Skip to main content

လယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များအား အများဆုံးဖမ်းဆီးရန် ဖြစ်လာသည...



လယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များအား အများဆုံးဖမ်းဆီးရန် ဖြစ်လာသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းသင့်ကြောင်း ဝေဖန်နေချိန်တွင် ငြိမ်းစုစီဥပဒေ၌ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များတွင်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ ၀န်ခံ



လယ်သမားများ၊ လယ်ယာမြေအရေး လှုပ်ရှားသူများနှင့် တက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီနိုင်ငံတော်စစ်စစ် ဖြစ်လာစေရေးအတွက် ဦးဆောင်လှုပ်ရှားသူများ၊ ဂျာနယ်လစ်များအား အများဆုံးဖမ်းဆီးမှု ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၁၈ အား ဖျက်သိမ်းသင့်ကြောင်း ဝေဖန်မှုများ ရှိနေချိန်တွင် အဆိုပါဥပဒေ၌ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့သည်။



၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ သွားရာလမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေကြောင်း ဝေဖန်မှုများ ဖြစ်ပေါ်လာပြီးနောက် လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ကာ ဇွန်လ ၂၄ ရက်တွင် ပြင်ဆင်ချက်ဥပဒေအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း လွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ၀န်ခံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၁၈ သည် စတင်ပြဋ္ဌာန်းစဉ်ကပင် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းစေခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသော ဥပဒေဖြစ်သဖြင့် ဝေဖန်မှုများစွာ ခံခဲ့ရပြီး အဆိုပါ ပုဒ်မဖြင့်ပင် တက်ကြွလှုပ်ရှားသူများ၊ လယ်မြေအသိမ်းခံရ၍ ဆန္ဒပြသူများစွာကို အရေးယူခဲ့ပြီး ကန့်ကွက်မှုများစွာ ကြုံခဲ့ရသည်။ ထိုကဲ့သို့ ကြုံခဲ့ရသည့်အတွက် လွှတ်တော်အတွင်း ပြန်လည်ပြင်ဆင်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအထက် ရောက်နေသော အဆိုပါဥပဒေပါ ပုဒ်မများအား ပြန်လည်ပြင်ဆင်ရန် လွှတ်တော်အတွင်း ဆွေးနွေးစဉ်က များစွာမျှော်လင့်ခဲ့သော်လည်း ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ငြိမ်းစုစီ ပြင်ဆင်ချက်ဥပဒေတွင်မူ ပြစ်ဒဏ်လျှော့၍ စာသားအနည်းငယ် ပြောင်းသွားသည်မှအပ မူလအနှစ်သာရ ပြောင်းလဲသွားမှုမရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမာကီက ပြောသည်။



“နိုင်ငံတော်ရဲ့ အမြင့်ဆုံးဥပဒေဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေက ခွင့်ပြုထားတာကို ငြိမ်းစုစီက ဟန့်တားနေတယ်။ မြို့နယ်အဆင့် အရာရှိတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအထက်မှာ ရောက်နေတယ်။ ဒီဥပဒေကို ဖျက်သိမ်းသင့်သလားဆိုရင် ဖျက်သိမ်းသင့်တယ်လို့ မြင်တယ်။ လွှတ်တော်အတွင်းမှာ ဆွေးနွေးပြီး ပြန်လည်ပြင်ဆင်မယ်ဆိုတော့ အများကြီး မျှော်လင့်ခဲ့တယ်။ ပြစ်မှုပြစ်ဒဏ် လျော့သွားတာကလွဲလို့ ဘာမှအနှစ်သာရ ပြောင်းလဲမသွားဘူး” ဟု ဦးမာကီက ဆိုသည်။



ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေသည့်အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၁၉ ကိုလည်း ဆန့်ကျင်နေကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ ပြည်သူများ နစ်နာမှုကြောင့် ဖြစ်လာရသည့် ဒုက္ခများအား တာဝန်ရှိသူများ သိရှိစေရန် ဆန္ဒဖော်ထုတ်ခွင့် တင်ပြရာတွင် လူ့အခွင့်အရေးအား နားမလည်သည့် ရဲတပ်ဖွဲ့ဝင်အချို့ ရဲတပ်ဖွဲ့ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စစ်အာဏာရှင်လက်ကျန် ၀န်ထမ်းများကြောင့် ဖြစ်ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အဆင့်တွင် ခွင့်ပြုချက်တင်နေရခြင်းကြောင့် ပြည်သူများ၏ လွတ်လပ်ခွင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ဦးရောဘတ်စန်းအောင်က ဆက်လက်ပြောကြားသည်။



“ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဥပဒေကိုမသိဘဲ ညွှန်ကြားချက်အရ လုပ်ချိန်မှာ လွဲချော်မှုတွေ ရှိနေပါတယ်။ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သူတွေကို တားဆီးတဲ့အချိန်မှာ ရုန်းရင်းဆန်ခတ် အနေအထားတွေ ထပ်ဖြစ်မလာဖို့လည်း လမ်းညွှန်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားသည်။



ထို့ပြင် ဥပဒေအား ပြန်လည်ပြင်ဆင်ရာတွင် ‘ခွင့်ပြုမိန့်’ ဆိုသည့် စကားရပ်အား ‘ခွင့်ပြုချက်’ စကားလုံးဖြင့် ပြောင်းလဲလိုက်သော်လည်း အခြားသော စာပိုဒ်များတွင် ခွင့်ပြုမိန့်ဆိုသော စကားလုံးသာ ဆက်လက်ပါဝင်နေကြောင်းနှင့် ကွဲလွဲချက်များ ရှိနေဆဲသာဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆက်လက်ပြောပြန်သည်။



“ဒီဥပဒေမှာ စကားလုံး အသုံးအနှုန်း ကွဲလွဲချက်တွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီရဲ့ အားနည်းချက်ကြောင့်ပါ။ ကျွန်တော်တို့ ကော်မတီမှာက လူအင်အားလည်း နည်းပါတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။



ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်မယူသဖြင့် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် မြို့နယ်အလိုက် တရားစွဲဆိုခံရခြင်း၊ ဆန္ဒဖော်ထုတ်သူတိုင်းအား အရေးယူမှုမရှိဘဲ ရဲတပ်ဖွဲ့၏ မျက်မှန်းတန်းမိသူများ၊ အလွတ်ရနေသည့် နာမည်ပိုင်ရှင်များကိုသာ တရားစွဲဆိုခြင်း စသည့်ဖြစ်ရပ်များ ရှိနေကြောင်းနှင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်းကြောင့် အကာအကွယ် မရမှုများ ရှိသည်ဟု ပုဒ်မ ၁၈ ဖြင့် အမှုများစွာဖြင့် တရားစွဲဆိုခံနေရသည့် ကိုဝေဠုက ဆိုသည်။



ထို့ပြင် ပုဒ်မ ၁၈ အား ကိုင်တွယ်အသုံးချသူများဖြစ်သည့် ရဲတပ်ဖွဲ့၊ တရားသူကြီးနှင့် အာဏာပိုင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်များမှာ ယုံကြည်နိုင်လောက်သည့် အနေအထားတွင် ရှိမရှိကိုလည်း ဦးထင်လင်းဦး (Wisdom Vila) က မေးခွန်းထုတ်သည်။



“ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေတွေက ပြည်သူတွေအတွက် ဘယ်လောက်ယုံကြည်ရပြီး ဘယ်လောက်ကာကွယ်နိုင်နေလဲ။ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေတွေနဲ့ တရားရုံးတွေက ယုံကြည်ရတဲ့ အခြေအနေ ဖြစ်နေပြီလား၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကံကြမ္မာကို အပ်ထားရလောက်အောင် ယုံကြည်ရတဲ့ တရားစီရင်မှု ဖြစ်နေပြီလား” ဟု ဦးထင်လင်းဦးက မေးခွန်းထုတ်သည်။



ထို့ပြင် နိုင်ငံတော်အစိုးရတွင် အရေးပေါ်အခြေအနေ ရှိသကဲ့သို့ ဆန္ဒပြ ပြည်သူများတွင်လည်း အရေးပေါ်အခြေအနေ ရှိနေကြောင်းနှင့် ယူနတီဂျာနယ်တွင် လျှို့ဝှက်လက်နက်စက်ရုံဟု ၀န်ခံခြင်းထားခြင်းမရှိသည့် သတင်းအတွက် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသည့် သတင်းသမားများအတွက် ဇူလိုင် ၁၂ ရက်က အရေးပေါ် ဆန္ဒဖော်ထုတ်ခဲ့သည့် သတင်းထောက် ၅၀ ခန့်အား ကမာရွတ်ရဲစခန်းမှ အမှုဖွင့်ခဲ့မှုနှင့် ပတ်သက်၍ ထိုကဲ့သို့ အခြေအနေများအတွက် အချိန်အခါအလျောက် ဆန္ဒဖော်ထုတ်ခွင့် ရှိသင့်ကြောင်း ဦးထင်လင်းဦးက ဆက်လက်မေးခွန်းထုတ်သည်။



“ကင်မရာကို ရှေ့ချပြီး ကိုယ့်ပါးစပ်ကိုယ် ပလာစတာပိတ်ပြီး လမ်းဘေးမှာ ငုတ်တုတ်ထိုင်၊ မတ်တတ်ရပ်တာ ပုဒ်မ ၁၈ ကို ကျူးလွန်တယ်လို့ မဆိုနိုင်ပါဘူး။ ဒီလိုနေလို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တယ်ဆိုရင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထဲက ဘယ်ပုဒ်မနဲ့ငြိသလဲ ပြောပါ” ဟု ဦးရောဘတ်စန်းအောင်က မေးခွန်းထုတ်သည်။



ပြည်တွင်း၌ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများမှာ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်မရယူခြင်း မဟုတ်ဘဲ ဆန္ဒဖော်ထုတ်ခွင့်အား အကြောင်းအမျိုးမျိုးပြ ပယ်ချခံရပြီးနောက် အရေးယူ အမှုဖွင့်ခံရသူများ ဖြစ်နေသည်။ လယ်သမားများအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ရာတွင်လည်း ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရေးယူခဲ့ပြီး အဖမ်းဆီးခံရသူများက ခွင့်ပြုချက်တင်ပြခဲ့ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်းက ဆိုသည်။



ထို့ပြင် ဇူလိုင် ၁၂ ရက်က နိုင်ငံတော်သမ္မတအား ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သည်ဆိုကာ ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသည့် သတင်းသမားများမှာလည်း ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့မှု မရှိကြောင်းနှင့် သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲသို့ ‘မီဒီယာဖိနှိပ်မှုရပ်’ စာတန်းပါ အင်္ကျီများဝတ်ဆင်၍ သတင်းရယူရန်သာ ရည်ရွယ်ခဲ့ကြောင်း ထိုအကျီ ၀တ်ဆင်လာသဖြင့်ဆိုကာ ရဲတပ်ဖွဲ့ကတားဆီး၍ သတင်းရယူခွင့် မပြုသဖြင့်သာ အဆိုပါဖြစ်ရပ်များ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှုဖွင့်ခံ သတင်းထောက်များက ဖြေကြားထားသည်။



“နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တိုင်းတာတဲ့အချိန်မှာ နိုင်ငံတကာစံနှုန်းနဲ့ မတိုင်းဘဲ နိုင်ငံသားတွေကို ဖိနှိပ်မယ့် ဥပဒေကျမှ နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာနေတယ်။ ဒီဥပဒေက ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်အစား ရဲတပ်ဖွဲ့ဝင်တွေနဲ့ အာဏာရှိသူတွေကို အကာအကွယ်ပေးတဲ့ဥပဒေ ဖြစ်နေတယ်” ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရဖူးသူ ကိုစည်သူက ဆိုသည်။





လယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များအား အများဆုံးဖမ်းဆီးရန် ဖြစ်လာသည့် �

news-eleven.com

လယ်သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များအား အများဆုံးဖမ်းဆီးရန် ဖြစ်လာသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းသင့်ကြောင်း ဝေဖန်နေချိန်တွင် ငြိမ်းစုစီဥပဒေ၌ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များတွင်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ ၀န်ခံ

from Eleven Media Group's Facebook Wall http://ift.tt/1lKZWg3

Comments

Popular posts from this blog

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3