Skip to main content

မြင်သမျှ… ကြားသမျှ သစ်မှောင်ခိုတဲ့လား သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ”...



မြင်သမျှ… ကြားသမျှ



သစ်မှောင်ခိုတဲ့လား



သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏတွေ့နေရပါတယ်။ ”မှောင်ခို” လို့ သာသုံးပေမယ့် မှောင်ခိုတွေ မဟုတ်ဘူးခင် ဗျ။ မော်တော် ကားကြီး၊ ပိုကြီးတဲ့ကားကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။



ကျွန်တော်နေတဲ့ တောင်ဒဂုံလမ်းမှာဆိုရင် နေ့စဉ်သစ်ကားချည်းပဲ အစီးနှစ်ဆယ်နီးနီးတွေ့နေ ရပါ တယ်။ ဘယ်ဟာက မှောင်ခိုပြီး ဘယ်လို ဖြစ်မှ တရားဝင်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။



ခရီးတွေထွက်တဲ့အခါမှာလည်း လမ်းဘေးမှာခုတ်ပြီးသား သစ်ပုံကြီးတွေ ဟီးထနေတာ တွေ့ရပါတယ်။ ဒါတွေဟာ တရားဝင်တာလား၊ တရားမဝင်လားဆိုတာ မသိရပေ မယ့် လမ်းဘေးမှာတော့ ခပ်တည်တည် ပုံထားတာ တွေ့ရပါတယ်။ ဒါတွေကိုပဲ ကားကြီး တွေနဲ့တင်တဲ့ အခါ မှောင်ခိုနဲ့တရားဝင်ဆိုတာ ကွဲသွားမယ်ထင်ပါတယ်။ ကျွန်ေ တာ် မရှင်းတာ ရှိပါတယ်။ သစ်မှောင်ခိုဆိုတာ ကားပေါ်တင်ပြီးမှ ဖြစ်တာလား။



ဒီသစ်တွေ ခုတ်နေတုန်းက ဘာလို့ မမိကြတာလဲ။ ဆိုပါတော့။ အဲဒီသစ်တွေကို ဝှက် မရ၊ ဖုံးမရတဲ့ကားကြီးတွေနဲ့ တင်ပြီး မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ဘယ်လို ဖြတ်သန်းလာကြလဲ။ ဒီဂိတ်တွေက ဒီကားတွေကို ဘာကြောင့် မမြင်ကြ တာ လဲ။ ကားပေါ်မှာ ကမ္ဘာကျော် မျက်လှည့် ဆရာကြီး ဒေးဗစ်ကော်ပါဖီးလ်များပါလာလို့ လူတွေ မမြင်ကြတာလား။ ဒါမှမဟုတ် ခြင်္သေ့တွေကြောင့်လား။ စဉ်းစားစရာပါပဲ။



သစ်ခိုးထုတ်တာချင်း အတူတူ ဘယ်ဟာက မှောင်ခိုဖြစ်နေတာပါလဲ။ ဘယ်ဟာကိုဘယ်သူက တရားဝင် ”ခိုးထုတ်” ခွင့်ပြုထားတာပါလဲ။ ဒါတွေလည်း မှောင်ခို မဖြစ် ဘူး လား။သိမ်းပြီးဘာပြန်လုပ် လဲ.. မြေသိမ်းယာသိမ်း သတင်းတွေလည်း ပလူပျံအောင် မကြာမကြာကြား နေရပါတယ်။ မြေကလည်း ဘယ်သူပိုင်တွေ ဘယ်လောက်များ လဲေ တာ့ မသိပါဘူး။ သိမ်းလိုက်တဲ့ အသိမ်းကတော့ မနည်းလှပါဘူး။ ဒါပေမဲ့ ဒီမြေတွေသိမ်းပြီး ဘာပြန်လုပ်တယ်ဆိုတာ ဘာမှ မသိရတာပါပဲ။ ဘာမှ ပြန်မလုပ် ရင်ေ တာ့ မေးစရာမေးခွန်း ရှိပါတယ်။



”လိုအပ်လို့ သိမ်းတာလား”

”လိုလို့ သိမ်းတာလား”



လိုအပ်လို့ သိမ်းတာဆိုရင်တော့ ဘာကြောင့်လိုအပ်တယ်ဆိုတာကို အကြောင်းပြချက်တော့ ရှိသင့်ပါတယ်။ ဒီနေရာမှာ ဘာလုပ်မယ်။ ဘယ်လို ပြင် ဆင် မယ်စ သည်ဖြင့်ပေါ့။ အဲ..လိုလို့ သိမ်းတာဆိုရင်တော့..



ဆောင်ပုဒ်လေးတော့ကောင်းပါရဲ့



သိပ်ကိုကြိုက်စရာ ကောင်းတဲ့ ဆောင်ပုဒ်လေးပါပဲ..



ဥပဒေဘောင်တွင်း၊ နေထိုင်ခြင်း

ဘေးကင်းရန်ကွာ၊ စိတ်ချမ်းသာ



မှန်တာပေါ့ဗျာ။ ဘယ်သူမဆို ဥပဒေဘောင်အတွင်းမှာပဲ နေချင်ကြတာပေါ့။ ဥပဒေပြင်ပ နေချင်ရအောင် သူပုန်မှမဟုတ်တာ။ ဒါပေမဲ့ ဥပဒေဘောင် အတွင်း နေ ထိုင်ပါပြီတဲ့..ဘေးကင်းရန်ကွာရော တကယ်ရော ရှိပြီလား။ နေ့ခင်းကြောင်တောင်၊ ဥပဒေ ဘောင်ထဲ နေတဲ့သူတွေကို ဓားပြဝင်တိုက်လိုတိုက်။ အုပ်စုဖွဲ့ပြီး ရိုက်လိုရိုက်နဲ့၊ ဘယ်လိုစိတ်ချမ်းသာနိုင်မှာလဲ။



ဒါတွေကို ဥပဒေနဲ့ နှိမ်နင်းလို့ မရသေးဘူးလား။ ဒါတွေနေ့စဉ်ဖြစ်နေပါလျက် ”ဥပဒေ ဘောင်တွင်း နေထိုင်ခြင်း” က ဘယ်နှယ်ကြောင့် ”ဘေးကင်းရန်ကွာစိတ်ချမ်းသာ” မှာလဲ။ တစ်ခုပဲရှိပါတယ်။ ဘေးကင်းရန် ကွာနေချင်သူများ စုလိုက်ပါ။ ပြီးရင် ”ထောင်ဆောက်ပေးလိုက်ပါ။ ဥပဒေဘောင် အတွင်း နေ ထိုင်ချင်သူအားလုံး အဲဒီထောင်ထဲထည့်လိုက်ပါ” ဒါဆိုရင်တော့ အားလုံးလုံခြုံသွားမှာပါ။



ပြစ်ဒဏ်တွေ လျှော့ဈေး



ပြစ်ဒဏ်တွေ လျှော့ဈေးနဲ့ရပြီဆိုပြီး ဝမ်းမသာကြပါနဲ့ဦး။ အခြားပြစ်ဒဏ်တွေကတော့ အရင်အတိုင်းပါပဲ။ (တချို့ ဆိုပိုတောင်ခံရဦးမှာပါ။) ဒါပေမဲ့ တစ်ခါမှ မသိရဖူး တဲ့ ငွေကြေးခဝါချမှုတွေမှာတော့ ရှိပြီးသားထက်ကို ပိုလျော့သော ပြစ်ဒဏ်ခံရမှာ ပါ။ အရင်က သုံးနှစ်နဲ့အထက်လို့ ဆိုပေမယ့် အခုတစ်နှစ်နဲ့ အထက် ဆိုပြီး နှစ်နှစ် စာဒစ်စကောင့် ချလိုက်ပါတော့တယ်။ ဘီလျံနာတွေအတွက် ဝမ်းသာ စရာ သတင်းကောင်းပေါ့ဗျာ။



ဥပဒေပြင်တာဘာကြောင့် ဒီနေရာကစပြီး ပြင် တာလဲ ဆို တာကလည်း စဉ်းစားစရာပါပဲ။ ဒီအတိုင်းဆို ယခင်က ပြောင်ပြောင်တင်းတင်း အခွန်ရှောင်နေတဲ့ မြန်မာ့ဘီလျံနာများ အခုတော့ အဲဒီလို အခွန်ရှောင်စရာ မလိုတော့ ပါဘူး။ လုပ် ငန်း အားလုံးကို ငွေကြေးခဝါချ၊ ဒေဝါလီ ခံပြီး ထောင်ထဲမှာ တစ်နှစ်လောက် သွားနေလိုက်ရုံနဲ့တင် လုံလောက်သွား ပါပြီ။



အလုပ်မလုပ်လို့ ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မလုပ်တာလား



တစ်နေ့တစ်နေ့ လမ်းတွေပေါ်မှာ အလုပ်လက်မဲ့တွေ ပိုပိုများများလာတာကို တွေ့ရပါတယ်။ ”အလုပ်မရှိဘူးဗျာ။ ရတဲ့အလုပ်ကလည်း လခနဲ့မကိုက်ဘူး” အလုပ်တွေ ကတော့ ရှိပါရဲ့။ ဒါပေမဲ့ ရှိတဲ့အလုပ်ကလည်း လခနည်းလို့ မလုပ်နိုင်။ ကဲ..ဘယ်လိုလုပ်ကြမှာလဲ။ တချို့ကလည်း အလုပ်မရှိတာကို အလုပ်မရှာဘဲ၊ အလုပ်မရှိကြောင်း ဆန္ဒပြဖို့ချည်း လူရှာနေကြတော့လည်း အခက်သား။ အချို့ကလည်း ကိုယ့်ဖာသာကိုယ် အလုပ်မရှိလို့ အလုပ်မရှာကြပဲ၊ အလုပ်မရှိကြောင်းကို သူလိုကိုယ်လို အလုပ်မရှိ တဲ့လူတွေစုပြီး အလုပ်မရှိရခြင်းနဲ့ ဆင်းရဲရခြင်းအကြောင်းကို အကြောင်းပြု၊ အာဏာပိုင်တွေကို ထိုင်ဆဲနေကြတာကလည်း သဘာဝကျရဲ့လား။ ကျွန်တော် ဘယ် သူ့ ဘက်မှ ရပ်တည်ပြောနေတာ မဟုတ်ရပါဘူး။



အဖြစ်မှန်ကို ပြောပြတာပါ။ ပြန်စဉ်းစားပါ။ အလုပ်မလုပ်လို့ ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မလုပ်တာလား။ ဒါမှမ ဟုတ် ရင် ကြက်သီးထစရာ မေးခွန်းလည်းရှိပါတယ်။



”အလုပ်မရှိလို့ ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မရှိတာလား” အလုပ်မရှိတာဆိုရင် ဖြစ်နိုင်ပါ့မလား၊ ဆင်းရဲလို့ အလုပ်မရှိတာဆိုရင်တော့။ ပြောစရာတစ်ခုပဲ ရှိတော့ တယ်။ ”သေဖို့သာပြင်ပေတော့”



ပြောစရာရှိတာလေးတွေ ပြောပါရစေ



ကျွန်တော်ဟာ ဘယ်ပါတီဝင်မှမဟုတ်ပါဘူး။ သန့်ရှင်းစွာ ပြည်သူပဲ လုပ်နေတဲ့ ပြည်သူ့စာရေးဆရာပါပဲ။ ဒါကြောင့် ဘယ်သူ့ဘက်ကိုမှ ဘက်မလိုက်ပါဘူး။ ဒါပေမဲ့ ပြည် သူကကျွေးတဲ့ ထမင်းကိုစားနေရတဲ့ အတွက် ပြည်သူ့ ဘက်ကိုသာ လိုက်ပါရစေ။ ဒါကြောင့် ပြည်သူတွေ လိုအပ်သမျှကို အမုန်းခံပြီး ပြောနေရတာပါ။ တကယ် လိုအပ် လို့ ပြောတဲ့စကားမို့ နာစရာလည်း ရှိကောင်းရှိပါလိမ့် မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက ဘာဖြစ်နေသလဲသိလား။ ကျွန်တော်တို့ လူငယ်တွေ ကလေးမတွေ၊ သူမသိ ချင်တဲ့စကား၊ ပြန်မဖြေချင်တဲ့ စကား မေးခွန်းဆိုရင် နောက်ပြီး ပြန်ဖြေတတ်တဲ့စကားပါ။



”မီး အဲဒီနေ့က ကျောင်းမတက်ဘူး” ဆိုလိုတာက အဲဒီသင်ခန်းစာကို မသိလိုက်ဘူးပေါ့ဗျာ။ အခုလည်း ကျွန်တော်တို့ မီဒီယာက လိုအပ်ချက်တွေကို ရေးပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ သိပ်မရှိလှပါဘူး။ သူတို့မဖြေချင်တဲ့ စကားတွေရှိနေရင်တောင် ကလေးတွေလိုပါပဲ… ”မီးက စာမှ မဖတ်တာ” ဆိုရင်

ဘာတတ်နိုင်မှာလဲလေ..



ဆုံဦးမယ်ဗျ..



အကြည်တော်





from Popular Myanmar News Journal's Facebook Wall http://ift.tt/OCYWRn

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...