိုတာ ရှောင်တိမ်းမရတဲ့ ဘေးတစ်ခုဆိုရင် မမှားပါဘူး။ ငရဲဆိုတာကြီးက သေမှသိရမှာ။ ၀ဋ်ဆိုတာက လက်ငင်းချက်ချင်း လည်နေတတ်တာတွေကို တွေ့တွေ့နေရတော့ ၀ဋ်လည်မှာကို ကြောက်တတ်ကြတာဟာ “သဘာဝ” တစ်ခုလို ဖြစ်နေခဲ့တယ်။



နန်းမတော်မယ်နုကို အုတ်ကျောင်းဆရာတော် ဦးဗုဓ်က “သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်” လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီစကားဟာ ယနေ့ထိ မမှေးမှိန်သေးပါဘူး။ အကြွေးမကင်းရင်တော့ ပြန်ဆပ်ရမှာ အသေအချာပါပဲ။



ငရဲဆိုတာက ကုသိုလ်ကံအရှိန်ဟုန်ကောင်းရင် လွတ်နိုင်ပေမယ့် ၀ဋ်ဆိုတာကြီးကတော့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်တောင် မလွတ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ၀ဋ်လည်စေမယ့် အလုပ်တွေ၊ အကြောင်းတရားတွေကို ဘ၀မှာ မလုပ်မိစေဖို့ပဲ လိုပါတယ်။



မိတ်ဆွေ ဦးလေးကြီးတစ်ယောက်က မိသားစုနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ မိသားစုကို အပြည့်အ၀ ထောက်ပံ့ပေးခဲ့တယ်။ လည်လွန်းတဲ့ ဇနီးသည်က သားသမီးတွေကို အမျိုးမျိုးသိမ်းသွင်းပြီး စည်းရုံးထားနိုင်ခဲ့တယ်။



မိတ်ဆွေဦးလေးကြီးက မြန်မာပြည်ကို အပြီးပြန်လာတဲ့ အခါမှာတော့ ဇနီးနဲ့ သားသမီးတွေက ရန်တွေ့တော့တာပါပဲ။ အဖေက ဘာရှာပေးခဲ့လို့လဲ။ ဒီလောက်အကြာကြီး နေပြီးမှ ပေါ်လာတာ။ ကျွန်မတို့အဖေမှ ဟုတ်နိုင်ပါ့မလားနဲ့။ နောက်ဆုံးတော့ မိတ်ဆွေဦးလေးကြီးက တခြားနေရာမှာ သွားနေရတဲ့ အထိပါပဲ။



သူနဲ့တွေ့တိုင်း ပြောလေ့ရှိတာက “မင်းတို့ ၀ဋ်လည်တတ်တဲ့ အလုပ်တွေ မလုပ်ကြနဲ့” ဆိုတာပါပဲ။ အဲဒီစကားကို ခဏခဏပြောလေ့ရှိတော့ မေးခဲ့တယ်။ ဘာဖြစ်လို့ အဲဒီစကားကို ပြောရတာလဲဆိုရင် သူငယ်ငယ်တုန်းက မိခင်ဖြစ်သူ ဆုံးပါးခါနီးမှာ “ဘယ်မိထွေးကိုမှ မျက်နှာသာမပေးနဲ့၊ ဘယ်မိထွေးမှ မကောင်းဘူး” လို့ မှာခဲ့တယ်တဲ့။ အမှန်တကယ်တော့ သူ့အမေက သူ့ယောက်ျားကို နောက်အိမ်ထောင် မပြုစေချင်လို့ အဲဒီလိုပြောခဲ့တာပါ။



သူ့ရဲ့မိထွေးကို သူအရွယ်ရောက်တဲ့အထိ မျက်နှာသာမပေးခဲ့သလို သူ့အဖေဆုံးတဲ့အချိန်မှာ သူ့မိထွေးကို အိမ်ပေါ်ကနေ နှင်ချခဲ့တယ်။ သူ့မိထွေးက “သားရယ် အမေက မင်းထင်ထားတဲ့ မိထွေးမျိုး မဟုတ်ပါဘူး” လို့ သူ့ကိုပြောခဲ့တဲ့ စကားဟာ ခုချိန်ထိ ရင်ထဲက မထွက်သေးဘူးတဲ့။ သူ့အပေါ်ကောင်းတဲ့ မိထွေးကို အိမ်ပေါ်ကနှင်ချခဲ့မိလို့ သူလည်းအခုလို ၀ဋ်လည်နေရတာပါလို့ ရှင်းပြခဲ့တော့မှ သူပြောနေတဲ့ ၀ဋ်လိုက်တတ်တယ်ဆိုတာကို နားလည်မိ၊ ခံစားမိခဲ့တယ်။



နောက်ထပ် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ပြောတဲ့ ၀ဋ်က တစ်မျိုးပါ။ ရည်းစားတွေ အများကြီးထားပြီး တစ်ယောက်ပြီးတစ်ယောက် တွဲချင်တာနဲ့ အကြောင်းမရှိ အကြောင်းရှာ အပြစ်ရှာပြီး အဆက်ဖြတ်ခဲ့တာတွေ၊ အသည်းခွဲခဲ့တဲ့သူတွေဟာ တကယ်တမ်း အိမ်ထောင်အတည်ကျပြီး သားသမီးတွေ မွေးလာတဲ့အခါမှာ ကိုယ့်သားသမီးတွေလည်း အချစ်ရေးမှာ ၀ဋ်လိုက်တော့တာပဲတဲ့။ သားသမီးတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဆိုးတာတွေနဲ့ကြုံပြီး သားသမီးတွေနဲ့ ပတ်သက်ပြီး “အပူလုံးကြွ” နေရတော့တာပဲတဲ့။ သူပြောတဲ့ ၀ဋ်ဆိုတာကလည်း တချို့လူတွေအတွက် ဟုတ်နေသလိုလိုပါပဲ။ ရည်းစားများတဲ့သူတွေ သတိပြုရမှာပေါ့လို့ တွေးခဲ့မိတယ်။



မောင်နှမနှစ်ယောက်ရဲ့ ၀ဋ်လည်ပုံလေးက တစ်မျိုးပါပဲ။ အစ်မဖြစ်သူရဲ့ သားသမီးတွေ ညံ့ဖျင်းတာကို လက်ညှိုးတထိုးထိုးနဲ့ အပြစ်ပြောတတ်တဲ့ မောင်ဖြစ်သူက အစ်မဖြစ်သူကို ကြိမ်းမောင်းပြောဆိုလေ့ရှိတဲ့ စကားက “ကျုပ်သားဆို ခင်ဗျားလို ညံ့ဖျင်းတဲ့ သားသမီး မမွေးဘူး” လို့ တူ၊ တူမတွေနဲ့ စိတ်အခန့်မသင့်တိုင်း ကြိမ်းမောင်းလေ့ ရှိပါတယ်။ သူအိမ်ထောင်ကျတဲ့ အခါမှာတော့ သားသမီးမရပါဘူး။ အဲဒါ ငါ့ကို ဟိုတုန်းကပြောခဲ့လို့ အခုလို ၀ဋ်လည်တာလို့ ကျွန်တော်နဲ့တွေ့တိုင်း အစ်မဖြစ်သူ အန်တီကြီးက ပြောပြလေ့ ရှိပါတယ်။ ဒါလည်းဖြစ်နိုင်တာပဲလို့ ကျွန်တော်မှတ်ချက်ချခဲ့ ဖူးပါတယ်။



ဟိုတစ်လောက စာစောင်တစ်ခုမှာ ဖတ်လိုက်ရတဲ့ ၀ဋ်လည်ခြင်းတစ်မျိုးက ထူးဆန်းခဲ့တယ်။ ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ အားနည်းချက်တွေ၊ မကောင်းတဲ့ အပြုအမူတွေ၊ လိုအပ်ချက်တွေကို ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ သရော်စာတွေနဲ့ မကြာခဏ သရုပ်ဖော်ခံနေကြရတာဟာ နိုင်ငံရေး ၀ဋ်လည်တာပါတဲ့။



စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးသမားတွေကို အပုပ်ချပြောခဲ့တာတွေ၊ နာမည်ဖျက် အကောက်ကြံခဲ့တာတွေ၊ အမျိုးမျိုး လုပ်ခဲ့ကြတော့ ဒီနေ့လို ခေတ်ပြောင်းမှာ ဖော်ကောင်အလုပ်ခံရတာ၊ ဝေဖန်အပြစ်တင် ခံရတာတွေဟာ ၀ဋ်လိုက်ခြင်း၊ နိုင်ငံရေးဝဋ်လည်ခြင်း တစ်မျိုးပဲဆိုတာကို ရေးသားထားတာကို ဖတ်လိုက်ရတော့ “ဟုတ်တာပဲ အဲဒီလို ၀ဋ်ဆိုတာလည်း ရှိတာပါပဲလို့ မှတ်ချက်ချခဲ့မိတယ်။ ၀ဋ်ဆိုတာ မလည်သေးတာဘဲ ရှိတယ်။ မလည်ဘူးဆိုတာ မရှိဘူးဆိုတဲ့ “နိယာမတစ်ခု” ကို မှတ်သားထားခဲ့မိတယ်။



ဟာသသရုပ်ဆောင် တစ်ယောက်ရဲ့ ၀ဋ်လိုက်ခြင်းကတော့ ရယ်စရာလေးပါ။ ငယ်စဉ်က နာမည်ကြီး ဟာသသရုပ်ဆောင်တွေ အငြိမ့်ကပြီးရင် သူများတွေက ပွဲပြီးရင် ပြန်ပေမယ့် သူကမပြန်ဘဲ လူရွှင်တော်တွေ ရုံထဲကထွက်လာတဲ့အထိ ပုန်းပြီးစောင့်နေပါသတဲ့။ လူရွှင်တော်တွေ ထွက်လာပြီဆိုတာနဲ့ နောက်ကနေချောင်းပြီး တစ်ခိခိနဲ့ ရယ်နေတော့တာပါပဲတဲ့။ သူကိုယ်တိုင် လူရွှင်တော် ဟာသသရုပ်ဆောင် ဖြစ်လာတဲ့အချိန်မှာတော့ ကောင်မလေးတွေက သူ့ကိုတွေ့တာနဲ့ ရယ်နေကြတော့ ကောင်မလေးတွေကို ကောင်းကောင်းမပိုးရတော့ဘူးတဲ့။ အဲဒီတော့ သူဝဋ်လည်တယ်ဆိုတာကို နားလည်သွားခဲ့တယ်တဲ့။



စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသလိုပါပဲ။ တချို့တချို့သော အကြောင်းအရာတွေ၊ လုပ်ရပ်တွေဟာ ပေါ့ပြက်ပြက် လုပ်ခဲ့ကြပေမယ့် ကိုယ့်အလှည့်ကျမှ ကြောက်နေတတ်ကြတာ၊ စိုးရိမ်နေတတ်ကြတာဟာ သဘာဝမကျပါဘူး။ ကိုယ့်ရဲ့အပြုအမူတိုင်းမှာ သူတစ်ပါးကို ထိခိုက်မှု ရှိမရှိ၊ သူတစ်ပါးအပေါ်မှာ နာကျင်စေမှု ရှိမရှိ စဉ်းစားတတ်ဖို့ပါပဲ။ သူတစ်ပါးအပေါ်မှာ နာကျင်စေမယ်၊ ထိခိုက်စေမယ်ဆိုရင်တော့ အတုံ့အလှည့်ဆိုတာ ရှိလာတာပါပဲ။ ဗုဒ္ဓရဲ့ တရားစကားနဲ့ဆိုရင်တော့ ၀ဋ်ကြွေးလို့ ဆိုရမှာပါပဲ။



ကျွန်တော်တို့ လူသားတွေအနေနဲ့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်။ မကောက်ကျစ်ဖို့၊ မညစ်ပတ်ဖို့၊ မယုတ်မာမစော်ကားဖို့ လိုပါတယ်။ ဓမ္မနဲ့ အဓမ္မ ဘယ်လောက်ပဲ အားပြိုင်မှုရှိရှိပါ။ နောက်ဆုံးမှာ ဓမ္မ-မှန်ကန်ခြင်း သဘောတရားရဲ့ အဆုံးအဖြတ်ကို ဘယ်သူမှလွန်ဆန်လို့ မရပါဘူး။ ကျွန်တော်တို့ဘ၀မှာ ၀ဋ်လည်စေမယ့် အကြောင်းတရားမျိုး၊ အပြုအမူမျိုး မရှိဖို့၊ မလုပ်ခဲ့ဖို့ လိုတယ်ဆိုတာကိုတော့ တိုက်တွန်းချင်ပါတယ်။

from Eleven Media Group's Facebook Wall http://ift.tt/1nMaHo4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...