Skip to main content

အမေရိကန်မှရရှိသော သတင်းအချက်အလက်များကြောင့် မလေးရှားလေယာဉ် ရှာဖွေရေး လုပ်ငန်းမျာ...



အမေရိကန်မှရရှိသော သတင်းအချက်အလက်များကြောင့် မလေးရှားလေယာဉ် ရှာဖွေရေး လုပ်ငန်းများ ပျမ်းမျှအနက်ပေ ၁၂၈၀၀ ရှိ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ပြောင်းလဲလာ



မလေးရှားလေကြောင်းလိုင်း၏ လေယာဉ်သည် မပျောက်ဆုံးမီ ဂြိုဟ်တုတစ်စင်းသို့ အချက်ပြမှု လေးနာရီတိုင်တိုင် ပို့လွှတ်ခဲ့ကြောင်း၊ ယင်းအချက်ပြမှုက လေယာဉ်သည် မိုင်ရာချီ၍ ပျံသန်းနေခဲ့ကြောင်း ညွှန်ပြနေသည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။



လေယာဉ်သည် မြေပြင်နှင့်ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီးနောက် နာရီများစွာကြာအောင် ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန်၏ သတင်းအချက်အလက်သစ်များ ထွက်ပေါ်ခဲ့ပြီးနောက် မလေးရှား အာဏာပိုင်များသည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရှာဖွေရေး လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။



ယခင်ရရှိထားသော အချက်အလက်များအရ ခရီးစဉ် MH370 လေယာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိခဲ့ရခြေ။ "MH370 ဟာ အိန္ဒိယသမုဒ္ဒရာဝေဟင်မှာ လုံးဝပျောက်ဆုံး ခဲ့ပါတယ်" ဟု ယာယီ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က ပြောကြားခဲ့သည်။



မလေးရှား လေကြောင်းလိုင်း၏ ဘိုးရင်း ၇၇၇ လေယာဉ်မှ ဆက်သွယ်ရေး စနစ်သည် ရေဒါမှ ပျောက်သွားပြီးနောက် ဂြိုဟ်တုသို့ အချိန်အတော်ကြာသည်အထိ ဆက်တိုက် အချက်ပြခဲ့ကြောင်း တာဝန်ရှိသူများကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်သင်္ဘော USS Kidd သည် မလက္ကာရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်နေကြောင်း အမေရိကန် ရေတပ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဖျက်သင်္ဘော USS Kidd ကို မူလက မလေးရှား အနောက်ဘက်ကမ်းရိုးတန်း ထိုင်းပင်လယ်ကွေ့တွင် နေရာချထားခဲ့သည်။



အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာတွင် တတိယအကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၁၂,၈၀၀ ပေ (၃၉၀၀ မီတာ) ရှိသည်။



မလေးရှားလေယာဉ်အား ရှာဖွေခြင်း



မတ် ၁၄ သောကြာ



ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်ကို တောင်တရုတ်ပင်လယ်တွင် ရှာဖွေမှုကို မရပ်တန့်သော်လည်း အရှိန်လျှော့လိုက်ပြီဖြစ်ကြောင်း ဗီယက်နမ် အစိုးရက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မလက္ကာရေလက်ကြားသို့ လေယာဉ်နှင့် သင်္ဘောများ စေလွှတ်ပေးရန် မလေးရှား အာဏာပိုင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။ ဗီယက်နမ်အစိုးရ၏ အဆိုပါထုတ်ပြန်ချက်သည် လေယာဉ်ရှာဖွေရန် ကြိုးပမ်းအားထုတ်မှု၏ အချက်အချာသည် မလေးရှားအနောက်ပိုင်း၊ မလက္ကာရေလက်ကြားနှင့် အိန္ဒိယသမုဒ္ဒရာသို့ ပြောင်းရွှေ့လာသော သင်္ကေတေတစ်ခုဖြစ်သည်။ ယင်းလေယာဉ်အား ရှာဖွေမှု အခြေအနေသည် အရေးပေါ်အခြေအနေမှ ပုံမှန်အခြေအနေသို့ ပြောင်းလဲလာပြီဖြစ်ကြောင်း ဗီယက်နမ်ရှာဖွေရေး ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ငုယင်ငေါ့ဆင်က ပြောကြားခဲ့သည်။



လေယာဉ်ပျောက်ရှာဖွေရေး ဧရိယာကို အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ တိုးချဲ့ထားကြောင်း မလေးရှားက မတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မလေးရှား လေယာဉ်သည် ပျောက်ဆုံးပြီးနောက် နာရီများစွာ ဆက်လက်ပျံသန်း နေခဲ့ကြောင်း အမေရိကန် သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မလေးရှား သယ်ယူပို့ဆောင်ရေး ၀န်ကြီးက ငြင်းဆိုခဲ့သည်။ ယခုအချိန်ထိ ရှာဖွေခဲ့သော နေရာများတွင် လေယာဉ်ကို မတွေ့ရှိခဲ့သောကြောင့် ရှာဖွေရေးဧရိယာကို ချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။



Ref:AFP



(လေယာဉ်ပျောက် ရှာဖွေရေးအတွက် ပျံသန်းရှာဖွေရမည့် ပုံစံများကို ရေးဆွဲနေသော အင်ဒိုနီးရှားလေတပ် အရာရှိတစ်ဦး)





from Eleven Media Group's Facebook Wall http://ift.tt/1gllSdr

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3