Skip to main content

(ဇူလိုင်လ ၂၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာမျက်နှာဖုံးနှင့် Editorial) မိမိ...



(ဇူလိုင်လ ၂၈ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာမျက်နှာဖုံးနှင့် Editorial)



မိမိဘာသာ အိုးမဲပြန်သုတ်ခြင်း



မြန်မာသတင်းမီဒီယာများအပေါ် အစိုးရက ဖမ်းဆီး၊ ထောင်ချနေမှုများအပေါ် အလေးထား စဉ်းစားပြီး ပြန်လည်သုံးသပ်ပေးရန်၊ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သတင်းမီဒီယာ အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်က အလေးထားစဉ်းစား သုံးသပ်ဆောင်ရွက်ရန် လိုအပ်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ကလည်း အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။



ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကလည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာတစ်စောင် တုံ့ပြန်ပေးပို့ခဲ့သည်။



ယင်းသဝဏ်လွှာတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီအောင် ဆောင်ရွက်ရာတွင် တရားရေးမဏ္ဍိုင်က ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့် ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။



အထက်ပါ သဝဏ်လွှာ နှစ်စောင်ကို ကြည့်လျှင် ပြည်ထောင်စုလွှတ်တော် အနေနှင့် မီဒီယာလောကနှင့် အစိုးရအကြား နားလည်မှု၊ ယုံကြည်မှု မတိမ်းစောင်းစေလိုခြင်း အလို့ငှာ အလေးထား ဆောင်ရွက်ရန် တိုက်တွန်း အကြံပြုသည့် သဘောဟု အဓိပ္ပာယ်ရသော်လည်း သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ အနေနှင့်မူ မီဒီယာအချို့က အကြမ်းဖက် လူသတ်၊ မီးရှို့မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့သည်ဟု တပ်အပ်ပြောဆိုကာ အစိုးရ၏ လုပ်ဆောင်ချက်သာ မှန်ကန်ကြောင်း အခိုင်အမာ ရပ်တည်ထားသည့်သဘော ပိုကဲသည်ကို တွေ့ရသည်။



ဆိုလိုသည်မှာ ယနေ့မီဒီယာများ ကြုံတွေ့နေရသည့် ပြဿနာ အခက်အခဲများနှင့် ပတ်သက်၍ လွှတ်တော်၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုကို သမ္မတက အုပ်ချုပ်ရေး အစိုးရနှင့် မသက်ဆိုင်ဟု သာမန် ပြန်ကြားခြင်းအပြင် မီဒီယာအချို့ကြောင့် အကြမ်းဖက် လူသတ်၊ မီးရှို့မှုများ ဖြစ်ရသည်၊ ထို့ကြောင့် ပြစ်မှုနှင့် ပြစ်ဒဏ် ထိုက်တန်သည်ဟု စွပ်စွဲချေပလိုက်ခြင်းပင် ဖြစ်သည်။



ယနေ့အချိန်အထိ ပုဂ္ဂလိက သတင်းမီဒီယာများ၏ အတည်ပြုချက်၊ မေးမြန်း စုံစမ်းချက်များကို လက်ခံဖြေကြားပေးမည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း မည်မည်ရရ မရှိသေးသည့်အပြင် အစိုးရသတင်းများကို အခကြေးငွေဖြင့် ရောင်းစားရန်ပင် ပြင်ဆင်နေခြင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ကြော်ငြာဝင်ငွေမပါ အရှုံးခံ ထုတ်ဝေနေသော အစိုးရပိုင် သတင်းစာများ ဈေးကွက်အုပ်စီးထားဆဲ ဖြစ်နေခြင်း၊ အစိုးရအမည်မခံ ပုဂ္ဂလိက သတင်းစာအသွင် နေ့စဉ်သတင်းစာ တစ်စောင် အောက်ဈေးဖြင့် ထုတ်ဝေရောင်းချနေခြင်း၊ ယူနတီဂျာနယ် စီအီးအိုနှင့် သတင်းသမားများကို သမ္မတရုံး ခွင့်ပြုမိန့်ဖြင့် သက်ဆိုင်ရာ စက်ရုံမှူးက တရားစွဲဆိုထားခြင်းတို့ကို ကြည့်လျှင်ပင် သမ္မတ၏ သဝဏ်လွှာပါ သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက အထူးအလေးထား ဆောင်ရွက်ပေးကြောင်း ဆိုသော အချက် မှန်မမှန် ဆန်းစစ် သုံးသပ်နိုင်ပေသည်။



ထို့အပြင် နိုင်ငံတော်သမ္မတတစ်ဦး အနေနှင့် သတင်းအချက်အလက်စုံ၊ ရှုထောင့်စုံ၊ အမြင်စုံ ရရှိစေရန် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ သတင်းအချက်အလက်များ၊ အင်စတီကျူးရှင်းများနှင့် အချိန်ယူ နားထောင်၊ တွေ့ဆုံ၊ ဆွေးနွေးခြင်း မရှိဘဲ လက်သင့်သည့် သတင်းအချက်အလက်မျှဖြင့် မီဒီယာအချို့ဟု ဆိုကာ အကြမ်းဖက် လူသတ်၊ မီးရှို့မှုများကို လှုံ့ဆော်သူများ ဖြစ်ကြောင်း မီဒီယာများကို စွပ်စွဲပြောဆိုလိုက်ခြင်းမှာ များစွာ ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။



အထူးသဖြင့် အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်တွင် နာမည်တပ်၍ပင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် ပြင်းထန်သော စကားလုံးများဖြင့် လှုံ့ဆော်နေသူ၊ နာမည်ဝှက်များ၊ ကိုယ်ရေးအချက်အလက် အတုများဖြင့် အုပ်စုဖွဲ့ကာ တပ်မတော်နှင့် မီဒီယာများအကြား၊ အစိုးရနှင့် လွှတ်တော်အကြား၊ တပ်မတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအကြား၊ အစိုးရနှင့် ပြည်သူလူထု အကြား သွေးထိုးလှုံ့ဆော် တိုက်ခိုက်နေသူများကိုမူ သမ္မတ၏ သဝဏ်လွှာတွင် တစ်လုံးတစ်ပါဒမျှ ထည့်သွင်း ပြောဆိုသွားခြင်း မရှိသည်မှာလည်း အဆိုပါ သဝဏ်လွှာ ရေးပေးသူ လူပုဂ္ဂိုလ် သို့မဟုတ် အုပ်စု၏ မရိုးသားမှု ဖြစ်သည်ဟု ယူဆဖွယ်ရာ ရှိသည်။



မည်သို့ပင်ဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ တရားဝင် မှတ်ပုံတင်ကာ၊ တရားဝင် ရုံးခန်းများ ဖွင့်လှစ်ပြီး၊ တရားဝင် နေ့စဉ်သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေလျက် ရှိကြပြီး တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကျင့်ဝတ်သိက္ခာနှင့်အညီ ပရော်ဖက်ရှင်နယ်ကျကျ ရပ်တည်နေသော သတင်းမီဒီယာများကို အရေခြုံ သတင်းသမားများ၏ တမင်အကွက်ချ ဇာတ်လမ်းဆင်မှုကို အကြောင်းပြုကာ ဖမ်းဆီး၊ အရေးယူ၊ ထောင်ချနေခြင်းသည် မိမိဂုဏ်သိက္ခာကို မိမိဘာသာ ပြန်ချသကဲ့သို့ (ဝါ) မိမိမျက်နှာကို မိမိဘာသာ အိုးမဲသုတ်နေသကဲ့သို့ ဖြစ်နေကြောင်း သိစေအပ်ပေသည်။



အယ်ဒီတာ (၂၇-၇-၂၀၁၄)







from The Voice Weekly's Facebook Wall http://ift.tt/1nxbzfa

Comments

Popular posts from this blog

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3