Skip to main content

#emg_editorials ၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတ...



#emg_editorials



၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



၂၀၁၅ နှင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်နိုင်ရေးနှင့် မဲရုံအဖွဲ့ဝင်များ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့အစည်းများမှ စောင့်ကြည့်သည့် အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဟု မတ် ၁၃ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကောက်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။



လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖြစ်ထွန်းခြင်း ရှိ၊ မရှိ အတွက် အကောင်းဆုံး သက်သေပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်း လိုလိုပင် ရွေးကောက်ပွဲများ ကျင်းပကြလေ့ရှိကြသည်။ ဥပမာအားဖြင့် ကမ္ဘပေါ်တွင် အစွန်းရောက် ၀င်ရိုးစွန်းနိုင်ငံများဟု သတ်မှတ်ထားသည့် အီရန်နိုင်ငံ၊ မြောက်ကိုရီးယား နိုင်ငံတို့သည်ပင် ရွေးကောက်ပွဲများ ပြုလုပ်ကြသည်။ သို့သော် ထိုရွေးကောက်ပွဲများမှာ အမည်ခံ ရွေးကောက်ပွဲများသာဖြစ်ပြီး လွတ်လပ်မှုလည်း မရှိ၊ မျှတမှုလည်း မရှိဘဲ အကြောက်တရား များဖြင့်သာ စိုးမိုးချုပ်နှောင်ထားသည့် ရွေးကောက်ပွဲများဖြစ်သည်။ မကြာသေးမီ အချိန်ကပင် မြောက်ကိုရီးယားနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ ယှဉ်ပြိုင်သည့် နယ်နိမိတ်များ၌ ပြိုင်ဘက်မရှိ၊ နဂိုရွေးချယ်ထားပြီးသား လူများသာ တညီတညွတ်တည်း ရွေးချယ်ခံခဲ့ကြရသည်။ ထိုမျှအဓိပ္ပါယ်မရှိသော ရွေးကောက်ပွဲဖြစ်သော်လည်း မြောက်ကိုရီးယားကတော့ စစ်မှန်သော ရွေးကောက်ပွဲတစ်ခုဟု ကြွေးကြော်ခဲ့ ပြန်သည်။ ဆိုလိုချင်သည့် အချက်မှာ ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သည်ဆိုသော်လည်း ရွေးကောက်ပွဲကျင်းပရုံနှင့် ပြည့်စုံသွားခြင်း မဟုတ်ဘဲ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်ရေးမှာ ပို၍အရေးကြီးသည်ဆိုသည့် အချက်ပင်ဖြစ်သည်။



မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲများ ကျင်းပခဲ့ဖူးပါသည်။ လွတ်လပ်ရေးရပြီး အာဏာမသိမ်းခင် အချိန်ထိ ပြည်သူများသည် လွတ်လပ်မျှတသော ရွေးကောက်ပွဲများနှင့် အသားကျခဲ့ကြသည်။ သို့သော် တပ်မတော်ကမှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးခဲ့သည့် နောက်ပိုင်းတွင်တော့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ လူထုဆန္ဒခံယူပွဲများနှင့် အချိန်အတော်ကြာ ဝေးကွာနေခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အကြာ ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ သို့သော်ရွေးကောက်ပွဲအတွင်း ကြိုတင်မဲဆန္ဒပြု ပြဿနာများ၊ မဲပေးရာတွင် လွတ်လပ်မှုမရှိဘဲ အစိုးရ၀န်ထမ်းများကို အတင်းအကျပ် မဲဆန္ဒပေးခိုင်းခြင်းများ၊ မဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည့် စွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှု မရှိ၊ တရားမျှတမှု မရှိဟု ၀ိုင်းဝန်းဝေဖန် ခဲ့ကြသည်။



လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကတော့ မတရားမှု စွပ်စွဲချက်များ၊ ပွင့်လင်းမြင်သာမှုမရှိ၊ တရားမျှတမှု မရှိဟူသော စွပ်စွဲချက်များဖြင့် ပြည့်နှက်နေခဲ့ပြီး ဂုဏ်သိက္ခာအရ ထိခိုက်ခဲ့ရသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အမှန်တကယ် စစ်မှန်ခြင်းရှိ၊ မရှိ မှတ်ကျောက်တင်ရမည့် အကဲခတ်ပွဲ တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အမှန်တကယ် ပွင့်လင်းမြင်သာပြီး တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ တစ်ခုဖြစ်အောင် ကျင်းပပေးရင်း စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ၏ ဂုဏ်သိက္ခာမျိုး ပြသကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1gllWdo

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...