Skip to main content

မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်လှည့်နိုင်ချေ နည်းပါးသော်လည်း နုနယ်သေး...



မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုများ နောက်ပြန်လှည့်နိုင်ချေ နည်းပါးသော်လည်း နုနယ်သေးကြောင်း ကင်တားနား၏ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမူကြမ်းတွင် ဖော်ပြ



မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ခဲ့ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်လှည့်နိုင်ချေ နည်းပါးသော်လည်း နုနယ်ပြီးဆက်လက် သတိထားရမည့် အခြေအနေတွင် ရှိနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏ မတ် ၁၂ ရက်တွင် ထွက်ရှိသော မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်။



၎င်း၏ ကုလသမဂ္ဂက လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခြောက်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၁၁၀၀ လွတ်မြောက်လာခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ပိုမိုရရှိလာခြင်း၊ နိုင်ငံရေးလွတ်လပ်ခွင့် ပိုမိုဖွံ့ဖြိုးလာခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်း နှင့် တိုင်းရင်းသားဒေသများတွင် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းခြင်းကဲ့သို့ အရေးပါသော ပြုပြင်ပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရကြောင်း ရေးသားဖော်ပြထားသည်။



မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် နေ့စဉ်ဘ၀များတွင် တပ်မတော်၏ လွှမ်းမိုးမှုရှိနေသေးကြောင်း၊အာဏာပိုင်အဖွဲ့အစည်းများ အနေဖြင့် တာဝန်ယူမှု နည်းပါးနေပြီး တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်စွာလည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်လက် သတိပေးထားသည်။



နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ကြိမ်ဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၁၁၀၀ လွတ်မြောက်ခဲ့သော်လည်း ၎င်းတို့ကို အကျဉ်းချခဲ့သည့် ဥပဒေပုဒ်မများဖြစ်သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ မတရားအသင်းအဖွဲ့ ဥပဒေ၊ပြစ်မှုဥပဒေပုဒ်မ (၅၀၅)၊ နိုင်ငံတော်လုံခြုံရေးဥပဒေ စသည့် ဥပဒေများသည် တည်ရှိနေဆဲဖြစ်ပြီး အဆိုပါဥပဒေများဖြင့် ဆက်လက်ဖမ်းဆီး အကျဉ်းချမှုများ ရှိနိုင်ကြောင်း၊ အဆိုပါဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းတို့ ပြုလုပ်သင့်ကြောင်း အကြံပြုဖော်ပြထားသည်။



“မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေပါတယ်။ ဒါတွေကိုအရေးယူခဲ့ရင်လည်း ရာထူးဌာနပြောင်းရွှေ့တာ၊ ရာထူးလျှော့ချတာမျိုးတွေပဲ ရှိပါတယ်။ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောကြားခဲ့သည်။



သတင်းသမားများအနေဖြင့် သတင်းများရေးသားရာတွင် ကြောက်ရွံ့စိုးရိမ်မှုများ ရှိနေသေးကြောင်း အထူးသဖြင့် အာဏာရှိအသိုင်းအ၀ိုင်းနှင့် တပ်မတော်ပိုင်းဆိုင်ရာကိစ္စရပ်များ ရေးသားရာတွင် သတိကြီးစွာထားနေရကြောင်း၊ Daily Eleven သတင်းစာ မှလွိုင်ကော်သတင်းထောက် မခိုင်အကျဉ်းချခံရခြင်းနှင့် Unity သတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့သည် ဥပမာများဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သော ဥပဒေများသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း အစီရင်ခံစာမူကြမ်းတွင် ဖော်ပြပါရှိသည်။



“ဥပမာအားဖြင့် နိုင်ငံတော်လုံခြုံရေးကို တိုက်ရိုက်မထိခိုက်နိုင်တဲ့အကြောင်းအရာတွေကို အများပြည်သူမသိအောင် ဥပဒေအရကာကွယ်တာ၊ ထိန်ချန်တာတွေ မဖြစ်သင့်ပါဘူး။ ဒီလိုပါပဲ သတင်းထောက်တွေကနေ ဒီအကြောင်းအရာကို ပြည်သူတွေသိရှိအောင် ရေးသားမယ်ဆိုရင်လည်း ရေးသားတဲ့သတင်းထောက်ကို ဖမ်းဆီးထောင်ချတာမျိုး မလုပ်သင့်ပါဘူး”ဟု ကင်တားနား ၏ ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာ မူကြမ်းတွင် ဖော်ပြထားသည်။



ထို့အပြင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် အများပြည်သူ ထိခိုက်မှုများရှိကြောင်း၊ ၎င်းတို့အနက် အဆိုးဝါးဆုံးမှာ အဓမ္မရွှေ့ပြောင်းခိုင်းမှုများဖြစ်ကြောင်း လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။



“အဓမ္မရွှေ့ပြောင်းခိုင်းမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှု အများကြီး ပါဝင်ပါတယ်။ နေထိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ရပ်တည်ခွင့်နဲ့ လူတစ်ဦးရဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေ အကုန်လုံး ချိုးဖောက်ခံရတာပါပဲ”ဟု ကင်တားနားက ရေးသား ဖော်ပြထားသည်။



ထို့အပြင် စီမံကိန်းများကြောင့် ဒေသခံများ၏ နေ့စဉ်ဘ၀မထိခိုက်စေရန် ပတ်ဝန်းကျင်ရှိ မြေယာ၊ ငါးလုပ်ငန်းနှင့် သစ်တောများကို ဒေသခံများ၏ လွတ်လပ်ပြီး သိနားလည်သော ခွင့်ပြုချက်မရရှိဘဲ မလုပ်ဆောင်သင့်ကြောင်း ဆက်လက်ဖော်ပြထားသည်။



တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အပစ်အခတ်ရပ်စဲရေးသာမက နိုင်ငံရေးဆွေးနွေးမှုများ လုပ်ရန်လိုအပ်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်း၊ ကလေးစစ်သား စုဆောင်းမှုများကို နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတိုင်း မှ ရပ်တန့်သင့်ကြောင်း ဖော်ပြထားသည်။



ရခိုင်ပြည်နယ်အတွင်းတွင်လည်း နှစ်ဖက် အသိုင်းအ၀ိုင်းကြား ယုံကြည်မှုတည်ဆောက်သင့်ကြောင်း၊ တရားဥပဒေစိုးမိုးမှု ခိုင်မာစေရန် ရှေ့နေများမှ လွတ်လပ်စွာလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ အရေးပါသော အမှုကိစ္စများတွင် လိုက်ပါဆောင်ရွက်နေသော ရှေ့နေများအပေါ် ဖိအားပေးမှုများ ပပျောက်သင့်ကြောင်းနှင့် တပ်မတော်ကို ပြည်သူ၏ စောင့်ကြည့်မှုနှင့် ပြည်သူ့အာဏာအောက်တွင် ထားရှိသင့်ကြာင်း ဖော်ပြထားသည်။



(ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကင်တားနားမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်)





from Eleven Media Group's Facebook Wall http://ift.tt/1cXnU9k

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...