Skip to main content

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှစ၍ ပြင်ဆင်ရမည်ဟု ဒေ...



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှစ၍ ပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်သည့်အချက်မှစ၍ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၃ ရက်က ပြောကြားသည်။



ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးစားပေးစာရင်းတွင် အရေးကြီးပုဒ်မဖြစ်သော ၄၃၆၊ ၅၉(စ)နှင့် တပ်မတော်အခန်းကဏ္ဍတို့ မပါဝင်ဘဲ ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများကိုသာ ဦးစားပေးသုံးသပ်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီက ဆုံးဖြတ်ခဲ့မှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ပြင်နိုင်တဲ့နေရာကတော့ စပြင်ရမှာပေါ့။ အားလုံး ကိုယ်လိုချင်တဲ့အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်ချင်မှဖြစ်မယ်။ နောက်ပြီးတော့ တင်လိုက်တဲ့ဟာလည်း လွှတ်တော်မှာ ဆွေးနွေးဦးမှာပဲ။ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ”ဟု အတိုက်အခံခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုသဘောထားရယူပွဲများကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲများတွင် ပါတီဝင်ဥပဒေပညာရှင်များက ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉၊ နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍတို့နှင့် ရှေ့နောက်မညီညွတ်သည့် အချက်အလက်များသည် ဒီမိုကရေစီနှင့် မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီနှင့်မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောထားကို လျစ်လျူရှု၍မရကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် တပ်မတော်တို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရမည်ကိုကြောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို မပြင်ဆင်လိုခြင်းဖြစ်ကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်က ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်၊ မဆောင်ရွက်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း မီဒီယာများသို့ ဖေဖော်ဝါရီ ၃ ရက်က ပြောကြားခဲ့သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် မတ် ၉ ရက် ညနေ ၅ နာရီခန့်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ငါးကြိမ်မြောက် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက တွေ့ဆုံမှု အသေးစိတ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။



ထိုသို့တွေ့ဆုံပြီး မတ် ၁၂ ရက်တွင်လည်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ရာတွင် အဆိုပါတွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီအကြံပေးများ တွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရပြီး ထိုတွေ့ဆုံမှုတွင် မိမိမပါဝင်ကြောင်း သတင်းထောက်များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။



ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်ရမည်ဟု မူဝါဒချမှတ်ထားသည်။



(မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1ggYRsb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...