Skip to main content

ဟက်ကြီးအပါအ၀င် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ချက်ချင်းရပ်တန့်ရန...



ဟက်ကြီးအပါအ၀င် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ချက်ချင်းရပ်တန့်ရန် တိုင်းရင်းသား ၃၅၀၀၀ ခန့်နှင့် နိုင်ငံရေးပါတီ အပါအ၀င် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့ လက်မှတ်ရေးထိုး တောင်းဆို



သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများဖြစ်သော ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံ၊ နောင်ဖာနှင့်တာ ဆန်းရေကာတာ၊ ကရင်ပြည်နယ်အတွင်းရှိ ဟက်ကြီးရေကာတာများအား ချက်ချင်းရပ်တန့်ပေးရန် ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ် အတွင်းရှိ ပြည်သူ ၃၃၅၃၈ ဦးနှင့် နိုင်ငံရေး ပါတီအပါအ၀င် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့မှ လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်ကြောင်း မြန်မာမြစ်ချောင်းများ ကွန်ရက်မှ မတ် ၁၄ ရက်က ထုတ်ပြန်ချက်အရ သိရသည်။



တရုတ်၊ မြန်မာနှင့် ထိုင်းအစိုးရအပါအ၀င် သံလွင်ရေကာတာ စီမံကိန်းခြောက်ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်နေသည့် Thailand's EGAT International Co.Ltd, China Three Gorges Corporation, Hanergy Holding Company, Hydrochina Corporation, China Datang Overseas Investment Co.Ltd နှင့် မြန်မာကုမ္ပဏီများဖြစ်သော International Group of Entrepreneurs Co.Ltd, Shwe Taung, Asia World တို့အား သံလွင်မြစ်ပေါ် အကောင်အထည်ဖော်သွားမည့် သံလွင်ရေကာတာ စီမံကိန်းကြီးကို ချက်ချင်းရပ်ဆိုင်းပေးရန် အဆိုပါ အဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။



သံလွင်မြစ်သည် ကမ္ဘာ့အကြီးဆုံးမြစ်များထဲမှ မြစ်တစ်စင်းဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ သန်းပေါင်းများစွာသော တိုင်းရင်းသား ပြည်သူများ၏ အသက်သွေးကြောလည်း ဖြစ်သည်။ လက်ရှိ တရုတ်မြန်မာနှင့်ထိုင်း နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓာတ်အား စုစုပေါင်း မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်သွားမည့် သံလွင်ရေကာတာ စီမံကိန်းခြောက်ခုသည် သံလွင်မြစ်ပေါ်မှီခိုနေသော တိုင်းရင်းသားပြည်သူများ၏ အနာဂတ်နှင့်သံလွင် မြစ်ဝှမ်းဒေသရှိ သဘာဝသက်ရှိ ဖြစ်စဉ်အမျိုးမျိုးကို ခြိမ်းခြောက်လျက် ရှိနေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ထို့ပြင် အဆိုပါစီမံကိန်းများမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အများစုသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့ အတွက်သာဖြစ်ပြီး စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို အများဆုံး ခံစားရမည့်သူများမှာ စီမံကိန်းတည်ရှိရာ ဒေသရှိ ဒေသခံများ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။



လက်ရှိအခြေအနေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ပြုလုပ်မည့် ကွမ်းလုံရေကာတာ စီမံကိန်းအတွက် လမ်းများဖောက်လုပ်ခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ပြည်သူများသည် ၎င်းတို့မြေယာနှင့် အိုးအိမ်ပစ္စည်းများကို ဆုံးရှုံးနေရကြောင်းနှင့် စီမံကိန်းကြောင့် ရေနစ်မြှုပ်မည့် ဒေသများအတွင်းတွင် ကုမ္ပဏီအချို့မှ သစ်လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။



သံလွင်ရေကာတာ ခြောက်ခုလုံးသည် ရေကာတာတည်ဆောက်ရာတွင် လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာ စံချိန်စံနှုန်းများဖြစ်သော ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် စီမံကိန်း အကျိုးသက်ရောက်မှုကို ခံစားရမည့်ဒေသ ခံပြည်သူများ၏ အခွင့်အရေးများကို လေးစားခြင်းစသည်များကို လိုက်နာကျင့်သုံးခြင်း မရှိ၊ စီမံကိန်းဧရိယာများကို လုံခြုံရေးတင်း ကျပ်စွာချထားပြီး ဒေသခံပြည်သူများမှာလည်း စီမံကိန်းနှင့် ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်ကိုမှ မရရှိကြောင်း၊ ရေကာတာစီမံကိန်းအောက်ပိုင်း ဒေသများတွင် နေထိုင်သော ပြည်သူများသည် မြစ်အောက်ပိုင်းရေစီးနှုန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများပေါ် သက်ရောက်မည့် ရေကာတာစီမံကိန်းသည် အကျိုးသက်ရောက်မှု မည်မျှရှိနိုင်ပြီး ရေကာတာပြိုကျနိုင်ခြေ မည်မျှအတိုင်းအတာရှိသည်၊ ရေကာတာပြိုကျပါက မည်မျှဘေးအန္တရာယ်ရှိသည် စသည့် အချက်အလက်များကိုလည်း မသိရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီစဉ်နေသည့် စီမံကိန်းများအား ရပ်တန့်ပေးရန် ဒေသခံတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ၏ လက်မှတ်ရေးထိုး တောင်းဆိုမှုများကို တရုတ်နှင့် ထိုင်းအစိုးရတို့အပြင် သမ္မတကြီးထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့မှ ဦးစောသာဘိုးက ပြောကြားခဲ့သည်။



(သံလွင်မြစ်ကြောင်း တစ်နေရာအား တွေ့ရစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1gllVGi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...