Six Packရဖို့ကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ကြိုးစားတဲ့နည်းစနစ်မှားနေရင်တော့ တစ်လလည်းထွက်လာ မှာမဟုတ်သလို ၂လလည်း မထွက်လာပါဘူး။ အခုဖော်ပြပေးမယ့် Youtube Video လေးကတော့ Six Pack ကို တစ်ပတ်အတွင်းထွက်အောင် နည်းမှတ်လမ်းမှန်နဲ့လေ့ကျင့်နည်းလေးဖြစ်ပါတယ်။ Youtube ပေါ်မှာ လူ၈သန်းလောက်ကြည့်ရှုခဲ့တဲ့ ဗီဒီယိုလေးဖြစ်ပြီး ကျေးဇူးတင်သူအများအပြားရခဲ့တဲ့ဗီဒီယိုလေး ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ရိုး၇ှင်းပြီး ထိရောက်တာကိုတွေ့ရပါတယ်။ Source: youtube The post တစ်ပတ်အတွင်းSix Packထွက်စေမယ့် လေ့ကျင့်ခန်း appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1VPFbGv via IFTTT
သတင်း ပြည်တွင်း စစ်တွေ၊ဧပြီ ၂၆ ။ ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့နယ်တွင် လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး၊ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်းတောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့မှ ဦးညွှန့်အောင်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။ “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။"၎င်းကဆိုသည်။ ရခိုင်အမျိုးသားပါတီ အစိုးရဖွဲ့စည်းရေးနှင့် ၁/၂၀၁၆ ကြေညာချက်ကို ထောက်ခံဆန္ဒဖော်ထုတ်မှုများအဖြစ် စစ်တွေ၊ မင်းပြား၊ြေ