Skip to main content

မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး အစိတ်အပိုင်း ဂြိုဟ်တုဓာတ်ပုံများကို တရုတ...



မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး အစိတ်အပိုင်း ဂြိုဟ်တုဓာတ်ပုံများကို တရုတ်က ထုတ်ပြန်ပေးခဲ့သော်လည်း ဓာတ်ပုံက ညွှန်ပြသောနေရာတွင် လေယာဉ်၏ မည်သည့်အစိတ်အပိုင်းမျှ မတွေ့ရှိခဲ့



ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ငါးရက်ကြာ ရှာဖွေခဲ့သည့်တိုင် မည်သည့်ရလဒ်မျှ မထွက်သေးဘဲရှိနေစဉ် ယင်းလေယာဉ်မှ ဖြစ်နိုင်ဖွယ်ရှိသော အပျက်အစီးအစိတ်အပိုင်းများ၏ ဂြိုဟ်တုဓာတ်ပုံများကို တရုတ်အစိုးရက မတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။



လေယာဉ်အပျက်အစီး ဖြစ်ဖွယ်ရှိသည်ဟု တရုတ်ဂြိုဟ်တုက ညွှန်ပြသောနေရာတွင် မည်သည့်လေယာဉ်အပျက်အစီးမျှ မတွေ့ရှိခဲ့ကြောင်း မလေးရှားပြည်တွင်းလေကြောင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။



“ဘာမှ မရှိပါဘူး။ ကျွန်တော်တို့ အဲဒီနေရာကို သွားခဲ့ပါတယ်။ ဘာမှမရှိပါဘူး” ဟု အဇာရူဒင်အဗ္ဗဒူရာမင်က ကွာလာလမ်ပူတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းဧရိယာတွင် မကြာသေးမီရက်များအတွင်းက နှံ့စပ်စွာ ရှာဖွေခဲ့ပြီးဖြစ်ကြောင်း ဗီယက်နမ်တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့သည်။ မလေးရှားနှင့် ဗီယက်နမ်လေယာဉ်များ အကြိမ်ကြိမ်ပျံသန်းရှာဖွေခဲ့သော တောင်တရုတ်ပင်လယ်အတွင်းရှိ ယင်းနေရာ၌ မျောနေသော အရာဝတ္ထုသုံးခုကို တရုတ်ဂြိုဟ်တုက မတ် ၉ ရက် တွင် ဓာတ်ပုံရိုက်ကူးခဲ့ခြင်း ဖြစ်သည်။



တရုတ်ဂြိုဟ်တုက ညွှန်ပြသော ယင်းနေရာသည် လေယာဉ်နှင့်လေကြောင်းထိန်းချုပ်ရေးတို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် နေရာနှင့် နီးကပ်နေသည်။



တရုတ်ဂြိုဟ်တုဓာတ်ပုံများသည် လေယာဉ်ပျောက်ဆုံးမှုကို ရှာဖွေမှုအတွက် အရေးကြီးသောလမ်းစဟု မျှော်လင့်ခဲ့ကြသော်လည်း မည်သည့်အပျက်အစီးမှ မတွေ့ရှိခဲ့ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြောကြားခဲ့သည်။

ယင်းဂြိုဟ်တုဓာတ်ပုံများကို “မှားယွင်း” ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်က မလေးရှားကို ပြောကြားခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။



လေယာဉ်သည် နောက်ကြောင်းပြန်လှည့်ရန် သို့မဟုတ် မလက္ကာရေလက်ကြားသို့ ဦးတည်၍ အနောက်ဘက်သို့ ပျံသန်းခဲ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မလေးရှားတာဝန်ရှိသူများသည် မလေးကျွန်းဆွယ်၏ အနောက်ဘက်သို့ ရှာဖွေရေးဧရိယာ ချဲ့ထွင်ခဲ့သည်။



မတ် ၉ ရက် နံနက် ၁၁ နာရီခန့်တွင်ရရှိခဲ့သော ယင်းဓာတ်ပုံများတွင် အချင်းဝက် ၂၀ ကီလိုမီတာခန့်ရှိသော မျောနေသည့် အရာဝတ္ထုသုံးမျိုးကို မြင်တွေ့ရကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံပါဝင်ပြီး စတုရန်း ကီလိုမီတာ ၉၂ç၆၀၀ (စတုရန်းမိုင် ၃၅,၈၀၀) အထိ အကျုံးဝင်သော ဧရိယာတွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ခြောက်ရက်အတွင်းသို့ရောက်ရှိ လာပြီဖြစ်သည်။



(တရုတ်က မတ် ၁၃ ရက်တွင် ထုတ်ပြန်ပေးခဲ့သော တောင်တရုတ်ပင်လယ်တွင်းရှိ လေယာဉ်ပျောက်ဆုံးနေရာမှ အရာဝတ္ထုများကို ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများ)





from Eleven Media Group's Facebook Wall http://ift.tt/1ggYUUN

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...