Skip to main content

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့ ဒေသခံများကို အသေးစား ချေးငေ...



ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့ ဒေသခံများကို အသေးစား ချေးငွေများ ထောက်ပံ့မည်



ရန်ကုန်၊ မတ် ၁၃



တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရပိုင် CITIC နှင့် မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဧရိယာ အတွင်းရှိ ဒေသခံများကို အသေးစား ချေးငွေများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။



ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း ပြုလုပ်မည့် စီမံကိန်းများကို အစိုးရက ပွင့်လင်း မြင်သာမှုရှိစွာ ပြည်သူလူထုထံ ချပြသင့်ကြောင်း NDF ပါတီက မတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့က အထက်ပါအတိုင်း ရှင်းလင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း NDF ပါတီထံမှ သိရသည်။



အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်းရှိ ဒေသခံ ပြည်သူများကို အသေးစား ချေးငွေများ ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဖြစ်သော ဒေသခံများ၏ သဘောထားများနှင့် အကြံပြုချက်များ ပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်မည့် အစီအစဉ် Environmental Management Plan ရေးဆွဲခြင်းနှင့် စီမံကိန်းကြောင့် အကျိုး သက်ရောက်မှု ရှိနိုင်သည့် ဒေသခံ ပြည်သူများအတွက် နေရာချထားခြင်း ဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာကို ကမ္ဘာ့ဘဏ်၏ Inovoluntary Resettlement Sourcebook ပါ လမ်းညွှန်ချက်နှင့် အညီ ရေးဆွဲခြင်းများ ကိုပါ လုပ်ဆောင်နေကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အဖွဲ့ထံမှ သိရသည်။



ယင်းသို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံရပ်ခြားမှ လာရောက် လုပ်ကိုင်ခြင်းကို ကန့်ကွက်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် ထုတ်ပြန် ကြေညာချက် ထုတ်ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။



“ကျွန်တော်တို့ ဘက်ကလည်း တရုတ်ကို လာမလုပ်စေချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလိုမျိုး ပြည်သူကို ရှင်းရှင်းလင်းလင်း ချပြတာကို လိုချင်တာပါ” ဟု ၎င်းကဆိုသည်။



အဆိုပါ CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကျောက်ဖြူ စက်မှုဇုန် ကုန်ထုတ် လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း၊ ကားလမ်းတို့ကို BOT စနစ်ဖြင့် ရာစုနှစ်ဝက်၊ အနှစ် (၅၀) တိုင်တိုင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက် အောက်တွင်သာ တိုက်ရိုက် ရှိနေမည် ဖြစ်ဖြစ်ပြီး စီးပွားရေး၊ အချုပ်အခြာ အာဏာနှင့် လုံခြုံမှုကို ပွန်းပဲ့ တိုက်စားခံရမည့် အလားအလာ ပေါ်လာနိုင်စရာ ရှိနေကြောင်း NDF ပါတီမှ ထုတ်ပြန်ထားသည်။



အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီမံကိန်းဖြစ်သော ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နှစ်ပေါင်း ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း CITIC ကုမ္ပဏီ လုပ်ငန်းစု၏ ထုတ်ပြန်ချက်များ အရ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1cXisDf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...