Skip to main content

အိမ်အကူကို မီးပူနှင့်ထိုး ရေနွေးပူဖြင့် လောင်းကာ သော့ခတ် ပိတ်လှောင်ထားသည့် အိမ်ရ...



အိမ်အကူကို မီးပူနှင့်ထိုး ရေနွေးပူဖြင့် လောင်းကာ သော့ခတ် ပိတ်လှောင်ထားသည့် အိမ်ရှင်ကို အမှုဖွင့်



ရန်ကုန်၊ မတ် ၁၉



ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ (၂) ရှိ လေးလွှာ တိုက်ခန်းတွင် အသက် ၂၅ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့် လောင်းပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ တစ်ပတ်ကြာ နေအိမ်အတွင်း သော့ခတ် ပိတ်လှောင်ထားသည် ဆိုသည့် အိမ်ရှင် အမျိုးသမီးကို ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။



မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုန်ပေးကြီး ကျေးရွာတွင် နေထိုင်သူ မသီတာဝင်းမှာ ယခုနှစ် ဇန်နဝါရီလမှ စ၍ အဆိုပါ တိုက်ခန်းတွင် အိမ်အကူအလုပ် လုပ်ကိုင်ခဲ့ရာမှ မတ်လ ၁၀ ရက်နေ့က ၎င်းအိမ်သန့်ရှင်းရေး လုပ်ဆောင်မှုကို အိမ်ရှင် အမျိုးသမီးက မကျေနပ်ဖြစ်ပြီး ဆဲဆို၍ မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့် လောင်းပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ နေအိမ်အတွင်း သော့ခတ်ပိတ်ထားခဲ့ကြောင်း အိမ်အကူ အမျိုးသမီးက ရဲစခန်းထံ တိုင်ကြားချက်များအရ သိရှိရသည်။



ယင်းကဲ့သို့ အိမ်အကူ ပိတ်လှောင် ခံထားရစဉ် မတ်လ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က အိမ်ရှင် အမျိုးသမီးက အိမ်အကူကို ဆပ်ပြာ ထွက်ဝယ်ခိုင်းရာ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ၎င်း၏ အစ်မထံ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။



“အိမ်ရှင်က ငွေငါးရာတန် ပေးပြီး ဆပ်ပြာ ထွက်ဝယ်ခိုင်းတုန်း ဈေးဝယ်ခိုင်းတဲ့ ပိုက်ဆံကို တာဝါမှာရှိတဲ့ လုံခြုံရေး အစောင့်ကို ပြန်ပေးခိုင်းပြီး သူ့အစ်မဆီ ထွက်ပြေးခဲ့တာ။ စခန်း လာတိုင်ကြားချိန်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားပါတယ်။ အမှုဖွင့် တိုင်ကြားသူကို ခေါ်စစ်ဆေးဖို့ လတ်တလော ဆောင်ရွက်နေဆဲပါ” ဟု ကမာရွတ်မြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိက ရှင်းပြသည်။



ရိုက်နှက်ခံရသူ မသီတာဝင်း၏ မျက်နှာ၊ လက်နှင့် ခြေထောက်တို့တွင် ညိုမည်းစွဲ ဒဏ်ရာများနှင့် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊ အိမ်အကူကို ဒဏ်ရာများ ရရှိအောင် ရိုက်နှက်ခဲ့သော အိမ်ရှင် အမျိုးသမီးကို ကမာရွတ်မြို့မ ရဲစခန်းက (ပ) ၁၁၅/၁၄၊ ပုဒ်မ၃၂၆/၂၉၄/၃၄၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။



အဆိုပါ အိမ်အကူကို ရိုက်နှက်ခဲ့သည်ဟု အမှုဖွင့် တိုင်ကြားခံရသော အိမ်ရှင် အမျိုးသမီးကို မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သွားရောက် မေးမြန်းသော်လည်း အခန်းသော့ ပိတ်ထားသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

from The Voice Weekly's Facebook Wall http://ift.tt/1hLHimN

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...