Skip to main content

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ဧပြီလ ၁ ရက် ပြန်လည် ကောက်ခံမည် ရန်ကုန်၊ မတ် ၂...



ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ဧပြီလ ၁ ရက် ပြန်လည် ကောက်ခံမည်



ရန်ကုန်၊ မတ် ၂၀



ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ် နေရာများတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို တစ်နှစ် ရပ်နားထားရာမှ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။



၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ အဆင်ပြေစွာ ယာဉ်ရပ်နိုင်စေရန် အခမဲ့ စီစဉ်ပေးခဲ့ကြောင်း၊ ငွေကြေး တစ်စုံတစ်ရာ မပေးရသဖြင့် အချိန်ကြာ ယာဉ်ရပ်နားခြင်း၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ ယာဉ်နှစ်ထပ် ရပ်နားခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလာသောကြောင့် ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။



ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရာတွင် တစ်နာရီလျှင် ကျပ် ၂၀၀ နှုန်းဖြင့် ဗိုလ်ချုပ်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်အောင်ကျော်လမ်းနှင့် လမ်းမတော် လမ်းကြားတွင် အမည်တပ် လမ်းမနှင့် လမ်းများ၌သာ ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။



“အခုဆို နေရာတိုင်းနီးပါး ကားတွေက အထိုင် ရပ်ထားကြတာ။ ဒီလို ပိုက်ဆံကောက်ရင် ဘာမှ မလုပ်ဘဲ အချိန်ပြည့် ကားရပ်ထားတဲ့ သူတွေ အနည်းနဲ့ အများတော့ လျော့သွားမှာပဲ။ အဲဒီတော့ အမှန်တကယ် ကိစ္စရှိလို့ ရပ်ချင်သူလောက်ပဲ ရပ်မှာဆိုတော့ ပိုက်ဆံကောက်တာ ကောင်းပါတယ်” ဟု အငှားယာဉ်မောင်း ဦးကျော်မြင့်က ပြောကြားသည်။



ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ်မှု ဇုန်များဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်းကြား၊ လမ်းမတော်နှင့် ဗိုလ်အောင်ကျော်လမ်းကြားရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန် ၁၀ ခုတွင် မော်တော်ယာဉ် တစ်စီး ရပ်နားခ တစ်နာရီလျှင် ကျပ်နှစ်ရာဖြင့် ကောက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်နှစ်တာ ယာဉ်ရပ်နားခ ကောက်ခံငွေ ကျပ်သိန်း ၁၄,၁၀၀ ကျော် ရရှိခဲ့ကြောင်း၊ အခမဲ့ ယာဉ်ရပ်နားခွင့်များကို ၂၀၁၃ ခုနှစ် ဧပြီလက စတင်ခဲ့ပြီး မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကို ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1g6Y9mk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...